ခေါင်းလျှော်ပြီးပြီးချင်းမှာလည်း ခေါင်းမဖြီးရပါဘူး။

အလှအပဆိုတာ ပစ္စည်းတွေအများကြီးနဲ့ ရအောင် ထိန်းသိမ်းရတယ်၊ ဖန်တီးရတယ်။ ကိုယ့်ရဲ့ဆံပင်လေးတွေ လှပသန်စွမ်းအောင်လည်း ဂရုစိုက်ရတာပဲ။ ခေါင်းလျှော်ရည်ကအစ ဘီးအထိ သေသေချာချာရွေးမှ ဆံပင်အလှလေးကို ထိန်းသိမ်းနိုင်မှာ။ အဲ့ဒီလို ထိန်းသိမ်းနေပေမဲ့လည်း ဒါတွေကိုလုပ်နေမိရင် ဆံပင်အလှလေး ပျက်စီးရတယ်။

 

၁။ ခေါင်းလျှော်ရည်အရွေးမှားခြင်း

ကိုယ့်ရဲ့ဆံသားကို သေသေချာချာ သိဖို့လိုပါတယ်။ အဆီပြန်တဲ့ဦးရေလား၊ ဗောက်ထတတ်သလား၊ ဆံပင်ကျွတ်လေ့ရှိသလား စသဖြင့် ကိုယ့်ဆံပင်အနေအထားအလိုက် ခေါင်းလျှော်ရည်ကို ရွေးချယ်ပါ။

 

၂။ ခေါင်းလျှော်တဲ့ကြိမ်ရေ

ပုံမှန်အားဖြင့်တော့ တစ်ပတ်နှစ်ကြိမ် ခေါင်းလျှော်ရင် ရပါပြီ။ လိုအပ်ချက်အရ လျှော်ရတာမျိုးတော့ ရှိနိုင်တာပေါ့။ မကြာခဏ ခေါင်းလျှော်နေလို့ ဆံပင်တွေပိုကောင်းလာလိမ့်မယ်မထင်လိုက်နဲ့။ ပိုဆိုးဖို့ပဲရှိမယ်။ အဆီထွက်တတ်သူဆိုရင်တော့ ၂ ရက်တစ်ကြိမ်လောက် လျှော်ဖို့ လိုပါတယ်။

 

၃။ ဘာမှမလိမ်းတာ

ဆံပင်ကိုအားဖြည့်ပေးမယ့် ခရင်မ်၊ ဆီ၊ haircoat စတာတွေကို လိမ်းပေးဖို့လည်း လိုပါတယ်။ နေပူထဲထွက်တဲ့အခါ နေရောင်ခြည်ကြောင့် ဆံပင်တွေပျက်စီးတာကို ပြန်အားဖြည့်ရမယ်လေ။

 

၄။ အပူချိန်

ခေါင်းလျှော်တဲ့အခါတိုင်း ရေရဲ့အပူချိန်ကိုလည်း သတိထားရပါမယ်။ ရေနွေးနဲ့ ခေါင်းမလျှော်သင့်ပါဘူး။ ရေနွေးနဲ့ခေါင်းလျှော်တဲ့အခါ ဆံပင်အရောင်မွဲခြောက်လာနိုင်ပါတယ်။ ရေကြက်သီးနွေးထက် နည်းနည်းလေး ပိုအေးတဲ့ရေကို ရွေးသင့်ပါတယ်။ ဒီလိုဆိုရင် ဦးရေပြားအဆီပြန်တာလည်း သက်သာစေပြီး ကြေး(ဂျီး)တွေလည်း ပြောင်သွားပါလိမ့်မယ်။

 

၅။ ခေါင်းဖြီးရင်စိတ်ရှည်ပါ

ခေါင်းဖြီးရင် ပလတ်စတစ်ဘီးတွေကို မသုံးသင့်ပါဘူး။ ခေါင်းလျှော်ပြီးပြီးချင်းမှာလည်း ခေါင်းမဖြီးရပါဘူး။ ဆံပင်တွေခြောက်သွားပြီဆိုတော့မှ လက်လေးနဲ့အသာ ထိုးခွဲပြီး အကန့်အလိုက် ဖြည်းဖြည်းချင်း ဖြီးသင်ရပါမယ်။ အဖျားတွေကနေ စဖြီးပြီး အပေါ်ဘက်ကို တစ်ဆင့်ချင်းဖြီးသင်ရှင်းလင်းရတာ ဖြစ်ပါတယ်။

 

၆။ အဖျားတွေမတိဘဲထားတာ

ဆံပင်အဖျားလေးတွေကို နှစ်လတစ်ကြိမ် ပုံမှန် တိပေးသင့်ပါတယ်။ ဒါမှသာ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကနေ ရှောင်ကြဉ်နိုင်မှာပါ။ ဆံပင်လည်း ပိုကောင်းစေပါတယ်။

 

၇။ ဒီအတိုင်းအိပ်ခြင်း

ဆံပင်ရှည်တဲ့သူတွေအနေနဲ့ ဒါကို သတိထားရပါမယ်။ ဆံပင်ကို ဒီအတိုင်းဖြန့်ပြီး မအိပ်ရပါဘူး။ ဆံပင်တွေ ကျိုးကြေ ရှုပ်ပွသွားလို့ပါပဲ။ မအိပ်ခင်မှာ ကျစ်ဆံမြီးပွပွလေး ကျစ်ပြီးမှ အိပ်မယ်ဆို အိပ်ရာနိုးလို့ ဆံပင်တွေ ရှုပ်ထွေးနေတာ မဖြစ်တော့ဘူးလေ။

Source : Bright Side

Share

Loading Next Article...
က္က