ခေါင်းလျှော်ပြီးရင် ဆံပင်ကို တဘက်နဲ့ပတ်ထားတာထက် တီရှပ်တစ်ထည်နဲ့လိမ်ကျစ်ပြီးထားတာ ပိုကောင်းတယ်။

ဆံပင်ကိုလည်း မကောက်ချင်ဘူး။ ယာယီသဘောမျိုးလေး လှိုင်းလေးတွေနဲ့ ဖြစ်ချင်တယ်။ သဘာဝကျကျလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံလေးပေါ့။ လှိုင်းကြီးကြီးလေးတွေနဲ့ဆို အရမ်းမိုက်တယ်လို့ ထင်တယ်လေ။ ဘယ်လိုလုပ်ရမလဲ?

 

အဆင့် ၁ - ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို တဘက်နဲ့သုတ်တာထက် တီရှပ်နဲ့အုပ်ပြီး ညှစ်လိုက်တာက ဆံပင်ကျိုးကျေပျက်စီးခြင်း မဖြစ်စေပါဘူး။ ပြီးရင် ကောက်သားဖြန်းဆေးနဲ့ ဆံပင်အဖျားတွေကို ဖြန်းပါမယ်။ လက်ချောင်းလေးတွေနဲ့ ဆံပင်အနှံ့ရောက်အောင် ထိုးဖွညှိပေးပါ။

 

အဆင့် ၂ - ကိုယ့်ဆံပင်က နဂိုလှိုင်းပါတာမဟုတ်ဘူးဆိုရင် Diffuser ကို သုံးဖို့ လိုပါတယ်။ Dryer ထိပ်မှာ Diffuser လေးကို တပ်ပြီး ဆံပင်အဖျားတွေကို အပူပေးရပါမယ်။ အပူချိန်ကို အသင့်အတင့်ပဲထားပါ။ ဆံပင်နည်းနည်းချင်းစီကို ခွဲပြီး လေမှုတ်ပေးရပါမယ်။ ဆံပင်တွေ ၇၅% ခြောက်သွားပြီဆိုရင် ရပ်လိုက်လို့ရပါပြီ။

 

အဆင့် ၃ - အပူချောင်းကိုသုံးပြီး ဆံပင်အလွှာအလိုက် နည်းနည်းစီခွဲကာ အနောက်ဘက်ကိုလိပ်ပေးပါ။ ပြီးရင် အရှေ့ဘက်ကို ပြန်လိပ်ပေးရပါမယ်။ ဒါက သဘာဝကျကျ ကောက်သားဖြစ်စေတဲ့ လျှို့ဝှက်ချက်ပါပဲ။ တစ်ဘက်တည်းကိုလိပ်ရင် ဆံပင်က ခွေခွေကြီးဖြစ်နေပါလိမ့်မယ်။ အပြန်အလှန် လိပ်ပေးမှ သဘာဝကျကျပုံစံလေး ဖြစ်မှာပါ။

 

အဆင့် ၄ - နောက်ဆုံးမှ လက်ချောင်းလေးတွေနဲ့ ဆံပင်ကို အသာအယာ ဖွပေးလိုက်ပါ။ ဒါဆိုရင် ဆွဲဆောင်မှုရှိတဲ့ လှိုင်းကြီးကြီးဆံပင်လေး ဖြစ်သွားပြီပေါ့။

Source : Style Caster

Share

Loading Next Article...
က္က