ကိုယ့်ကိုယ်ကိုယ်တော့ ပိုပြီးဂရုစိုက်ဖြစ်လာတယ်။
 

ကိုယ်အလေးချိန်ကို ဂရုတစိုက်ထိန်းသိမ်းသူတွေ၊ အလှအပနဲ့ ကျန်းမာရေးကို အလေးထားသူတွေတိုင်းမှာ ပေါင်ချိန်စက်လေးတစ်လုံးတော့ ရှိကြပါလိမ့်မယ်။ ပေါင်ချိန်စက်နဲ့ အမြဲတမ်း ပုံမှန်ပေါင်ချိန်လေ့ရော ရှိပါသလား။ အချိန်သတ်မှတ်ပြီး တစ်ပတ်တစ်ခါ သို့မဟုတ် သုံးရက်တစ်ခါ စသဖြင့် ပုံမှန်ပေါင်ချိန်ကြည့်မှ ကိုယ့်ရဲ့ကိုယ်အလေးချိန်ကို တိတိကျကျထိန်းနိုင်ပါလိမ့်မယ်။ နေ့တိုင်းလိုလို ပေါင်ချိန်စက်ပေါ်တက်ပြီး အမြဲတမ်း ချိန်ကြည့်တဲ့အခါမှာတော့....

 

၁။ အပြောင်းအလဲမြန်တဲ့အလေးချိန်

တချို့ကပြောတယ် ရေသောက်များလို့ ဝိတ်တက်တာတဲ့။ အဲ့လိုမျိုး ရှိတယ်ပေါ့။ တကယ်တမ်းကျ ဝိတ်တက်တာက ထင်တာထက်လည်းမြန်တယ်။ ၃ ရက်လောက် စားချင်သလိုစားလိုက်တာနဲ့ ဝိတ်က သိသိသာသာတက်လာတယ်။ အဲ့လိုပဲ သုံးရက်လောက် အစားအသောက်ပျက်လိုက်ရင်လည်း ၂ ပေါင်ကနေ ၅ ပေါင်လောက်အထိ ထိုးကျသွားတာလည်းတွေ့ရတယ်။

 

၂။ စိတ်ထားတတ်လာ

တစ်ခါတစ်လေ ဗိုက်ပူနေတာမျိုး၊ အဝတ်အစားဝတ်ရ အဆင်မပြေတဲ့နေ့မျိုးတွေရှိတယ်။ အရမ်းများ ဝလာသလားပေါ့။ နေ့တိုင်းလိုလို ပေါင်ချိန်စက်ပေါ်တက်ပြီး ချိန်ကြည့်လိုက်ရင် တစ်နေ့နဲ့တစ်နေ့ အလေးချိန်ကမတူတာကို တွေ့လာရတယ်။ တိုးလိုက်၊ လျော့လိုက်ပဲ။ ဒီတော့ စိတ်လည်း အဆင်ပြေအောင် တွေးတတ်လာတယ်။ မဆိုစလောက်လေး ဝိတ်တက်လာလို့လည်း ဒေါသထွက်စိတ်ပျက်မနေတော့ဘူး။ နည်းနည်းလောက်လေး ကျသွားရုံနဲ့လည်း ပျော်ရွှင်မနေချင်တော့ဘူးလေ။

Share

Loading Next Article...
က္က