ကုတ်အကျႌကြယ်သီးတွေကို ဖြုတ်မထားပါနဲ့...

ဟုတ်ပါတယ်။ ယောက်ျားတစ်ယောက်အနေနဲ့ အလှအပနဲ့ ဖက်ရှင်ကို စိတ်မဝင်စားတာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ သူ့နေရာနဲ့သူ ပြင်ဆင်ဖို့က အရေးကြီးတယ်။ သပ်သပ်ရပ်ရပ်လေး ဝတ်စားခြင်းကြောင့်လည်း အလုပ်မှာ၊ လူမှုပတ်ဝန်းကျင်မှာ ပိုပြီးအဆင်ပြေလာနိုင်ပါတယ်။ ဒါလေးတွေကိုတော့ မှတ်ထားလိုက်ပါ ကိုယ့်ဆရာတို့ရေ။

 

၁။ အနောက်တိုင်းဝတ်စုံ

အပိုတွေလို့ မထင်လိုက်ပါနဲ့။ အလုပ်ကိစ္စနဲ့ပတ်သက်တဲ့ အစည်းအဝေး၊ အခမ်းအနားတွေမှာ အနောက်တိုင်းဝတ်စုံကို ဝတ်ဖို့ လိုအပ်လာချိန် ရှိပါတယ်။ ဈေးကြီးဖို့မလိုပါဘူး၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ကွက်တိကျမယ့်ဝတ်စုံ ဖြစ်ရင် ရပါပြီ။ ကိုယ့်အလုပ်ကိုက အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်ဖို့ မလိုဘူးဆိုရင်တော့ တစ်မျိုးပေါ့။

၂။ ကုတ်အကျႌကြယ်သီး

ကုတ်အကျႌမှာ ကြယ်သီး ၃ လုံး ပါလေ့ရှိတယ်။ ကြယ်သီးတွေကို ဖြုတ်မထားသင့်ပါဘူး။ သက်တောင့်သက်သာမဖြစ်လွန်းလို့ ကြယ်သီးဖြုတ်ထားမယ်ဆိုရင် အလယ်ကကြယ်သီးကို ဖြုတ်ထားပါ။ အပေါ်ဆုံးကကြယ်သီးကိုလည်း တစ်ခါတစ်လေ ဖြုတ်လို့ရပါတယ်။ အောက်ဆုံးကကြယ်သီးကိုတော့ လုံးဝမဖြုတ်ပါနဲ့။ ပွယောင်းယောင်းနဲ့ ကြည့်မကောင်းတော့ဘူး။

 

၃။ လည်စည်း

ရှည်အကျႌတွေကို လည်စည်း (နက်ခ်တိုင်) စည်းမယ်ဆို အကျႌကိုနောက်မှဝတ်ပါ။ လည်စည်းကို အရင်ရွေးရပါမယ်။ အကျႌရဲ့အဓိကအရောင်နဲ့ ယှဉ်ပြီးရွေးပါ။

၄။ ဘောင်းဘီရှည်

အနောက်တိုင်းဝတ်စုံတစ်စုံမှာ ဘောင်းဘီရှည်က အရမ်းကိုအရေးပါတဲ့ အစိတ်အပိုင်းပါ။ ခါးဆိုဒ်တစ်မျိုးတည်းကြည့်ပြီး မဝယ်ပါနဲ့။ အရှည်ကို သေသေချာချာ သိပြီးမှ ဝယ်ပါ။ စမ်းဝတ်ကြည့်ပြီးမှဝယ်ရင် အကောင်းဆုံးပဲ။

 

၅။ ရှုးဖိနပ်

ဝတ်စုံရဲ့ အရောင်နဲ့ဒီဇိုင်းကိုလိုက်ပြီး ရှုးဖိနပ်ကိုရွေးပါ။ ဖိနပ်ရဲ့ဒီဇိုင်း၊ အရောင်က ဝတ်စုံနဲ့ လိုက်ဖက်ဖို့ အရေးကြီးပါတယ်။

Source : Bride Side

Share

Loading Next Article...
က္က