နှုတ်ခမ်းနီဆိုးတဲ့အခါ အရောင်ရင့်ရင့်တွေကိုဆိုးရင် နှုတ်ခမ်းက ပိုပါးသလို ဖြစ်သွားရော

မိတ်ကပ်ကို နေ့စဉ်လိမ်းရသူတွေအနေနဲ့ တစ်မိနစ်အတွင်းမှာ ကိုယ့်ကိုပိုလှသွားစေမယ့် လျှို့ဝှက်ချက်လေးတွေကို သိထားဖို့ လိုပါတယ်။ သေသေချာချာ ပြင်ဆင်ခြယ်သဖို့ အချိန်မရတဲ့အခါ ဒီအချက်တွေက ကိုယ့်အတွက် အထောက်အကူကောင်းတွေ ဖြစ်လာပါလိမ့်မယ်။

 

၁။ အစိုဓာတ်ဖြည့်ခရင်မ်

တချို့မျက်နှာလေးတွေက မိတ်ကပ်မလိမ်းထားတာတောင်မှ စိုပြေဝင်းလက်နေတာပဲ။ ဘာကြောင့်လဲဆိုတော့ မျက်နှာကို အစိုဓာတ်လုံလုံလောက်လောက် ဖြည့်ထားပေးလို့ပေါ့။ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ခရင်မ် သို့မဟုတ် balm ကို ပါးနှစ်ဖက်နဲ့ နဖူးကိုလိမ်းပေးပါ။ လိမ်းတဲ့အခါ လက်ဖဝါးနှစ်ဖက်မှာ ပွတ်ပြီးမှ မျက်နှာကို အသာအယာပုတ်ပေးရင် ပိုစိမ့်ဝင်နိုင်ပါတယ်။

 

၂။ အသက်ဝင်တဲ့မျက်လုံးလေး

မျက်လုံးလေးကို ပိုမိုဝိုင်းစက်ပြီး တောက်ပစေဖို့အတွက် အောက်မျက်ခမ်းအတွင်းထောင့်ကို အဖြူရောင်အိုင်းရှဲဒိုး ဆိုးပေးနိုင်ပါတယ်။ အဖြူမဟုတ်လည်း အခြား တောက်ပတဲ့ အိုင်းရှဲဒိုးတစ်မျိုုးမျိုးကို ဆိုးပေးပါ။

 

၃။ ပါးမို့မို့

ပါးလေးက မို့မို့လေးဆိုရင် ပိုပြီးငယ်ရွယ်တဲ့အသွင် ပေါ်လာပါတယ်။ ဒီလိုဖြစ်ချင်ရင် ပါးနီကို သဘာဝအရောင်ကိုသုံးပါ။ မေးရိုးကနေဆံစပ်အထိ ဘရပ်ရှ်နဲ့ပွတ်ပေးရပါမယ်။ ပါးမို့မို့ကိုတော့ ပန်းရောင်လေးနည်းနည်းဆိုးလိုက်ရင် ရပါပြီ။

 

၄။ ဖူးငုံတဲ့နှုတ်ခမ်း

နှုတ်ခမ်းဖူးဖူးလေးတွေက ခုချိန်မှာ အတော်ခေတ်စားပါတယ်။ နှုတ်ခမ်းနီဆိုးတဲ့အခါ အရောင်ရင့်ရင့်တွေကိုဆိုးရင် နှုတ်ခမ်းက ပိုပါးသလို ဖြစ်သွားရော။ နှုတ်ခမ်းသားရောင်နဲ သိပ်မကွာတဲ့ နှုတ်ခမ်းနီကို ဆိုးပေးရင် နှုတ်ခမ်းပိုထူတဲ့အသွင် ဖြစ်စေပါတယ်။ Lip liner ကိုလည်း သုံးပေးဖို့ လိုပါတယ်။

Source : Prevention

Share

Loading Next Article...
က္က