ဂါဝန်... ဂါဝန်။ ပြီးတော့ စကပ်ကားကားလေးတွေကိုလည်း မေ့ထားလို့မရဘူး။ အထူးသဖြင့် ခုလိုနွေရာသီမှာပေါ့
 

၁။ နေ့ဘက်ပွဲတက်ရုံသာမက ညဘက်ပွဲတက်လို့လည်း သင့်လျော်မယ့် ဝတ်စုံလည်း ရှိထားသင့်ပါတယ်။ တစ်ခါတစ်လေ မနက်ကနေ ညအထိ သွားစရာပွဲတွေဆက်နေပြီး အဝတ်အစားလဲဖို့ အချိန်မရှိတဲ့အခါ အသုံးဝင်တာပေါ့။ လက်ပြတ်မဟုတ်ဘဲ လက်ပါတဲ့ဒီဇိုင်းလေးတွေက ပိုသင့်တော်ပါတယ်။ နေ့ရောညပါ ဝတ်မှာမို့ ဆက်စီကျတဲ့ အဟိုက်အပြတ်တွေ မဖြစ်သင့်ပါဘူး။

 

၂။ အလုပ်သွားတဲ့အခါ ဝတ်ဆင်တဲ့ ပုံစံမျိုးပေါ့။ လုံလုံခြုံခြုံနဲ့ စမတ်ကျကျအသွင် ဖြစ်ပေါ်လာစေပါတယ်။ လက်ပြတ်/လက်တို/လက်ရှည် နှစ်သက်သလို ရွေးနိုင်ပြီး အရှည်ကတော့ ဒူးအတိဆိုရင် အကောင်းဆုံးဖြစ်ပါတယ်။ အနက်ရောင် သို့မဟုတ် နက်ပြာရောင်တွေက သင့်ကို ခွန်အားတွေပေးပါလိမ့်မယ်။

 

၃။ ဆက်စီကျတဲ့ ညပွဲတက်ဝတ်စုံဟာ ခန္ဓာကိုယ်နဲ့ တသားတည်းဖြစ်နေဖို့ လိုပါတယ်။ လက်ပြတ်ကတော့ ကိုယ့်ရဲ့လက်မောင်းသားလှလှလေးတွေကိုလည်း ဆွဲဆောင်မှုရှိရှိ လှစ်ဟပြလို့ရတာပေါ့။ တစ်ခုတော့ သတိထားပါ။ ညပွဲတက်ဝတ်စုံဟာ အတို (သို့မဟုတ်) အရှည်ပဲ ဖြစ်သင့်ပါတယ်။ ခြေသလုံးတစ်ဝက်လောက် အရှည်က နေ့ဘက်အလုပ်တက်တဲ့အချိန်သာ လိုက်ဖက်တာပါ။

 

၄။ ဂါဝန်... ဂါဝန်။ ပြီးတော့ စကပ်ကားကားလေးတွေကိုလည်း မေ့ထားလို့မရဘူး။ အထူးသဖြင့် ခုလိုနွေရာသီမှာပေါ့။ ချည်သားနဲ့ပြုလုပ်ထားတဲ့ ဂါဝန်လေးတွေက ဝတ်ရတာလည်း သက်တောင့်သက်သာရှိပြီး ငယ်ရွယ်တက်ကြွတဲ့ပုံစံလေး ဖြစ်နေစေပါတယ်။ ထသွားထလာ ဖက်ရှင်ဆိုရင်တော့ အသားအေးအေး ဂါဝန်လေးတွေကိုသာ ရွေးချယ်သင့်ပါတယ်။

 

၅။ ရိုးရာဝတ်စုံကလည်း မရှိမဖြစ် ရှိသင့်ပါတယ်။ မြန်မာဝတ်စုံရယ်လို့တော့ မဆိုလိုပါဘူး။ ကိုယ့်ရဲ့တိုင်းရင်းသားဝတ်စုံတစ်မျိုးမျိုးပေါ့။ ဒါကိုပဲ ရိုးရာအတိုင်းကြီး မဝတ်ဘဲ ဒီဇိုင်းထွင်ပြီး ဝတ်တာမျိုးလေးတွေက ဝတ်လို့လည်း သက်တောင့်သက်သာဖြစ်မယ်၊ ဖက်ရှင်လည်းကျတယ်လေ။

Photos : Bazaar, Aye Chan Moe Facebook

Share

Loading Next Article...
က္က