ဝတ်ရဲလား?
 

ရေကူးဝတ်စုံဒီဇိုင်းတွေက တစ်နှစ်နဲ့တစ်နှစ် မျိုးစုံ၊ ဒီဇိုင်းစုံ ထွက်လာနေတယ်။ အခု ထွက်လာတဲ့ဒီဇိုင်းကတော့ နှစ်ခါပြန်ကြည့်ရတဲ့ ဒီဇိုင်းသစ်ပါ။ တကယ်တမ်းတော့ ဒါကို ဒီဇိုင်းသစ်လို့လည်း ပြောလို့မရပြန်ဘူး။ ရိုးရိုးရှင်းရှင်း ရေကူးဝတ်စုံကိုမှ ကွန့်ညွှန့်လိုက်တာပဲဆိုတော့လေ။ ထူးတာကတော့ အတော်ကိုထူးပါတယ်။

 

Sexy Chest One Piece Swimsuit ဆိုတဲ့နာမည်အတိုင်း ဆက်စီကျတဲ့ဒီဇိုင်းနဲ့ အသစ်ထွက်ရှိလာတဲ့ ရေကူးဝတ်စုံတွေဟာ လူမှုကွန်ရက်တွေတိုင်းမှာတော့ အုတ်အော်သောင်းတင်းဖြစ်လာပါပြီ။ ပုံမှာ မြင်ရတဲ့အတိုင်း ရင်ဘတ်နေရာမှာ ရင်သားထိပ်သီးခေါင်းပုံစံလေးနဲ့ တကယ့်ရင်သားတွေလို့ အထင်မှားအောင် လုပ်ထားပါတယ်။ အမွေးတွေနဲ့ ချက်ကိုလည်း မြင်နေရပုံ အဆန်းထွင်ထားသေးတယ်။

[No available link text] 

အရောင်အားဖြင့် သုံးရောင် ထုတ်လုပ်ထားပါတယ်။ ဈေးကတော့ တစ်ထည်ကို ၄၇ ပေါင် (ကျပ် ၈၀,၀၀၀ ကျော်)နဲ့ ရောင်းပါသတဲ့။ လတ်တလော လူမှုကွန်ရက်တွေပေါ်မှာတော့ ဒီရေကူးဝတ်စုံက ရယ်စရာတစ်ခုလိုကို ဖြစ်နေတော့တာပဲ။

Source : Metro

Share

က္က