အလှအပဆိုတာ နည်းလမ်းတွေသိနေဖို့ပ လိုတာပါ။ လှချင်သူလေးတွေအတွက် ပိုလှသွားစေမယ့် လျှို့ဝှက်ချက်တော့ ပြောပြမယ်လေ။

comp-289737-wakeuptiredeyes-hilmar_hilmar.jpg 

၁။ နွမ်းနယ်နေတဲ့မျက်လုံးတွေ

အိပ်ရေးမဝလို့ သွေးအားနည်းလို့ မျက်ကွင်းတွေညိုနေရင် ဆွဲဆောင်မှုမရှိတော့ဘူး။ ဒီလိုဆိုရင် မျက်တောင်ကော့ဆေးကို ၂ ထပ်လောက်ဆိုးပါ။ တစ်ထပ်ခြောက်ပြီးမှ နောက်တစ်ထပ်ကို ဆိုးပေးရပါမယ်။

comp-289735-biggereyes-hilmar_hilmar.jpg 

၂။ ပိုမိုဝိုင်းစက်တဲ့မျက်လုံးအတွက်

အပေါ်မျက်ခွံမှာ အနက်ရောင် အိုင်းလိုင်နာကိုတင်ပါ။ အောက်က မျက်ခမ်းအစပ်လိုင်းကိုတော့ အပေါ်ထက်ဖျော့တဲ့အရောင်ကို ဆိုးပေးရပါမယ်။ အပေါ်၊အောက် လိုင်နာမျဉ်းနှစ်ခုဟာ မျက်လုံးထောင့်မှာ ထိနေပါစေ။ နောက်တစ်ချက်က အိုင်းရှဲဒိုးအပြာရောင်ဟာ မျက်လုံးကို ပိုကျယ်သလိုမြင်ရစေပါတယ်။

 

၃။ ဖူးငုံတဲ့နှုတ်ခမ်းလေး

ဒီခေတ်က နှုတ်ခမ်းပါးပါးလေးတွေခေတ် မဟုတ်တော့ပြန်ဘူး။ ထူထူဖောင်းဖောင်းနဲ့ နှုတ်ခမ်းလေးတွေ တစ်ကျော့ပြန်ရေပန်းစားလာပြီ။ နှုတ်ခမ်းဖူးဖူးလေးတွေက ချစ်စရာကောင်းပါတယ်။ အဲ့လိုဖြစ်ချင်ရင် ကိုယ့်ရဲ့နှုတ်ခမ်းရောင်ထက် နည်းနည်းလေးပိုရင့်တဲ့ ခရင်မ်အမျိုးအစားနှုတ်ခမ်းနီမျိုးကို ရွေးသင့်ပါတယ်။ NYX ရဲ့ SMLC နှုတ်ခမ်းနီလိုမျိုးပေါ့။ ပြီးရင် အပေါ်အောက် နှှုတ်ခမ်းရဲ့အလယ်နေရာကို တောက်ပတဲ့ gloss လေး နည်းနည်းတို့လိုက်ပါ။

Source : Beauty Tips

Share

Loading Next Article...
က္က