ဗောက်ထတဲ့ ဦးရေပြားပိုင်ရှင်တွေအနေနဲ့ သံပရာသီးကို စမ်းသပ်အသုံးပြုသင့်ပါတယ်။

ဆံပင်တွေသန်စွမ်းဖို့၊ ဦးရေပြားနဲ့ဆံသားကောင်းဖို့ သံပရာသီးကို အသုံးပြုဖူးပါသလား? သံပရာသီးကို အသားအရေလှပအောင် အသုံးပြုကြပေမဲ့ ဆံပင်တွေအတွက်လည်း သုံးလို့ရနိုင်ပါတယ်။ သံပရာသီးမှာ ပါဝင်တဲ့ ဗီတာမင် C က ဆံပင်တွေကိုအရှည်မြန်စေပါသတဲ့။

 

ဦးရေပြားမှာ ကပ်ငြိနေတဲ့ ဖုန်၊ အဆီနဲ့ အညစ်အကြေးတွေ၊ ဗောက်တွေကို သံပရာသီးမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ ဆံပင်ကျိုးကျေပျက်စီးခြင်းနဲ့ ဆံပင်ခြောက်သွေ့ခြင်းကိုလည်း သက်သာစေပြီး ဆံပင်အရောင်တောက်ပြောင်စေနိုင်ပါတယ်။ ဗောက်ထတဲ့ ဦးရေပြားပိုင်ရှင်တွေအနေနဲ့ သံပရာသီးကို စမ်းသပ်အသုံးပြုသင့်ပါတယ်။ ဗောက်လည်းပျောက်ပြီး ဦးရေပြားက အနံ့ဆိုးတွေကိုပါ လျော့ပါးသွားစေပါတယ်။

 

ဆံပင်သန်ချင်တဲ့သူတွေအနေနဲ့ သံပရာသီးကို အရည်ညှစ်ပြီး ဦးရေပြားအနှံ့ပွတ်လိမ်းပေးပါ။ ဒါမှမဟုတ် သံပရာခြမ်းနဲ့ ဦးရေပြားကို ပွတ်ပေးလို့လည်း ရပါတယ်။ ဦးရေပြားကို ၅ မိနစ်မှ ၁၀ မိနစ်အထိ လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပေးပါ။ လက်နဲ့ကုတ်ခြစ်တာမျိုးတော့ မလုပ်ပါနဲ့။ ဦးရေပြားပေါက်ပြဲသွားနိုင်ပါတယ်။ ၁၀ မိနစ်ကြာမှ ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။ ဒီအတိုင်း တစ်ပတ်ကိုတစ်ကြိမ် ပုံမှန်လုပ်သွားပေးရမှာဖြစ်ပါတယ်။

 

ဗောက်ပျောက်ချင်ရင်တော့ အပူပေးထားတဲ့အုန်းဆီ လက်ဖက်စားဇွန်း ၂ ဇွန်း၊ သံပရာရည် ၂ စက်၊ ပရုပ်အေးအဆီ ၂ စက်တို့ကို ရောစပ်ကာ ဦးရေပြားမှာ သုတ်လိမ်းပြီး ၁၀ မိနစ်ခန့် နှိပ်နယ်ပေးရပါမယ်။ ညဘက် လိမ်းထားပေးပါ။ မနက်ရောက်မှ တဘက်ကိုရေနွေးဆွတ်ပြီး ဦးခေါင်းကို ၁၀ မိနစ်ပေါင်းထားပြီးမှ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးရမှာ ဖြစ်ပါတယ်။ ဦးရေပြားကို အေးစေပြီး ဗောက်တွေလည်း ပျောက်ပါတယ်။

Source : Glow Pink

Share

Loading Next Article...
က္က