အဆိုတော်တေလာဆွစ် ဆိုးနေကြ အရောင်မျိုး ဖြစ်ပါတယ်။
 

မိန်းကလေးတိုင်း ဆောင်ထားသင့်တဲ့ နှုတ်ခမ်းနီအရောင်တွေထဲမှာ အနီရင့်ရင့်အရောင်လည်း ပါပါတယ်။ လူကို ထင်းခနဲ ပေါ်လွင်စေပြီး ဆွဲဆောင်အားလည်း ကောင်းစေတယ်လေ။ အသက် ၂၃ နှစ် ကျော်ပြီဆိုရင်တော့ အနီရင့်ရင့် နှုတ်ခမ်းနီလေးတစ်ချောင်းလောက် ဆောင်ထားဖို့ လိုပါပြီ။ မိန်းမ ပီပီသသနဲ့ ရဲဝံ့တဲ့အလှကို ထုတ်ပြဖို့ဆို အနီရင့်ရင့်နှုတ်ခမ်းတစ်စုံကို အရောင်ထွက်လှအောင် ဆိုးလိုက်ပါ။



 

နှုတ်ခမ်းကို ကွန်ဆီလာ (concealer) လိမ်းပေးလိုက်ပါ။ ဒါက အရောင်ထွက်မှန်စေတယ်လေ။ ကိုယ့်နှုတ်ခမ်းသားကြောင့် အရောင်ထွက်မမှန်တာ မဖြစ်တော့ဘူး။ လက်ချောင်းထိပ်လေးနဲ့ ပြန့်သွားအောင် လုပ်ပေးရပါမယ်။ အရောင်မပါတဲ့လိုင်နာနဲ့ နှုတ်ခမ်းကို ဘောင်ကွပ်ထားလိုက်ပါ။

နှုတ်ခမ်းနီဆိုးတိုင်း သွားမှာ ပေတတ်တဲ့လူလား? ဒါဆိုရင် အပေါ်ရှေ့သွားလေးနှစ်ချောင်းကို vaseline သုတ်ပေးထားလိုက်။ Vaseline က ပါးစပ်ထဲဝင်လည်း အန္တရာယ်မရှိဘူး။ နှုတ်ခမ်းနီပေလည်း ဖျက်လို့လွယ်တယ်။ နှုတ်ခမ်းနီဆိုးဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကြက်သွေးရောင်သမ်းနဲ့ အနီရင့်ရင့် နှုတ်ခမ်းနီကို စိတ်ကြိုက်ပုံဖော်ဆိုးလိုက်ပါ။ အပေါ်နှုတ်ခမ်း အလယ်မှာ Lip balm ကို နည်းနည်းလောက် သုတ်ထားမယ်ဆို နှုတ်ခမ်းက ပိုရွန်းစိုသွားပါတယ်။ အောက်နှုတ်ခမ်းကို မလိမ်းပါနဲ့။ လိုအပ်တဲ့ မိတ်ကပ်၊ ပါးနီ၊ မျက်ခုံး၊ မျက်လုံးတို့ကို ခြယ်သပြီးတဲ့နောက်မှာတော့ ရဲရင့်ပြီး ညှို့ငင်အားကောင်းတဲ့ ဆွဲဆောင်မှုက ပေါ်ထွက်လာပါလိမ့်မယ်။

Source : Health


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က