ဆံကေသာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်လေးတွေဖြစ်ပါတယ်။


"ယောကျ်ားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး" ဆိုတဲ့ဆိုရိုးလည်းရှိပါတယ်။ မိန်းကလေးတစ်ယောက်အတွက်တော့ ဆံပင်ဟာ အရေးအကြီးဆုံးထဲမှာ ပါပါတယ်။ ဆံကေသာလေး ဖြောင့်စင်းလှပနေရင် မိန်းကလေးတစ်ယောက်ဟာ ကြည့်ပျော်ရှုပျော်ရုပ်ရည်လောက်ပဲရှိရင်တောင် ကြည့်လို့ကောင်းတယ်လို့ ခံစားရစေပါတယ်။ ကောင်းချက် (၅) ဖြာထဲမှာလည်း တစ်ပါး အပါအဝင်ဖြစ်တဲ့ ဆံကေသာနဲ့ ပတ်သက်တဲ့ အံ့သြဖွယ်အချက် (၈) ချက်ကိုဝေမျှပေးလိုက်ပါတယ်နော်။

၁။ ဆံပင်စတိုင်

ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ဦးဟာ သူမရဲ့တစ်ဘဝလုံးမှာ သူမရဲ့ဆံပင်ပုံစံကို (၁၀၄) ကြိမ်ခန့် ပြင်ဆင်ပြောင်းလဲဖူးတယ်လို့ ဆိုပါတယ်။ စစ်တမ်းကောက်ယူမှုတွေရဲ့အဆိုအရတော့ အပြောင်းအလဲလေး လုပ်ချင်လို့ဆိုတာဟာ လူပြောအများဆုံး အကြောင်းပြချက်တစ်ခုပါပဲတဲ့။

၂။ ဆံပင်အရှည်

မှတ်တမ်းတွေအရဆိုရင် ကမ္ဘာ့အရှည်လျားဆုံးဆံပင်ကို တရုပ်နိုင်ငံက အမျိုးသမီးတစ်ယောက်ပိုင်ဆိုင်ပြီး (၁၈) ပေတောင်ရှိပါသတဲ့။

၃။ ငွေကြေး

အမေရိကန်ဘောလုံးအသင်း (ကျွန်တော်တို့ ကန်နေကျခြေကန်ဘောလုံးမဟုတ်) Pittsburgh Steelers ရဲ့ ကစားသမားဟောင်း Troy Polamalu ရဲ့ဆံပင်ကို ဒေါ်လာ (၁) သိန်းနဲ့ အာမခံထားခဲ့ဖူးပါတယ်။ ဒါ့အပြင် ဆံပင်နဲ့ပတ်သက်တဲ့နောက်တစ်ခုကတော့ အဆိုတော် Elvis Presley ရဲ့ဆံပင်အနည်းငယ်ကိုလည်း လေလံပွဲတစ်ခုမှာ ဒေါ်လာ (၁) သိန်းနဲ့ရောင်းထွက်ခဲ့ပါတယ်။

၄။ သဘာဝအရောင်

 

သဘာဝအတိုင်းဖြစ်တဲ့ ဆံပင်အနီရောင်ကို ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ (၁) ရာခိုင်နှုန်းလောက်မှာပဲ မြင်တွေ့ရပါတယ်တဲ့။ ရှေးခေတ်တွေတုံးကဆို ဆံပင်နီနဲ့လူတွေကို စုန်းမ (သို့) သွေးစုပ်ဖုတ်ကောင် (သို့) သမန်းဝံပုလွေလို့ ယူဆပြီး လိုက်လံသတ်ဖြတ်ကြပါတယ်တဲ့။

၅။ ခွန်အား

ပျမ်းမျှအားဖြင့် လူ့ဆံပင်တစ်ချောင်းဟာ အလေးချိန် (၁၀၀) ဂရမ်လောက် မနိုင်ပါတယ်တဲ့။ အိန္ဒိယကလူတစ်ယောက်ဆိုရင် (၁၀) တန်ထရပ်ကားကြီးကို ကိုက် (၅၀) လောက်ရွေ့အောင် သူ့ရဲ့ဆံပင်ကိုသုံးပြီး ဆွဲခဲ့ပါတယ်တဲ့။

၆။ ရုပ်ဆင်းသဏ္ဍာန်

 

စစ်တမ်းတွေအရဆိုရင် (၉၆) ရာခိုင်နှုန်းသောအမျိုးသမီးတွေဟာ သူတို့ရဲ့အလှအပနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားမှုတွေဟာ သူတို့ရဲ့ဆံပင်နဲ့ ဆက်စပ်နေပါတယ်တဲ့။

၇။ ဖွံ့ဖြိုးမှုနှုန်း

လူတစ်ယောက်ရဲ့ဆံပင်ဟာ ပျမ်းမျှအားဖြင့် တစ်လမှာ လက်မဝက်လောက်ရှည်လာတတ်ပါတယ်။ တကယ်လို့နေရောင်ခြည်များများရပြီး ကျန်းမာတဲ့အစားအသောက်တွေကို စားသုံးမယ်ဆိုရင် ဒီထက် ပိုရှည်လာနိုင်ပါတယ်တဲ့။

၈။ ဆံပင်ညှပ်ခ

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဆံပင်ညှပ်ခကတော့ အင်္ဂလန်နိုင်ငံ၊ ကွန်ဗန့်ဥယျာဉ်ထဲက ဆံပင်ညှပ်ဆိုင်ထဲမှာ Stuart Philips ဆိုတဲ့လူ အီတလီလူမျိုးတစ်ယောက်ကို ဆံပင်ညှပ်ပေးတုံးက တောင်းခဲ့တဲ့ ဆံပင်ညှပ်ခဖြစ်ပြီး ဒေါ်လာ (၁၆၀၀၀) ကျသင့်ပါသတဲ့။

Source: DailyInfographic

Share

Loading Next Article...
က္က