အလာ့ဂျစ်ဖြစ်တယ်ဆိုရင် နားကပ်ကိုခဏချွတ်ထားကြည့်ပါ။
 

မိန်းကလေးတိုင်း သိကြမှာပါ။ နားကပ်ဝတ်တိုင်း နောက်ပိတ်နေရာက အနံ့ဆိုးတွေထွက်နေတတ်တာလေ။ အမြဲတမ်းလိုလို သန့်ရှင်းရေးလုပ်နေတဲ့ကြားကပဲ အနံ့ကထွက်လာတတ်တယ်။ မတော်တဆ လက်နဲ့ပွတ်မိရင်ကိုပဲ ကပ်စေးစေးကြီးနဲ့ အနံ့ထွက်လာတယ်လေ။


 

နားကပ်ဝတ်ထားတိုင်း နားနောက်ပိတ်ကနေ အမြဲတမ်းအနံ့ထွက်နေတာက အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမဲ့ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို ခံစားရနေတယ်ဆိုရင်တော့ ဆရာဝန်ကိုပြကြည့်ပါ။ တကယ်တော့ ဒီလိုအနံ့ထွက်ရခြင်းဟာ အရေပြားကအဆီထွက်တဲ့ဂလင်းကနေ ထုတ်ပေးလိုက်တဲ့ sebum လို့ခေါ်တဲ့ ဖယောင်းအသွင်အဆီတစ်မျိုးသာ ဖြစ်ပါတယ်။ Sebum တွေ စုသွားလို့ အနံ့ထွက်လာတာပါ။

 

အရေပြားက သူ့အလိုလိုဆိုရင် အနံ့ထွက်တာမဟုတ်ပေမဲ့ အရေပြားမျက်နှာပြင်က sebum တွေကြောင့် ဘက်တီးရီးယားတွေကပ်ငြိကာ အနံ့ထွက်လာတာ ဖြစ်ပါတယ်။ နားကပ်ဝတ်တဲ့ နားပေါက်ထဲမှာ အရည်တွေ၊ ဆီတွေဖြစ်လာပြီဆိုရင် ဘက်တီးရီးယားတွေကြီးထွားလာပြီး အန့ံ့တွေထွက်လာမို့ နားကပ်ဝတ်လို့ အနံ့မထွက်ချင်ရင် အဲ့ဒီနေရာကို သန့်ရှင်းအောင်ထားပေးရပါမယ်။ ပိုးသတ်ဆေးအပျော့စားပါတဲ့ဆပ်ပြာ (antibacterial soap) နဲ့ နားပေါက်တွေကိုပါ ဆေးကြောပေးရပါမယ်။ နားကပ်တွေကိုလည်း ချွတ်ပြီး ပုံမှန်လေး ဆေးကြောသန့်စင်ပေးမယ်ဆို ဘာပြဿနာမှ ရှိတော့မှာမဟုတ်ပါဘူး။

Source : Urbo


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က