ဝတဲ့လူတွေဝတ်ရင် ပိန်သလိုဖြစ်သွားတာက အနက်ရောင်ရဲ့ အားသာချက်ပဲ....

အရောင်တွေထဲမှာမှ လူတွေအများဆံုံး ဝတ်ဆင်ကြတဲ့အရောင်ကို ပြပါဆိုရင် အနက်ရောင်ပဲမဟုတ်လား။ ပွဲလမ်းသဘင် အခမ်းအနားတွေ၊ ဖက်ရှင်ပြပွဲတွေကအစ အနက်ရောင်က လွှမ်းမိုးထားတယ်လေ။ အနက်ရောင်ကို ဘာကြောင့်ဝတ်ကြသလဲလို့မေးရင် ခံစားချက်ကအစ ကွာခြားလို့ပါပဲ။ အစွဲအလမ်းတွေကို ထည့်မတွက်ဘဲ ဒီအတိုင်းလေးပဲ ရွေးချယ်ဝတ်ဆင်ကြည့်ပါ။ ဘာလို့ဝတ်သင့်တာလဲဆိုတော့...



 

၁။ အနက်ရောင်ဆိုတာ ဘာအရောင်နဲ့တွဲဝတ်ဝတ် လိုက်ဖက်ပါတယ်။ ခေါင်းမစားရတဲ့အရောင်ပေါ့။ ကိုယ်က ဖက်ရှင်အမြင်မရှိဘူးဆိုရင် အနက်ရောင်သာရွေးလိုက် ဘယ်မတော့မှ မမှားဘူး။

၂။ တော်ရုံတန်ရုံနဲ့လည်း အစွန်းအထင်းတွေ မပေါ်ဘူး။ အပေအရေခံတဲ့အရောင်ပါ။

၃။ ကိုယ်ခန္ဓာအလှကို ပိုပေါ်လွင်စေတယ်။ အထူးသဖြင့် ဝတဲ့လူတွေဝတ်ရင် ပိန်သလိုဖြစ်သွားတာက အနက်ရောင်ရဲ့ အားသာချက်ပဲ။

၄။ နောက်တစ်ချက်ကတော့ အနက်ရောင်ကိုဝတ်တဲ့အခါ ကလေးဆန်တဲ့အသွင် ပျောက်သွားတယ်။ ကလေးတွေကလည်း အနက်ရောင်ကို မကြိုက်ကြဘူးလေ။

 

၅။ Accessories တွေ လည်း ရွေးနေစရာမလိုဘူး။ ဘယ်လိုအရာမျိုးနဲ့မဆို ဝတ်လို့လိုက်နေပြန်ရော။

၆။ ကိုယ်ဝတ်ထားတဲ့ အဝတ်အစားက ဈေးကြီးလား၊ ဈေးပေါလားဆိုတာ တော်ရုံနဲ့ မှတ်ချက်ချဖို့ ခက်သွားတယ်။ အနက်ရောင်ရဲ့ စွမ်းအားပါပဲ။

၇။ အနက်ရောင်ဆိုတာ ဘယ်တော့မှ ရိုးမသွားတဲ့အရောင်လည်း ဖြစ်နေပြန်ပါတယ်။

၈။ ဖက်ရှင်နယ်ပယ်ကို အလွှမ်းမိုးဆုံးအရောင်လည်း ဟုတ်နေပြန်ရော။ ရှိုးပွဲတွေသွားရင် ဆယ်လီတွေ၊ ဒီဇိုင်တွေလည်း အနက်ကို အဝတ်များတာ တွေ့မှာပါ။

 

၉။ နောက်တစ်ချက်ကတော့ အနက်ရောင်ဟာ စိတ်ခံစားချက်ကို မြှင့်တင်ပေးပါတယ်။ အနက်ရောင်ဝတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရလာတယ်လို့ လူတေ်ာတော်များများက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က