ဆေးဆိုးနေတုန်း သူများတွေမြင်သွားမှာကို ရှက်တယ်ဆို အခန်းတံခါးကိုပိတ်ထားပြီးမှဆိုးလေ....

နဂိုဆံပင်အရောင်ကို မကြိုက်လို့ဆေးဆိုးမှာလား၊ အဖြူတွေရှိနေလို့ ဆေးဆိုးမှာလား? ဆံပင်ဆေးဆိုးတယ်ဆိုတာက ထင်သလောက်လွယ်တာတော့မဟုတ်ဘူးနော်။ ဆိုးတတ်တဲ့လူက ဆိုးပေးမှ အဆင်ပြေမှာ။ ဆေးဘူးဝယ်ပြီး အိမ်မှာပဲ ကိုယ့်ဘာသာကိုယ် ဆိုးမယ်လို့ ကြံထားရင်တော့ ဒါလေးတွေ အကြံပေးပါရစေ

 

၁။ မှန်ကန်တဲ့အရောင်

ပထမဆုံးအနေနဲ့ ဆေးဆိုးမယ့်အရောင်ကို ရွေးတဲ့အခါ သဘာဝကျကျလေး ဖြစ်ချင်ရင်တော့ မူလဆံပင်အရောင်ထက် နှစ်ဆင့် ပိုရင့်တာ၊ သို့မဟုတ် ပိုဖျော့တာကို ရွေးပါ။ ဆံပင်ဆေးဆိုးတယ်ဆိုတာ ဘာအရောင်ဆိုးဆိုး ကိုယ်နဲ့လိုက်မှ လှမှာနော်။ ကိုယ်နဲ့လိုက်မယ့်အရောင်ကို သိချင်ရင် My Shade ဆိုတဲ့ အပလီကေးရှင်းလေးတော့ရှိတယ်။

 

၂။ ဘေးတွေမှာ မစွန်းအောင်

ဆံပင်ဆေးဆိုးတိုင်း နဖူးတွေ၊ နားရွက်တွေနဲ့ လည်ပင်းမှာပါ ဆေးတွေစွန်းကုန်တယ်။ တော်တော်နဲ့လည်း မပျက်ဘူး။ ဆေးမဆိုးခင်မှာ ဆီကိုအခြေခံထုတ်ထားတဲ့ခရင်မ် (ဥပမာ vaseline) လိမ်းထားရင် ဆေးတွေပေသွားလည်း လွယ်လွယ်လေး ပြန်ဖျက်လို့ရပါတယ်။

 

၃။ ထင်ထားသလိုဖြစ်မလာတဲ့အခါ

ကိုယ့်ဘာသာကိုယ် ဆေးဆိုးတာဆိုတော့ ဆိုင်မှာဆိုးသလိုမျိုး ကွက်တိဖြစ်ဖို့ ခက်ပါတယ်။ ထင်ထားတဲ့အတိုင်း ဖြစ်မလာဘဲ တလွဲတွေဖြစ်လာတာမျိုး ကြုံဖူးမယ်ထင်ပါရဲ့။ ပထမဆုံးအကြိမ် ဆံပင်ဆေးဆိုးတဲ့အခါ ဖြစ်တတ်ပါတယ်။ ဆေးမဝင်တာ၊ ဆေးမညီတာတွေ ဖြစ်တတ်တာကို သတိထားပါ။

Source : Now to love

Share

Loading Next Article...
က္က