ရေမွှေးဆီပါဝင်မှုပေါ်လည်း မူတည်သလို ပါဝင်ပစ္စည်းတွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။

ပြီးပြည့်စုံတဲ့ ဖက်ရှင်ကျမှုအတွက် အဝတ်အစားကောင်းတွေ ဝတ်ဆင်ရုံနဲ့ မပြီးပါဘူး။ မွှေးပျံ့ပြီး ဆွဲဆောင်မှုရှိတဲ့ ရေမွှေးရနံ့လေး ပေါင်းစပ်လိုက်မှသာ ကိုယ့်ဘေးကလူတွေကို သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်က မွှေးရနံ့လေး ရနေတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုလာတယ်လေ။

 

ရေမွှေးဝယ်မယ်ဆိုရင် ကိုယ့်အကြိုက်အနံ့ကလေးကို ဝယ်ချင်ကြသလို အနံ့စွဲတာလေးလည်း လိုချင်ကြတယ်မဟုတ်လား။ တချို့ရေမွှေးတွေက ၂ နာရီလောက်နဲ့ အနံ့ပြယ်သလို တချို့ကျတော့လည်း လျှော်ပြီးတာတောင်မှ အနံ့က ကျန်နေတုန်းပဲ။ ဘယ်လိုရေမွှေးမျိုးက အနံ့ပိုစွဲသလဲဆိုတာကို သိရဖို့အတွက် မဝယ်ခင်မှာ ပုလင်းပေါ်က အညွှန်းကို အရင်ဖတ်ဖို့ လိုပါတယ်နော်။

 

ရေမွှေးပြုလုပ်ရာမှာ အဓိကကျတဲ့ မွှေးရနံ့တွေ (ပန်း၊ ကတိုး၊ သစ်မွှေး စသည်တို့)ကို အဆီအဖြစ်ရအောင် ထုတ်ယူပြီး ရလာတဲ့ရေမွှေးဆီကိုမှ အခြားပစ္စည်းတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ရတာဖြစ်ပါတယ်။ ရေမွှေးဆီပါဝင်မှု များလေလေ အနံ့ပိုစွဲလေလေပါပဲ။ အော်ဒီကလုန်း (Eau de Cologne) အမျိုးအစား ရေမွှေးတွေမှာ ရေမွှေးအဆီပါဝင်မှုက ၂% မှ ၄% အထိသာ ရှိတာမို့ အနံ့က ၂ နာရီလောက်ထိပဲ ခံပါတယ်။ အော်ဒီတွိုင်လက်တီ (Eau de Toilette) ကို အတိုကောက်အနေနဲ့ EDT လို့လည်း ဖော်ပြလေ့ရှိပါတယ်။ EDT အမျိုးအစား ရေမွှေးတွေမှာ ရေမွှေးဆီပါဝင်မှုက ၅% မှ ၁၅% အထိ ပါဝင်လို့ ၃ နာရီကျော်လောက်ထိ မွှေးနံ့ပေါ်လွင်နေပါလိမ့်မယ်။ ပွဲလမ်းသဘင်တွေ တက်ရောက်ဖို့အတွက် ရွေးနိုင်ပါတယ်။ EDT ထက် ပိုပြီးတော့ ရနံ့စွဲတာကတော့ EDP (Eau de Parfum) တွေပါ။ EDP တွေမှာ ရေမွှေးဆီပါဝင်မှုက ၁၅% မှ ၂၀% အထိ ရှိတာမို့ နေ့စဉ်ဆွတ်ထားလို့ရပါတယ်။ ရုံးတက်၊ ကျောင်းတက်တဲ့အခါ အိမ်ကနေဆွတ်သွားရင် အချိန် ၅ နာရီကျော်လောက်အထိ မွှေးနေတတ်ပါတယ်။

 

ရနံ့စွဲမြဲမှုမှာ အကြာဆုံးကတော့ ရေမွှေးဆီပါဝင်မှု အမြင့်ဆုံးဖြစ်တဲ့ Perfume (Parfum) တွေပဲ ဖြစ်ပါတယ်။ ရေမွှေးဆီပါဝင်မှုက ၂၀ % မှ ၃၀ % အထိ ရှိလို့ အနည်းဆုံး ၆ နာရီမှ ၈ နာရီအထိ ရနံ့စွဲကျန်နေပါလိမ့်မယ်။ အချိန်ကြာကြာ အနံ့စွဲတာကိုမှ လိုချင်တယ်ဆိုရင်တော့ ဘာတံဆိပ်ဖြစ်ဖြစ် ပုလင်းမှာ Perfume (Parfum) လို့ ရေးထားတာကိုသာ ရွေးပေတော့။

Share

Loading Next Article...
က္က