အဝါရောင်လွင်လွင်လေးတွေက မြူးကြွသွက်လက်တဲ့အသွင် ပေါ်ပေါက်စေပါတယ်။

ရာသီဥတုကလည်း ပူလိုက်တာ...။ နွေကာလကို နောက်ထပ် ၂ လလောက်တော့ ဖြတ်သန်းရပါဦးမယ်။ အဝတ်အစားတွေဆိုလည်း ဘာဝတ်ရမှန်းမသိဘူး။ ပွပွချောင်ချောင် ချည်ထည်လေးတွေဝတ်မှ နေလို့ထိုင်လို့ရတယ်။ အရောင်အဖျော့တွေချည်း ရွေးဝတ်ရတော့ မလှပြန်ဘူး။ ဘာအရောင်တွေ ဝတ်မှ နွေရာသီမှာ ဖက်ရှင်ကျကျ လှနိုင်ပါ့မလဲ ?

 

၁။ ဂျင်းပြာရောင် (Denim Blue)

အပြာရင့်ရင့် မှိုင်းမှိုင်း အရောင်မျိုးဖြစ်ပါတယ်။ တည်ငြိမ်တယ်၊ မျက်စိထဲမှာ အေးတယ်။ ဒီလိုအပြာရောင်မျိုးဟာ ၂၀၁၇ နွေရာသီမှာ ရေပန်းအစားဆုံး ဖြစ်လိမ့်မယ်လို့ ဖက်ရှင်ကျွမ်းကျင်သူတွေက ဆိုပါတယ်။

 

၂။ လန်းဆန်းတဲ့အဝါ (Primrose Yellow)

နွေရာသီရောက်တိုင်း အတွေ့များဆုံး အရောင်ထဲမှာ အဝါရောင်လည်း ပါဝင်တာပေါ့။ အဝါရောင်လွင်လွင်လေးတွေက မြူးကြွသွက်လက်တဲ့အသွင် ပေါ်ပေါက်စေပါတယ်။

 

၃။ အနီခံလိမ္မော်ရောင် (Flame Red-based Orange)

အနီရောင်က ဆွဲဆောင်မှုပြင်းတဲ့ အရောင် ဖြစ်ပါတယ်။ အနီကိုမှ အနုအရင့် အမျိုးမျိုးရှိတဲ့အနက် လိမ္မော်ခံအနီရောင်မျိုးဟာ နွေရာသီနဲ့ လိုက်ဖက်တယ်လို့ ခံစားမိပါတယ်။ ချစ်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ အခြားသော ခံစားချက်တွေ ထက်သန်စွာဖြစ်တည်ခြင်းရဲ့ အရောင်ပါ။ ညနေဘက် ပွဲတက်ဝတ်စုံကို ရွေးမယ်ဆို လိမ္မော်ခံအနီက အကောင်းဆုံးပါပဲ။

 

၄။ ကြည်ပြာရောင် (Aqua Blue)

ပြာလွင်တဲ့အရောင်က ပင်လယ်ကြီးကို မြင်လိုက်ရသလို လန်းဆန်းသွားစေပါလိမ့်မယ်။ အပူပိုင်းဒေသတွေအတွက် အလိုက်ဖက်ဆုံး အရောင်ဆိုလည်း မမှားပါဘူး။

 

၅။ အစိမ်း (Green)

သစ်ပင်တွေ၊ တောတောင်တွေ၊ စမ်းချောင်းတွေ စတဲ့ အေးချမ်းတဲ့အရာ မှန်သမျှကို ကိုယ်စားပြုတာ အစိမ်းရောင်ပါ။ အစိမ်းနု၊ အစိမ်းရင့်၊ ရေညှိစိမ်း စတဲ့ အရောင်အနုအရင့် အမျိုးမျိုးကလည်း သင့်စိတ်ကို အေးမြအောင် ကူညီနိုင်ပါတယ်။

 

၆။ အဖြူ (White)

အဖြူရောင်က အလင်းပြန်နိုင်တာမို့ နေပူထဲထွက်ရင် အပူဒဏ်သက်သာစေတဲ့အရာင် ဖြစ်ပါတယ်။ သတိထားရမှာက ချွေးအရမ်းထွက်တဲ့လူတွေပါ။ ချွေးထွက်လို့ ချိုင်းမှာကွက်နေတာမျိုးဆို ဂွမ်းပြီလေ။ ဒါပေမဲ့ နွေရာသီအတွက် အကောင်းဆုံးအရောင်မို့လို့ အဖြူကိုလည်း ဝတ်သင့်ပါတယ်။

 

၇။ အညို (Cognac Brown)

တည်တည်ငြိမ်ငြိမ်အရောင်ကို ရွေးချင်ရင်တော့ အညိုရောင်သမ်းတာတွေကို ဝတ်ဖို့ အကြံပေးချင်ပါတယ်။ အညိုကိုမှ အရောင်မျိုးမျိုးရှိတာမို့ ကိုယ့်အသားရောင်ပေါ်လိုက်ပြီး ရွေးဖို့ လိုပါတယ်။ အသားဖြူရင် အညိုရောင်ကိုရွေးပြီး အသားလတ်နဲ့ အသားညိုရင်တော့ အညိုစစ်စစ်မဟုတ်ဘဲ စပျစ်ရောင်နဲ့ရောထားတဲ့ အရောင်ကို ရွေးချယ်ပါလို့ အကြံပေးပါရစေ။

Source : Fashionisers

Share

Loading Next Article...
က္က