လှတာလား၊ ကြောက်စရာကောင်းတာလားတော့ မပြောတတ်ပါဘူး...
 

ဖက်ရှင်တွေလည်း တစ်နေ့တစ်မျိုး မရိုးရဘူး။ အသစ်အသစ်တွေ ထွက်နေလိုက်တာ။ မိတ်ကပ်အပြင်အဆင်ဆိုလည်း ဆန်းသထက်ဆန်းအောင် ပြင်ဆင်နေကြတယ်လေ။ ခုလည်း ငှက်မွေးပုံစံနဲ့ မျက်ခုံးပုံဖော်တာတွေ ခေတ်စားလာပြန်ပါတယ်။

[No available link text] 

မျက်ခုံးမွေးဆိုတာမျိုးက သိပ်အများကြီး ပြင်လို့မရတဲ့အထဲမှာ ပါပါတယ်။ စင်ရော်တောင်လိုပုံစံ၊ ခုံးမျက်စ သုံးရက်လလေးကို ခပ်ကိုင်းကိုင်းပုံစံနဲ့ ကိုရီးယားမလေးတွေလို ထူထူတန်းတန်းလေးတွေ စသဖြင့် ပုံဖော်ထားကြတာလေ။ ခုတော့ ငှက်မွေးလိုမျိုး မျက်ခုံးမွေးကို အလယ်ကနေ ထက်ခြမ်းဖြီးသင်ထားပုံက မျက်စိထဲ ဆန်းပြားနေပြန်ပါတယ်။

 

ဒီမျက်ခုံးဒီဇိုင်းကို စခဲ့တာက မိတ်ကပ်ပညာရှင် Stella Sironen ဖြစ်ပါတယ်။ သူမရဲ့အဆန်းထွင်မှုကို အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ရာက လိုက်လံပြုလုပ်သူ များပြားလာခဲ့တာပါ။ မျက်ခုံးအလယ်ကနေ ဆံပင်ခွဲကြောင်းလိုဖြစ်အောင် ကော်အနည်းငယ်ကို သုံးခဲ့ပြီး နှစ်ခြမ်းခွဲထားပုံက ငှက်မွေးတောင်ပုံစံ ဖြစ်နေပါတယ်။ စတယ်လာရဲ့ငှက်မွေးပုံစံကိုမှ ပြောင်ပြောင်လက်လက်တွေ ထပ်မံဖြည့်စွက်ကာ ဖန်တီးကြတာတွေလည်း အင်စတာဂရမ်ပေါ်မှာ တွေ့ရပါတယ်။

Source : Instagram

Share

Loading Next Article...
က္က