အနီရောင်ဆိုရင် နှုတ်ခမ်းနီလေးဆိုးလိုက်တာကအစ ဆွဲဆောင်မှုရှိသွားတာ။

ဖက်ရှင်ကျကျ လှလှပပ မော်ဒယ်လေးတွေမြင်ရင် ယောက်ျားလေးတွေပဲ ငေးတာမဟုတ်ဘူး။ မိန်းကလေးအချင်းချင်းလည်း ငေးမိတာပဲ။ သူဝတ်ထားတာလေး လှလိုက်တာ၊ လန်းလိုက်တာပေါ့။ ပြီးရင် ကိုယ်လည်း လိုက်ပြီးဝတ်ကြည့်မှာပေါ့။ မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်မှုရှိတဲ့အသွင် ဖြစ်သွားစေဖို့ ဒါတွေက ကူညီပေးနိုင်ပါတယ်။



 

၁။ အနက်ရောင်

အနက်ရောင်ဝတ်စုံကိုမှ အရှည်မဟုတ်ဘဲ အတိုပေါ့။ ကိုယ်နဲ့ကွက်တိဖြစ်နေမယ့် ဝတ်စုံတစ်ခုတည်းနဲ့တင် ဆွဲဆောင်မှုကို မြင့်တက်သွားစေတယ်။ ပွဲတက်လို့လည်းရတယ်။ ထသွားထလာဖက်ရှင်ဆိုလည်း အဆင်ပြေတယ်။

 

၂။ ဒေါက်မြင့်ဖိနပ်

ဒေါက်မြင့်ဖိနပ်ကို စီးလိုက်တဲ့အခါ ကိုယ်နေဟန်ထားကိုက မတ်သွားတယ်။ ပုံစံကျကျတော့ လျှောက်တတ်ရမှာပေါ့နော်။ အရပ်လည်းရှည်သွားမယ်။ ပေါင်တံတွေလည်း ပိုပေါ်သွားတော့ ဖက်ရှင်ကျကျပုံစံလေး ဖြစ်လာတယ်။

 

၃။ အနီ

အနီရောင်ဟာ ဆက်စီကျတယ်၊ ဆွဲဆောင်မှုပြင်းတယ်လို့ အားလုံးလက်ခံထားပြီးသား။ အနီရောင်ပါတာလေး တစ်ခုခုကို ဝတ်ဆင်လိုက်ရင်လည်း ကိုယ့်ကိုယ်ပေါ်လွင်စေတယ်။ ယောက်ျားလေးတွေက အနီရောင်ဝတ်ဆင်တဲ့ မိန်းကလေးတွေကိုလည်း ငေးတတ်ကြတယ်။

 

၄။ ပုခုံးပေါ်တဲ့အကျႌ

တခြားဘာကိုမှ ဖော်ပြစရာမလိုဘူး။ ကိုယ့်ရဲ့ပုခုံးလေးတွေကိုပဲ ပေါ်နေစေတဲ့ အကျႌလေးတွေပေါ့။ Shoulders off ဒီဇိုင်းလေးတွေကလည်း ဆွဲဆောင်မှုရှိပါတယ်။

 

၅။ ကျောပြောင်

နောက်ကျောပြောင်အကျႌတွေဟာ မနှစ်တည်းကနေ ယခုထိကို Trend ဖြစ်နေစဲပဲ။ ဆက်စီလည်းကျတယ်။

 

၆။ အကျႌဖြူနဲ့ဂျင်းပြာ

ဒီလိုမျိုးတွဲဝတ်ထားတဲ့ မိန်းကလေးတွေကိုဆိုရင် ယောက်ျားလေးတွေက အရမ်းသဘောကျကြတယ်။ ခပ်ငယ်ငယ်ကောင်မလေးတွေများ ဝတ်ထားပြီဆို သိပ်လိုက်တာ။

Source : Bright Side


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က