ဝက်ခြံက သင့်စိတ်ကို ကသိကအောက်ဖြစ်စေတယ်ဆိုရင် မပျောက်ခင် concealer သုံးပြီး ဖုံးထားတာမျိုး လုပ်လို့ရပါတယ်။
 

တစ်နေရာတည်းမှာပဲ ဝက်ခြံအမြဲပေါက်နေတယ်ဆိုရင် သင်စဉ်းစားရမှာက ဒီနေရာကို ခဏခဏ ထိတွေ့နေတာ ဘာရှိလဲဆိုတာပါ။ သင့်လက်နဲ့ ဒါမှမဟုတ် အဝတ်တစ်ခုခုနဲ့ ဒီနေရာကို ခဏခဏ ထိမိနေတာကြောင့် ဝက်ခြံတွေထွက်နေတာ ဖြစ်ပါတယ်။ ဥပမာ - နဖူးမှာ ဝက်ခြံတွေ ခဏခဏ ထွက်ပါတယ်။ အကြောင်းကတော့ ဦးထုပ်ခဏခဏ ဆောင်းတာကြောင့် ဖြစ်နိုင်တာမျိုးပါ။

၁ - ပုံမှန်မဆေးတာ

ဝက်ခြံဖြစ်တဲ့နေရာကို ပုံမှန် ဆေးကြောပေးဖို့ လိုပါတယ်။ တစ်ရက်မှာ နှစ်ခါတော့ ဆေးပေးသင့်ပါတယ်။ မျက်နှာကို ဆေးပေးတာဟာ ဆဲလ်သေတွေနဲ့ အဆီပိုတွေကို ဖယ်ရှားပေးတာ ဖြစ်ပါတယ်။ မျက်နှာကို အလွန်အကျွံ ဆေးကြောတာကိုတော့ ရှောင်ရှားရမှာပါ။ မျက်နှာခြောက်သွေ့ပြီး ယားယံတာတွေ ဖြစ်နိုင်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖြေရှင်းနိုင်မယ့် အလှကုန်ပစ္စည်း (၄) မျိုး )

 

၂ - မညှစ်ပါနဲ့

သင်မလုပ်သင့်ဆုံးအရာကတော့ ဝက်ခြံကို ညှစ်တာမျိုး ဖြစ်ပါတယ်။ လုံးဝမလုပ်သင့်ပါဘူး။ ပိုးဝင်တာနဲ့ ညိုမဲတာတွေဖြစ်လာမှာပါ။ ညှစ်လိုက်တဲ့အတွက်လည်း ဘေးနားတွေကိုပါ ပျံ့နှံ့သွားနိုင်ပါတယ်။ ဒီလိုနဲ့ပဲ အဆိုပါနေရာမှာ ဝက်ခြံက မပြတ်ရှိနေတော့မှာပါ။ ဝက်ခြံက သင့်စိတ်ကို ကသိကအောက်ဖြစ်စေတယ်ဆိုရင် မပျောက်ခင် concealer သုံးပြီး ဖုံးထားတာမျိုး လုပ်လို့ရပါတယ်။

၃ - ခေါင်းလိမ်းဆီ

နဖူး၊လည်ပင်းနဲ့ ကျောဘက်တွေမှာ ဝက်ခြံအမြဲထွက်နေတယ်ဆိုရင် ခေါင်းလိမ်းဆီလိုမျိုး ဆံပင်နဲ့ပတ်သက်လို့ သင်သုံးတာတွေကို သတိထားပါတယ်။ ဂျဲလ်လို ပစ္စည်းတွေက မွှေးညှင်းပေါက်တွေပိတ်ပြီး အရေပြားမှာ ဝက်ခြံတွေ ဖြစ်လာစေပါတယ်။ ခေါင်းလိမ်းဆီတွေ၊ ဂျဲလ်တွေ အလွန်အကျွံသုံးတာမျိုးလည်း မလုပ်ပါနဲ့။ ပုံမှန်လည်း ဆေးပေးဖို့လိုပါတယ်။

 

၄ - လက်နဲ့မထိနဲ့

မျက်နှာရဲ့ တစ်နေရာရာကို လက်နဲ့လှမ်းလှမ်းထိတဲ့ အကျင့်မျိုးတစ်ချို့မှာ ရှိတတ်ပါတယ်။ လက်က အရာဝတ္ထုပေါင်းများစွာနဲ့ ထိတွေ့နေတာကြောင့် ညစ်ပေနေတာပါ။ လက်မှာရှိတဲ့ ဘက်တီးရီးယားပေါင်းများစွာဟာ မျက်နှာကိုရောက်ရှိသွားပြီး ဝက်ခြံတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် မေးစေ့လိုနေရာမျိုးတွေမှာ ဖြစ်ပါတယ်။

၅ - ဖုန်းနဲ့ မျက်မှန်

ဖုန်းနဲ့မျက်မှန်လို ပစ္စည်းတွေဟာလည်း  မျက်နှာနဲ့ထိတွေ့လေ့ရှိတဲ့ နေရာတွေ ဖြစ်ပါတယ်။ လက်လိုပဲ သူ့မှာလည်း ပိုးမွှားတွေများစွာ ရှိနေတာဖြစ်ပါတယ်။ မျက်နှာနဲ့ပွတ်တိုက်တဲ့အခါမှာ ဝက်ခြံတွေ ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။

Photos & Source: wikiHow

Share

Loading Next Article...
က္က