အုန်းဆီကိုဆံပင်ပေါ်မှာပဲ သုံးလို့ရတာမဟုတ်ပါဘူး။ အရေပြားကျန်းမာရေးအတွက် အုန်းဆီကိုအကျိုးရှိရှိ အသုံးပြုလို့ရပါတယ်။


လူတိုင်း လူတိုင်းအစက်အပြောက်ကင်းစင်ပြီး ဖြူစင်ချောမွတ်တဲ့အသားအရေကို ပိုင်ဆိုင်လိုကြပါတယ်။ ဒါပေမယ့် အသားအရောင် ဖြူတယ် မဲတယ်ဆိုတာကို melanocytes လို့အရေပြားဆဲလ်တွေက ထုတ်လွှတ်ပေးတဲ့ melanin လို့ခေါ်တဲ့ အရေပြားပေါ်က အရောင်ပြားလေးတွေပေါ်မှာမူတည်နေပါတယ်။ ရိုးရိုးလေးတွေးကြည့်ရင် melanin ပိုမိုထုတ်လွှတ်နိုင်လေလေ အသားအရေက ပိုမဲလေလေပါပဲ။

ဒါ့အပြင် နေရောင်ခြည်၊ ပတ်ဝန်းကျင်အညစ်အကြေးတို့နဲ့အချိန်ကြာကြာထိတွေ့ခြင်း၊ ဟော်မုန်းမညီမျှမှု၊ အသားအရေခြောက်သွေ့မှု၊ အလှပြင်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှု၊ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအသောက်တွေကို စားသုံးမှု အစရှိတာတွေကြောင့်လည်း အသားမဲစေနိုင်ပါတယ်။ ဓာတုပစ္စည်းအများအပြားပါဝင်တဲ့ အလှပြင်ပစ္စည်းတွေကို အလွန်အကျွံသုံးစွဲခြင်းက အရေပြား ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ ဘာမှတော့မပူပါနဲ့။ ဒီနေ့မှာတော့ အုန်းဆီကို သုံးပြီး အသားအရေလေးဖြူဖွေးချောမွတ်အောင် ဘယ်လိုပြန်လုပ်ရမလဲဆိုတဲ့အကြောင်းလေး ပြောပြပေးသွားမှာပါနော်။

အုန်းဆီက အရေပြားအစိုဓာတ်ထိန်းသိမ်းပေးပြီး အရေပြားကာလာ မညီညာမှုတွေကိုပြောင်းလဲစေပါတယ်။ သူ့မှာပါဝင်တဲ့ lauric acid, capric acid နဲ့ caprylic acid တို့လို ဖက်တီးအက်ဆစ်တွေဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုရောဂါပိုးတွေကို ကာကွယ်တိုက်ဖျက်ပေးနိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်။ အုန်းဆီမှာပါတဲ့ ဗိုက်တာမင် အီးနဲ့ antioxidant တွေကလည်း အရေပြားဆဲလ်တွေကို ပိုမိုကျန်းမာသန်စွမ်းစေပြီး ဆဲလ်သစ်တွေပိုမိုဖွံ့ဖြိုးရေးကိုလည်းအထောက်အကူပြုပါတယ်။

နည်းလမ်း (၁) အုန်းဆီ

 

သဘာဝအုန်းဆီတစ်မျိုးတည်းဟာ အရေပြားသန့်စင်ဖို့နဲ့ အသားဖြူစေဖို့ အကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်။ အိပ်ယာဝင်ခါနီးအချိန်မှာ အရင်ဆုံး သဘာဝအုန်းဆီစစ်စစ်ကို လက်ဖဝါးထဲထည့်လိုက်ပါ။ ပြီးရင် မဲနေတဲ့အရေပြားနေရာတွေကို အုန်းဆီလေးပွတ်ပေးလိုက်ပါ။ အရေပြားကဆီကို ပိုမိုကောင်းမွန်စွာစုပ်ယူနိုင်ဖို့အတွက် အသာလေးနှိပ်နယ်ပေးလိုက်ပါ။ တစ်ညလုံးဒီတိုင်းထားပြီး အိပ်စက်လိုက်ပါ။ မနက်နိုးမှ ကြက်သီးနွေးရုံလောက် ရေနွေးလေးနဲ့ဆေးကြောပေးလိုက်ပါ။ အထက်ပါလုပ်ဆောင်ပုံအတိုင်း နေ့တိုင်းလုပ်ပေးမယ်ဆိုရင် အသားအရေလေး ပြန်လည်ဖြူဖွေးလာမှာပါ။

နည်းလမ်း (၂) အုန်းဆီနဲ့ သံပုရာရည်

 

အုန်းဆီထဲကို သံပုရာရည်လေး (၂) စက်လောက်ထည့်လိုက်တာကလည်း မဲနေတဲ့နေရာတွေကို ပြန်လည်ဖြူဝင်းလာစေဖို့ ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်ပါတယ်။ ဒီသဘာဝလိုးရှင်းလေးက မျက်နှာနဲ့ မဲနေတဲ့ ပေါင်ခြံလို နေရာမျိုးတွေကို ပြန်လည်ဖြူဝင်းလာစေဖို့ အထိရောက်ဆုံးလိမ်းဆေးဖြစ်ပါတယ်။ လိုးရှင်းလုပ်ဆောင်ဖို့ အုန်းဆီ လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာလောက်မှာ သံပုရာရည်နည်းနည်း ရောထည့်ပေးလိုက်ပါ။ ပြီးရင်ကောင်းကောင်းမွှေပေးပြီး ညအိပ်ယာမဝင်ခင် ဂွမ်းလုံးလေးနဲ့ မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပါ။ (မလိမ်းခင် မျက်နှာသစ်ပေးဖို့ မမေ့နဲ့ဦးနော်။) အဲဒီအတိုင်း (၁၅) မိနစ်၊ မိနစ် (၂၀) လောက်ထားပြီး ကြက်သီးနွေးရုံလောက်ရေနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။ အဲဒီအတိုင်း နေ့စဉ်ပုံမှန်လေးဆက်လုပ်သွားရင် သိသာထင်ရှားစွာပြောင်းလဲမှုကို တွေ့မြင်လာရမှာပါ။

Source: DIYremedies

Share

Loading Next Article...
က္က