သမားရိုးကျ နှုတ်ခမ်းတွေထက် စကျင်ကျောက်ပြားဒီဇိုင်း နှုတ်ခမ်းတွေ မြင်ရတာလည်း အမြင်ဆန်းတာပါပဲ။
 

မျက်နှာလေးကို မိတ်ကပ်တွေနဲ့ အမျိုးမျိုး ပြင်ဆင်ခြယ်သရတာက ပန်းချီဆွဲနေရသလိုပါပဲ။ တကယ်တော့ မိတ်ကပ်လိမ်းတာက ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုလာစေပြီး သပ်ရပ်ကျော့ရှင်းတဲ့သွင်ပြင်က တစ်ဖက်သားအပေါ်လည်း ကောင်းတဲ့သက်ရောက်မှု ဖြစ်စေပါတယ်။ အလှအပ ပြင်ဆင်ခြယ်သမှုတွေကို ကိုယ်တိုင်လည်းစမ်းသပ်ပြီး လူတွေကိုလည်း မျှဝေကြတဲ့ ဘလော့ဂါတွေအများကြီးရှိပါတယ်။ သူတို့ရဲ့ဖန်တီးမှုတွေကို အများအားဖြင့် အင်စတာာဂရမ်မှာ တွေ့ရပါလိမ့်မယ်။

 

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ခေတ်စားခဲ့တာကတော့ အဆောက်အဦးတွေမှာ အလှဆင်တဲ့ စကျင်ကျောက်ပြားဒီဇိုင်း နှုတ်ခမ်းကိုပုံဖော်မှုတွေ ဖြစ်ပါတယ်။ စကျင်ကျောက်ပြားရဲ့ပုံစံက အဖြူခံပေါ်မှာမှ အနက်ရောင်၊ မီးခိုးရောင် လှိုင်းလေးတွေ ဖြစ်တည်နေတာပါ။ ဒီအတိုင်း လိုက်ပြီး နှုတ်ခမ်းကို ပုံဖော်ဆေးဆိုးနေကြတာတွေ တွေ့ရပါတယ်။

 

အရင်ဆုံး စတင်ခဲ့တာကတော့ Makeup by Dena အမည်နဲ့ အင်စတာဂရမ်အကောင့်က စခဲ့တာပါ။ ရွှေရောင်ဘောင်ကွပ်ထားတဲ့ စကျင်ကျောက်ပုံစံ နှုတ်ခမ်းလေးဟာ အလှအပ စိတ်ဝင်စားသူတွေကို အကြီးအကျယ်ဆွဲဆောင်သွားပါတယ်။ သူမကတော့ နှုတ်ခမ်းသားကို အဖြူခံ အရင်ဆုံးဆိုးပြီးမှ မီးခိုးရောင် အနု၊အရင့် လှိုင်းတွေကို အသေးစိတ်လိုက်ဖြည့်ထားတာပါ။ သမားရိုးကျ နှုတ်ခမ်းတွေထက် စကျင်ကျောက်ပြားဒီဇိုင်း နှုတ်ခမ်းတွေ မြင်ရတာလည်း အမြင်ဆန်းတာပါပဲ။

Source : Borepanda

Share

Loading Next Article...
က္က