ချိုင်းကြားတွေ ညိုမဲနေခြင်းဟာ စိတ်ညစ်စရာကောင်းပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင် အဓိကကျဆုံးကတော့ ချိုင်းမွေးထွက်ခြင်းနဲ့ ချွေးထွက်ခြင်းတို့ကြောင့်ပါပဲ။ ချိုင်းကို သန့်ရှင်းအောင် ထားပေးဖို့လည်း လိုပါတယ်။

 

ညိုမည်းနေတဲ့ ချိုင်းကြားအသားအရေကို ဖြူဖွေးလာအောင် ဆိုင်မှာသွားလုပ်ရင် ပိုက်ဆံအများကြီးကုန်ပါတယ်။ အဓိက လုပ်ပေးတာက ကြေးချွတ်ပေါင်းတင်မှာပါပဲ။ ဒါကို အိမ်မှာကိုယ်တိုင်လုပ်လည်း ရပါတယ်။ ငွေမကုန်တော့ဘူးပေါ့။ ညက်အောင်ကြိတ်ထားတဲ့သကြားမှုန့် - လက်ဖက်စားဇွန်း ၂ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ - လက်ဖက်စားဇွန်း ၁ ဇွန်း၊ ဂလစ်ဆရင်းဆီ -  လက်ဖက်စားဇွန်းဝက်၊လိမ္မော်သီး - ၅ စက်လောက်အရည်ညှစ်၊ အုန်းဆီ - လက်ဖက်စားဇွန်း ၁ဇွန်း၊ သံပရာသီးတစ်ခြမ်း - အရည်ညှစ်ထားပါ။ နွားနို့ကိုတော့ လက်ဖက်စားဇွန်းတစ်ဝက်စာလောက် လိုပါတယ်။

 

အားလုံးကို ခွက်တစ်လုံးထဲထည့်ပြီး သမအောင်မွှေပြီးတဲ့အခါ ညိုမည်းနေတဲ့ချိုင်းကြားကို သုတ်ပေးရပါမယ်။ မိနစ် ၂၀ အကြာမှာတော့ ပြန်ဆေးလိုက်လို့ရပါပြီ။ ကိုယ့်ရဲ့ချိုင်းကြားအသားအရောင်ပေါ် မူတည်ပြီး တစ်ပတ်ကို ၁ ကြိမ်မှ ၃ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ သံပရာသီးတို့က ညိုမည်းနေတဲ့ချိုင်းကို ကြေးချွတ်သလို ပြောင်လက်သွားစေမှာပါ။ နွားနို့၊ အုန်းဆီ၊ ဂလစ်ဆရင်းတို့က အသားအရေကို စိုပြေစေတာမို့ ပေါင်းတင်ပေးသလို ဖြစ်သွားတယ်လေ။

Source : Simple Beauty Secrets

Share

Loading Next Article...
က္က