ခေါင်းလျှော်ဖို့ အချိန်မရသေးချိန်မှာ dry shampoo လေးကို ဖြန်းထားလိုက်....

ယောက်ျားလေးတစ်ယောက်အနေနဲ့ မိန်းကလေးတွေသုံးသမျှ ပစ္စည်းတိုင်းကို မသုံးရဘူးလို့ အထင်မှားနေတတ်ကြပါတယ်။ တချို့ အလှကုန်ပစ္စည်းတွေဟာ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အသုံးပြုသင့်တဲ့အရာတွေ ဖြစ်တာမို့ ဒါလေးတွေကိုတော့ ရှိထားသင့်တယ်ဆိုတာ အကြံပေးလိုက်ပါတယ်။

 

၁။ Toner

တိုနာ (toner) သုံးခြင်းဟာ အသားအရေကိုချောမွေ့ပြေပြစ်စေပြီး အရေးအကြောင်းတွေကို လျော့ကျစေပါတယ်။ မျက်နှာအဆီပြန်တာကိုလည်း သက်သာစေကာ ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ညမအိပ်မီ မျက်နှာသစ်ပြီးတိုင်း တိုနာလေးကို အသုံးပြုပါ။

 

၂။ Bath Scrub

ရေချိုးရင်း Scrub လုပ်တယ်ဆိုတာကတော့ ကြေး(ဂျီး)တွန်းသလိုပါပဲ။ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

 

၃။ Dry Shampoo

ခေါင်းကို ပုံမှန်မလျှော်တဲ့အခါ ဆံပင်ကအနံ့ဆိုးတွေ ထွက်လာတယ်လေ။ အမျိုးသမီးတွေကတော့ dry shampoo ကို အသုံးပြုကြတယ်။ ဒါကို အမျိုးသားတွေလည်း သုံးနိုင်တာပဲမဟုတ်လား။ ခေါင်းလျှော်ဖို့ အချိန်မရသေးချိန်မှာ dry shampoo လေးကို ဖြန်းထားလိုက်ရင် ဆံပင်ရင်းကအဆီတွေလည်း သန့်ရှင်းသွားမယ် အနံ့ဆိုးတွေလည်း မထွက်တော့ပါဘူး။

 

၄။ Baby Wipes (တစ်ရှုးအစို)

ကလေးအမေတွေဆိုရင် တစ်ရှုးအစိုကို မရှိမဖြစ် ဆောင်ထားရတယ်။ ကလေးအသားအရေလည်း မထိခိုက်ဘူး။ သန့်ရှင်းရေးလုပ်ဖို့လည်း အဆင်ပြေတယ်။ မိန်းကလေးတွေကတော့ ဒါကို မိတ်ကပ်ဖျက်ရာမှာ အသုံးပြုကြပါတယ်။ ယောက်ျားလေးတွေမှာဆိုလည်း မျက်နှာမှာ အဆီတွေပြန် ဖုန်တွေကပ်နေရင် တစ်ရှုးအစိုလေးနဲ့ သုတ်လိုက်လို့ရတယ်လေ။

Source : Men Health

Share

Loading Next Article...
က္က