အကောက်လေးတွေလှရင် ဆံပင်ဖြောင့်သူတွေ လိုက်မမီဘူး....

ကောက်လိုက်၊ ဖြောင့်လိုက်နဲ့ ဆံပင်ကို အမျိုးမျိုးပြောင်းလဲနေတဲ့ ကောင်မလေးတွေရှိလား? မွေးကတည်းက ဆံပင်ကောက်ကောက်လေးနဲ့ မွေးလာပြီး သဘာဝအတိုင်း လှနေတဲ့ ကောင်မလေးတွေရော ရှိလား? ဆံပင်ကောက်ထားတာဖြစ်ဖြစ်၊ မွေးရာပါ ဆံပင်ကိုက အကောက်ဖြစ်နေတာဖြစ်ဖြစ် လှအောင်နေမယ်ဆို ဆံပင်ဖြောင့်ထားသူတွေထက်တောင် လှနေဦးမှာနော်။

 

၁။ ဘီးကြဲကြဲတွေ ဝယ်ဖို့ကို မနှမျောပါနဲ့။ ဘီးကြဲကြီးတွေကမှ ကောက်ထားတဲ့ဆံပင်ကို ဖြီးသင်လို့ အဆင်ပြေတာပါ။ ဘီးစိပ်နေရင် ဆံပင်ဖွာဖွာကြီး ဖြစ်သွားလိမ့်မယ်။

၂။ ခေါင်းလျှော်ပြီးရင် ဆံပင်ကို တဘက်နဲ့ထုပ်ထားတာမျိုး မလုပ်ရဘူး။ တီရှပ်လေးနဲ့ ထုပ်ထားတာမျိုးက ပိုအဆင်ပြေတယ်။ ဆံပင်ကျိုးကြေတာတွေ မဖြစ်တော့ဘူး။

 

၃။ နောက်တစ်ခုကတော့ ဆံပင်အကောက်က လှိုင်းကြီးကြီးပုံစံမျိုး မဟုတ်ဘူးဆိုရင် ဆံပင်အရှည်ကို ပခုံးအတိ ထားတာမျိုး မလုပ်နဲ့လို့ ပြောချင်ပါတယ်။ ဘဲဥပုံ မျက်နှာသွယ်သူတွေဆိုရင် ပိုပြီးတော့ မလိုက်ဘူးနော်။

၄။ ဆံပင်ကောက်ပြီးပြီဆိုရင် ပစ်စလတ်ခတ် နေလို့ရမယ်လို့ ထင်ကြတာက အကြီးကြီးမှားယွင်းနေတာပါပဲ။ ဆံပင်ကို ကောက်လိုက်ပြီဆိုရင် ဆံသားတွေ အရမ်းပျက်စီးရပါတယ်။ အဲ့ဒီအတွက် ဆံပင်ကို ပေါင်းတင်တာမျိုးတွေ လုပ်ပေးရပါမယ်။

 

၅။ ညအိပ်ရင် ဆံပင်ကို ခေါင်းစည်းကြိုးနဲ့ ခပ်ပွပွစည်းပြီးအိပ်ပါ။ မနက်မိုးလင်းလာလို့ ဆံပင်တွေရှုပ်ပြီး အကြာကြီးရှင်းနေရတဲ့ အချိန်ကုန်တဲ့ဒုက္ခကနေ ဝေးသွားတာပေါ့။

Share

Loading Next Article...
က္က