မျက်ကွင်းညိုနေရင်လည်း ကွန်ဆီလာကို သုံးပေးရပါမယ်။
 

မိတ်ကပ်ဘယ်လောက်လူးလူး ဖုံးအုပ်မထားနိုင်တဲ့ အမာရွတ်တွေက မျက်နှာရဲ့အလှအပကို ဖျက်ဆီးနေတာပါပဲ။ ဒါကြောင့်မို့လို့ ကွန်ဆီလာ (concealer) လို့ ခေါ်တဲ့ အနာအဆာဖုံးမိတ်ကပ်ကို သုံးရပါတယ်။ သေသေချာချာ သုံးတတ်ဖို့တော့ လိုတာပေါ့။

 

ကွန်ဆီလာကို ဝယ်မယ်ဆို အရေးကြီးဆုံးအချက်က ကိုယ့်အသားအရေနဲ့ တစ်သားတည်းဖြစ်နေဖို့ လိုပါတယ်။ ဒါမှသာ အသားအရောင်က ညီသွားပြီး အနာအဆာတွေကို ဖုံးနိုင်မှာပါ။

ပထမဆုံးအနေနဲ့ မျက်နှာပေါ်ကို အောက်ခံမိတ်ကပ် (foundation) လိမ်းရပါမယ်။ မျက်နှာတစ်ပြင်လုံး ညီညာအောင်လိမ်းပါ။ ကိုယ့်အသားအရောင်နဲ့ တစ်သားတည်းဖြစ်တဲ့ ကွန်ဆီလာကို သုံးရပါမယ်။ အမာရွတ်/အနာအဆာရှိတဲ့နေရာကို ကွန်ဆီလာတို့လိုက်ပါ။ အပေါ်ဘက်ကိုပင့်ပြီး အောက်ကိုပြန်ပွတ်ကာ လိမ်းပေးရတာဖြစ်ပါတယ်။ ပြီးတော့မှ ဘေးဘက်တွေကို ပျံ့နှံ့သွားအောင်လိမ်းပေးပါ။ ဒီလိုဆိုရင် ပိုပြီး ထိထိရောက်ရောက်ရှိတာကို တွေ့ရပါလိမ့်မယ်။

Source : Health

Share

Loading Next Article...
က္က