နေပူ လေပူနဲ့ ဖုန်တွေကပ်ငြိခံထားရတဲ့ အသားအရေအတွက် အကောင်းဆုံးပေါင်းတင်နည်းဖြစ်ပါတယ်။
 

ဖုန်ထူ နေပူတဲ့ ရာသီဥတုကြောင့် အသားအရေဟာ ရှိသင့်တဲ့နုပျိုကို မရရှိတော့ပါဘူး။ မျက်နှာက ခြောက်သွေ့ကြမ်းတမ်းမယ်၊ အဆီပြန်မယ်၊ ညိုမည်းနေမယ်ဆိုရင်တော့ ပြန်လည်ထိန်းသိမ်းပေးဖို့ လိုနေပါပြီ။ ကိုယ့်ရဲ့မျက်နှာလေးကို နုပျိုလန်းဆန်းနေအောင် သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီနည်းအတိုင်း လုပ်ကြည့်ပါ။

လိုအပ်တဲ့ပစ္စည်း - အရည်ညှစ်ထားတဲ့လိမ္မော် လက်ဖက်စားဇွန်း ၁ ဇွန်း၊ ဒိန်ချဉ် လက်ဖက်စားဇွန်း ၁ ဇွန်း၊ စန္ဒကူးမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း၊ Essential Oil ၃ စက်

 

ပြုလုပ်ပုံ - ပထမဆုံးအနေနဲ့ အဓိကကျဆုံးအရာသုံးမျိုးဖြစ်တဲ့ လိမ္မော်ရည်၊ ဒိန်ချဉ်နဲ့ စန္ဒကူးမှုန့်တို့ကို ခွက်တစ်လုံးထဲမှာ ရောစပ်လိုက်ပါ။ သုံးမျိုးလုံး သမသွားပြီဆိုတော့မှ Essential Oil ကို ထပ်ထည့်မွှေရပါမယ်။ လိမ္မော်ရည်က လန်းဆန်းတဲ့ရနံ့ဆိုတော့ essential oil ကိုလည်း လန်းဆန်းတဲ့ရနံ့ကိုရွေးတာ ကောင်းပါတယ်။ မျက်နှာပေါ်မှာ သုတ်လိမ်းပြီးရင် ခြောက်သွေ့သွားတဲ့အထိ ထားလိုက်ပါ။ တစ်ရေးတစ်မောအိပ်လို့တောင် ရပါသေးတယ်။ ခြောက်သွားတော့မှ ရေနဲ့ပြန်ဆေးလိုက်ရမှာဖြစ်ပါတယ်။ မျက်နှာသစ်ချိန်မှာ မျက်နှာကို လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပေးဖို့ မမေ့ပါနဲ့။

 

အကျိုးရလဒ် - ဒိန်ချဉ်က အသားအရေကို ချောမွေ့စိုပြေစေတယ်။ စန္ဒကူးမှုန့်ကလည်း အသားအရေကို အာဟာရဖြည့်ပေးနိုင်စွမ်း အများကြီးရှိပါတယ်။ လိမ္မော်ရည်ကတော့ မျက်နှာပေါ်က ဘက်တီးရီးယားတွေကို ရှင်းလင်းပေးပြီး အသားအရေလေးကို ကြည်လင်စေပါတယ်။ Essential Oil ကို အနံ့အနေနဲ့သာ ထည့်ရတာမဟုတ်ပါဘူး။ သူ့မှာလည်း အသားအရေကို အားဖြည့်ပေးနိုင်စွမ်း၊ ဆဲလ်တွေ ကြီးထွားနိုင်စွမ်းကို မြင့်တင်ပေးနိုင်စွမ်းတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ခုလိုမျိုး နေပူ လေပူနဲ့ ဖုန်တွေကပ်ငြိခံထားရတဲ့ အသားအရေအတွက် အကောင်းဆုံးပေါင်းတင်နည်းဖြစ်ပါတယ်။ သဘာဝပစ္စည်းတွေချည်းပဲဆိုတော့ ဘေးထွက်ဆိုးကျိုးဖြစ်မှာလည်း မပူရဘူးလေ။

Source : Lifehack

Share

Loading Next Article...
က္က