ငယ်ငယ်က လူကြီးတွေနဲ့ အဝတ်အစားသွားဝယ်ရင် အတင်းပဲ သင့်ကို စမ်းဝတ်ကြည့်ဖို့ ပြောတာမျိုးကို မှတ်မိမယ်ထင်ပါတယ်။
 

ပိုက်ဆံရှိပြီး ဝယ်လို့ကောင်းတာနဲ့ ရှိသမျှ ဝယ်လိုက်လို့ မဖြစ်ပါဘူး။ ဘာတွေလိုအပ်နေပြီး ဘာတွေ ဦးစားပေးရမယ်ဆိုတာ သိရမှာဖြစ်ပါတယ်။ ဒီလိုသိပြီး လက်တွေ့ဝယ်တဲ့အခါမှာတောင် မလိုအပ်တာကို ဝယ်မိတာမျိုးတွေဖြစ်တတ်ပါတယ်။ ဈေးကောင်းကောင်းဝယ်တတ်တဲ့အကျင့်ရဖို့ သင်သိသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

၁ - ပေါချောင်ကောင်း

အကျႌတစ်ထည်က ၅၀ ရာခိုင်နှုန်းဈေးလျှော့တာကြောင့် ပေါချောင်ကောင်းဖြစ်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် သင့်ကိုယ်သင်မေးပါ။ ဒါကို ဘယ်နှစ်ကြိမ်ဝတ်မှာလဲ။ တစ်နှစ်မှာ တစ်ခါတောင် သင်ဝတ်ပါ့မလား။ ဝတ်တော့ဝတ်မယ် မသေချာဘူးဆိုတဲ့ အဖြေမျိုး ထွက်နေတယ်ဆိုရင်တော့ လုံးဝမဝယ်ပါနဲ့။ ရှာထားရတဲ့ ပိုက်ဆံကို သင်တကယ်မလိုအပ်ဘဲ ဘယ်လိုအကြောင်းကြောင့်မှ မသုံးသင့်ပါဘူး။ မလိုတဲ့နေရာမှာ သုံးတဲ့အတွက် တကယ်လိုတဲ့အရာတွေ သင့်ဆီမှာ ရှိမလာတော့ပါဘူး။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး- စကားပြော ကြည်လင်ပြတ်သားသူ ဖြစ်စေဖို့ ဘယ်လိုလေ့ကျင့်မလဲ)

 

၂ - ခေတ်စားနေတာ

လက်ရှိခေတ်စားနေတဲ့ စတိုင်မျိုးဟာ အသစ်အဆန်းဖြစ်တာကြောင့် သဘောတွေ့မိတာတော့ အမှန်ပါပဲ။  ဒါပေမယ့် သင့်အဝတ်ဗီရိုကြီးတစ်ခုလုံးက လက်ရှိခေတ်စားနေတာတွေနဲ့ပဲ ပြည့်နေလို့မရပါဘူး။ ဒီလိုပြည့်နေပြီဆိုရင်တော့ သင်ဟာ အဝတ်အစားဝယ်ယူမှုနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်သေးသူပါ။ ဈေးဝယ်မှုနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှု မလုပ်နိုင်သေးသူ ဖြစ်ပါတယ်။

၃ - စမ်းမဝတ်ကြည့်ဘူး

ငယ်ငယ်က လူကြီးတွေနဲ့ အဝတ်အစားသွားဝယ်ရင် သင့်ကိုစမ်းဝတ်ကြည့်ဖို့ အတင်းပဲပြောတာမျိုးကို မှတ်မိမယ်ထင်ပါတယ်။ အရွယ်အစားလည်းကွက်တိ၊ အရောင်နဲ့ ဒီဇိုင်းကလည်း ပြောစရမလိုအောင် ကြိုက်တယ်ဆိုပေမယ့်လည်း စမ်းဝတ်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အဝတ်အစားမှမဟုတ်ဘဲ ဘယ်ပစ္စည်းမဆို စမ်းပြီးဝယ်လို့ရမယ်ဆို စမ်းရမှာပဲ ဖြစ်ပါတယ်။ ဒီ့အတွက်လည်း အချိန်ယူဖို့၊ အလုပ်ပို အရှုပ်ခံဖို့ ဝန်မလေးသင့်ပါဘူး။

 

၄ - ကြိုက်တယ်ဆိုရုံနဲ့ မရဘူး

ကြိုက်တယ်ဆိုရုံလောက်နဲ့ မဝယ်ပါနဲ့။ တကယ်ကို လိုချင်နှစ်သက်မှဝယ်ပါ။ ခဏခဏ အသုံးဝင်တယ်ဆိုတာ သေချာဖို့လည်း လိုပါတယ်။ သင့်ဘေးနားကို ပြန်ကြည့်ပါ။  သင်တကယ်မသုံးတာတွေ များနေတယ်ဆိုရင်တော့ သင်က သုံးတာမဟုတ်ဘဲ ဖြုန်းတာတွေများနေပါပြီ။

၅ - အနာဂတ်အတွက် မဝယ်နဲ့

 ဘယ်အချိန်ကျရင် ဝယ်မယ်ဆိုပြီး အနာဂတ်အတွက် အဝတ်အစား ကြိုဝယ်တာမျိုးလုပ်ဖူးလား။ ဒီလိုဝယ်ယူူမှုမျိုး နောက်တစ်ကြိမ် ဘယ်တော့မှ မလုပ်ပါနဲ့။ ပွဲအတွက် ဝတ်မယ်ဆိုပေမယ့် အဆိုပါ အဝတ်ကို မဝတ်ဖြစ်တာ၊ အဆိုပါပွဲ မဖြစ်တော့တာ၊ အဆိုပါပွဲကို မတက်ဖြစ်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိလိုအပ်နေတာကိုသာ ဦးစားပေးသင့်တာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -အလုပ်ထဲမှာ အွန်လိုင်းသုံးရင်း အချိန်ဆွဲတတ်သူ ဖြစ်မသွားစေဖို့)

Photos & Source: Candy

Share

Loading Next Article...
က္က