ဆံပင်အရောင်က မွဲခြောက်ခြောက် ဖြစ်လာပါလိမ့်မယ်။
 

ခေါင်းကို တစ်ပတ်မှာ ဘယ်နှစ်ကြိမ်လျှော်ရမယ်ဆိုတာကို အလှအပရေးရာ ပညာရှင်တွေက အမျိုးမျိုး အကြံပေးကြပါတယ်။ ခေါင်းမလျှော်ဘဲနဲ့ ဦးရေပြားအဆီတွေကိုပဲ စုပ်ယူလိုက်တာမျိုးဟာ ဆံပင်ပျက်စီးမှုကို လျော့ပါးစေမယ်လို့လည်း ပြောကြပါသေးတယ်။ ခေါင်းကတော့ မဖြစ်မနေ လျှော်ပေးဖို့ လိုတယ်မဟုတ်လား။ ကိုယ့်ရဲ့ဆံပင်အနေအထား နေထိုင်ရာ ပတ်ဝန်းကျင်ရဲ့ ဆံပင်အပေါ် သက်ရောက်မှု (ဖုန်၊ အညစ်အကြေး) တွေပေါ် မူတည်ပြီး ခေါင်းကို သန့်ရှင်းအောင် လျှော်ပေးနေရပါမယ်။ တကယ်လို့ ခေါင်းလျှော်သင့်ပါလျက်နဲ့ မလျှော်ဘူးဆိုရင်တော့ ဒါတွေ ဖြစ်လာမှာပါ။

၁။ ဖုန်၊ အဆီနဲ့ အညစ်အကြေးတွေက ဦးရေပြားမှာ အလွှာကြီးတစ်ခုလို ကပ်တင်နေပါလိမ့်မယ်။ ဆံပင်အရင်းက မွေးညှင်းပေါက်လေးတွေကို ပိတ်ဆို့မှု ဖြစ်စေပြီး ဆံပင်တွေလည်း မကောင်းတော့ဘူး။

 

၂။ ဦးရေပြားကထွက်တဲ့ အဆီတွေက ခေါင်းမှာကပ်နေချိန် ခေါင်းကိုမလျှော်ဘဲထားတဲ့အခါ ဖုန်တွေပိုမိုကပ်ငြိလာပါတယ်။ ဗောက်ထတယ်လို့ ထင်မိကောင်း ထင်မိလိမ့်မယ်။ တကယ်တော့ ဆီနဲ့ကပ်နေတဲ့ ဖုန်တွေသာ ဖြစ်ပါတယ်။

၃။ အဆိုးဆုံးကတော့ အနံ့ဆိုးတွေထွက်နေတာပဲ။ ပုံမှန် မလျှော်တဲ့ ခေါင်းကနေ အနံ့ဆိုးတွေထွက်နေတဲ့အခါ လူကြားထဲ သွားလာလို့ အဆင်မပြေပါဘူး။

၄။ ပထမဆုံးအချက်မှာ ပြောထားသလို ဆံပင်မွေးညှင်းပေါက်လေးတွေမှာ ပိတ်ဆို့မှုတွေ ဖြစ်လာပြီး ဆံပင်တွေကျွတ်လာပါတယ်။ ဒါကြောင့်မို့လို့ မွေးညှင်းပေါက်လေးတွေ မပိတ်ဆို့ရအောင်နဲ့ ဦးရေပြားသွေးလည်ပတ်မှု အားကောင်းအောင် ခေါင်းမလျှော်မီ ဦးရေပြားကို နှိပ်နယ်ရတာပေါ့။

 

၅။ ဆံပင်တစ်ချောင်းချင်းစီကို သတိထားကြည့်ပါ။ အရင်ကလို မဟုတ်တော့ဘဲ ပါးလျသေးသိမ်သွားတာ တွေ့ရပါလိမ့်မယ်။ အကြောင်းကတော့ ဆံပင်အမြစ်တွေမှာ ကပ်နေတဲ့ အဆီတွေကြောင့်ပါပဲ။

Source : Marie Claire

Share

Loading Next Article...
က္က