ဆံပင်အရောင်ဆိုးရတာကို မိန်းကလေးအများစုနှစ်သက်ကြပါတယ်။ ဆံပင်အရောင်လေးပြောင်းလိုက်ရရင်ကို ရုပ်လေးပြောင်းသွားသလို ခံစားကြရတာပါ။


ဆံပင်အရောင်ဆိုးရတာကို မိန်းကလေးအများစုနှစ်သက်ကြပါတယ်။ ဆံပင်အရောင်လေးပြောင်းလိုက်ရရင်ကို ရုပ်လေးပြောင်းသွားသလို ခံစားကြရတာပါ။ ဒါပေမယ့်လည်း လူ့သဘာဝအတိုင်း ဆံပင်အရောင်တစ်မျိုးတည်းကို အကြာကြီးထားရတာကိုတော့ မနှစ်သက်ကြပါဘူး။

ညည်းငွေ့လာတာနဲ့ အရောင်ပြန်ပြောင်းချင်တော့ ဆံသားပျက်ဆီးတာတွေဖြစ်ရတော့တာပေါ့။ ဒါပေမယ့် အခုဆိုရင် အရင်လို ဆံပင်အရောင်ကို ခဏ ခဏ ပြန်ဆိုးနေစရာမလိုတော့မယ့် နည်းလမ်းလေးတစ်ခုရှိနေပါပြီ။ အခုနောက်ဆုံးပေါ်ဆံပင်ဆိုးဆေးလေးက အခန်းအပူချိန်အလိုက်အရောင်ပြောင်းလဲတတ်တဲ့ ဆံပင်ဆိုးဆေးလေးပဲ ဖြစ်ပါတယ်။

UNSEEN လို့ခေါ်တဲ့ ဗြိတိန်အခြေစိုက်ကုမ္မဏီတစ်ခုက ဆန်းသစ်တီထွင်တဲ့စိတ်ကူးနဲ့ ထုတ်ကုန်တွေကိုထုတ်လုပ်နေတဲ့ ကုမ္မဏီတစ်ခုဖြစ်ပါတယ်။ ဒီဆံပင်ဆိုးဆေးရဲ့နာမည်ကတော့ FIRE ဖြစ်ပြီး အခန်းအပူချိန်အလိုက် အရောင်ပြောင်းတတ်တဲ့ ဆံပင်အရောင်ဆိုးဆေးတစ်မျိုးဖြစ်ပါတယ်။

မိမိကြိုက်နှစ်သက်ရာ အရောင် (၂) မျိုးကို ရွေးချယ်လို့ရပါတယ်။ ရွေးချယ်စရာအရောင်တွေကတော့ စုံပါတယ်။ ဒါပေမယ့် တစ်ခါဆိုးရင် (၂) ရောင်ပဲ ရွေးလို့ရမှာပါ။ ဥပမာ... အပြာကနေ အဖြူရောင်ပြောင်းတဲ့ဆေးဆိုးမလား။ အမဲကနေ အဖြူရောင်ပြောင်းတဲ့ဆေး ဆိုးမလား။ အမဲကနေ အနီရောင်ပြောင်းတဲ့ဆေး ဆိုးမလား။ အမဲကနေ အဝါရောင်ပြောင်းတဲ့ဆေးဆိုးမလား။ မိမိနှစ်သက်ရာကိုရွေးချယ်နိုင်ပါတယ်။

 

အရောင်ပြောင်းလဲမှုက ပတ်ဝန်းကျင်အပူချိန်ပေါ် အဓိကမူတည်နေပါတယ်။ ဒါကြောင့်မတူညီတဲ့အရောင်ပြောင်းလဲမှုတွေအတွက် မတူညီတဲ့အပူချိန်ရှိရမှာဖြစ်တဲ့အကြောင်းကိုလည်း သိထားသင့်ပါတယ်။ ဥပမာ အမဲရောင်ကနေ အနီရောင်ပြောင်းဖို့ဆိုရင် ပတ်ဝန်းကျင်အပူချိန်က ၃၁ ဒီဂရီဆဲလ်စီးယပ်လောက်ရှိဖို့လိုအပ်မှာဖြစ်ပြီး အပြာကနေ အဖြူရောင်ပြောင်းလဲဖို့ဆိုရင်တော့ ၁၅ ဒီဂရီဆဲလ်စီးယပ်စ်လောက် လိုအပ်နိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတယ်ဟုတ်။ တချို့ကလည်း ဒီဆံပင်ဆိုးဆေးက ဦးရေပြား ထိခိုက်မှာကိုစိုးရိမ်ကြပါတယ်။ ကုမ္မဏီတည်ထောင်သူလည်းဖြစ်၊ သိပ္ပံပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ Lauren Bower ကတော့ ဒီဆံပင်ဆိုးဆေးကို ဖော်စပ်ပြုလုပ်ရာမှာ အထူးဂရုစိုက်ပြုလုပ်ထားတဲ့အတွက် ဦးရေပြားနဲ့ ဆံသားကိုဘာထိခိုက်မှုမှ မဖြစ်စေနိုင်တဲ့အကြောင်း ရှင်းပြထားပါတယ်။

ဒါကြောင့်စိတ်ပူပင်စရာမလိုဘဲ စိတ်ချလက်ချသုံးနိုင်ပါတယ်။ မြန်မာပြည်ကို ဘယ်အချိန်မှရောက်လာမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။



ှSource: Youngisthan

Share

Loading Next Article...
က္က