နောက်တစ်ခါဆို မလုပ်နဲ့တော့နော်....

အမွေးအမှင်ဆိုတာ သူ့နေရာနဲ့သူ သန်နေတာပဲကောင်းတယ်။ ဆံပင်သန်တာ ကောင်းပေမဲ့ ချိုင်းမွှေးသန်နေရင်တော့ မကြိုက်ဘူးမို့လား။ တခြားသော မလိုချင်တဲ့ အမွေးအမှင်တွေကိုလည်း နည်းအမျိုးမျိုးနဲ့ ရှင်းလင်းနေရတာပဲ။ အမွေးတွေကို ရိတ်ပစ်တဲ့နည်းနဲ့ ရှင်းနေသူတွေဟာ ဒီအမှားတွေကို လုပ်နေမိကြတယ်။

 

၁။ ဘလိတ်ဓားကိုမကြာခဏမလဲဘူး

ဟိတ်... ငပျင်းလေးတွေလို့ ခေါ်လိုက်မှာပဲ။ ဘလိတ်ဓားကိုမလဲဘဲ အကြာကြီးသုံးနေတာ ကောင်းတယ်လို့များ ထင်နေလို့လားဟင်။ ဘလိတ်ဓားကို အသစ်မလဲဘဲ အကြာကြီးသုံးနေရင် ရိတ်လို့လည်းမကောင်းဘူး၊ အရေပြားကိုလည်း ထိခိုက်စေတယ်။ ဒါတင်မက ဘက်တီးရီးယားတွေကပ်နေတဲ့ ဘလိတ်ဓားအဟောင်းကြောင့် အသားအရေမှာ ရောဂါပိုးတွေကပ်ငြိနိုင်တယ်။

 

၂။ မရိတ်ခင် exfoliate မလုပ်ဘူး

ဆဲလ်သေတွေဖယ်ရှားခြင်း (exfoliate) အရင်လုပ်ပြီးမှ အမွေးတွေရိတ်ရပါတယ်။ အမွေးရိတ်တဲ့အခါ သုံးရတဲ့ ခရင်မ်၊ ဂျယ်လ် စသဖြင့် အမျိုးမျိုးရှိတယ်။ အဲ့တာလေးကို အရင်သုံးထားရင် အမွေးရိတ်ရတာ ချောချောမွေ့မွေ့လေးဖြစ်တယ်။ ပိုပြောင်တယ်။ အသားကိုလည်း မထိတော့ဘူး။

 

၃။ ဖိအားသုံးတယ်

အမွေးရိတ်တံကို အားပါးတရကိုင်ပြီး ရိတ်နေတာ မကောင်းဘူးနော်။ ဖိပြီးရိတ်နေရင် ပိုပြောင်မယ်လို့ မထင်ပါနဲ့။ ဓားနဲ့ဖိရိတ်တဲ့အခါ အရေပြားယားယံမှုတွေ ဖြစ်လာနိုင်တယ်။ ဖွဖွလေးပဲရိတ်လည်း ပြောင်ပါတယ်။

 

၄။ ဓားအမျိုးအစား

အမွေးရိတ်တာပဲ ဘာနဲ့ရိတ်ရိတ် ရတယ်လို့တွေးတယ်။ ဟုတ်လား? ယောက်ျားသုံး မုတ်ဆိတ်ရိတ်တံနဲ့ ရိတ်လည်းပြောင်သွားတာတော့ ဟုတ်ပါရဲ့။ အကောင်းဆုံးရလဒ်တော့ ထွက်လာမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယောက်ျားလေးတွေရဲ့ခန္ဓာကိုယ်အတွက် လိုက်ဖက်အောင် ရည်ရွယ်ထုတ်လုပ်ထားတဲ့ပစ္စည်းကို အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းမှာ အသုံးပြုတာမို့လို့ပါ။ အမျိုးသမီးသုံး အမွေးရိတ်တံတွေရှိပါတယ်။ မုတ်ဆိတ်ရိတ်တံနဲ့ ခပ်ဆင်ဆင်ဆိုပေမဲ့ တကယ်တမ်းကျ သူက နည်းနည်းလေးကွေးနေတယ်။ အမျိုးသမီးတွေနဲ့ ကိုက်ညီအောင် တမင်ဒီဇိုင်းထွင်ထားတာပါ။

 

၅။ အစိုဓာတ်ပြန်ဖြည့်ဖို့မေ့နေတယ်

အမွေးတွေပြောင်သွားပြီ၊ သေသေချာချာလည်း ဆေးကြောပြီးပြီ။ ဒါနဲ့တင်မပြီးဘူးနော်။ အမွေးရိတ်ထားလို့ ကြမ်းတမ်းသွားတဲ့ အရေပြားကို အစိုဓာတ်ပြန်ဖြည့်ပေးရသေးတယ်။ အစိုဓာတ်ဖြည့်ခရင်မ် ဒါမှမဟုတ် body lotion လေးကို လိမ်းထားပေးလို့ ရပါတယ်။

Source : Be Beautiful

Share

Loading Next Article...
က္က