အဆန်းကြီးတွေ....

ဖက်ရှင်ဆိုတာက အသစ်တွေ ထွက်ပေါ်လာတာလည်းရှိတယ်။ ဟိုးအရင်က ဖက်ရှင်တွေ တစ်ကျော့ပြန်ရေပန်းစားတာလည်းရှိတယ်။ ဒီမဟုတ်ဘဲ အရင်ပုံစံကို လက်ရှိခေတ်ကာလနဲ့ညီအောင် ဆန်းသစ်တာမျိုးလည်းရှိသေးတယ်။ ခုတလော ရောင်းချနေတဲ့ ဖက်ရှင်ဆန်းတွေထဲမှာ အူကြောင်ကြောင်ဖက်ရှင်တွေလည်း တွေ့နေရတယ်။



 

၁။ နှစ်ပိုင်းဖြတ်ဂျင်းဘောင်းဘီ

ကလေးသေးခံ (diaper)နဲ့တောင် တူနေသေးတယ်။ ဂျင်းဘောင်းဘီရှည်ကိုမှ နှစ်ပိုင်းဖြတ်ထားတာလေ။ ဘယ်လိုကြည့်ကြည့် မလှတဲ့ဒီဇိုင်းကြီး။

 

၂။ လက်မောင်းချိတ်တဲ့အိတ်

လက်ကိုင်အိတ်ပဲကြားဖူးတယ်။ ခုကျမှ လက်မောင်းချိတ်အိတ်တဲ့။ လက်မောင်းနဲ့လက်ကောက်ဝတ်ကို ချိတ်ထားပုံက အတော်ကို အူကြောင်ကြောင်နိုင်လွန်းတယ်။ သယ်ရတာလည်း အတော်အလုပ်ရှုပ်မှာ။

 

၃။ အမျိုးသားဝတ်ဇာဝမ်းဆက်

ဘယ်လိုလူတွေ ဝတ်မလဲဆိုတာတော့ မပြောတတ်ဘူး။ ပုံထဲမှာ ဝတ်ပြထားတဲ့မော်ဒယ်တွေကို ကြည့်တာနဲ့တင် သိနိုင်မယ်ထင်ပါရဲ့။ ကိုယ့်အသိ အမျိုးသားတွေကို လက်ဆောင်ပေးမိရင် အဆဲခံလိုက်ရမယ့်ဖြစ်ချင်းနော်။

၄။ အမွေးတွေနဲ့ ရေကူးဝတ်စုံ

ဘီကီနီလို ရှိုက်ဖိုကြီးငယ်လည်း မပေါ်ဘူး။ လုံလုံခြုံခြုံရှိတဲ့ ရေကူးဝတ်စုံ ဆိုပေမဲ့ အမွေးတွေနဲ့ ရင်သားထိပ်သီးပုံစံတွေကို မြင်ရတော့ တော်တော်လေးဆက်စီကျတယ်ထင်ရတယ်။

ဒီအကြောင်းအသေးစိတ်ကိုဖတ်ချင်ရင် ---> လုံလုံခြုံခြုံဆိုပေမဲ့ ဆက်စီကျလွန်းတဲ့ ရေကူးဝတ်စုံသစ်

 

၅။ ပလတ်စတစ်ဘောင်းဘီ

ဝတ်ရဲတဲ့လူမှ ဝတ်ပါ။ ဘောင်းဘီအသားအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး ပေါ်နေတဲ့အထဲကိုမှ ပလတ်စတစ်နဲ့ချုပ်ထားတဲ့ ဘောင်းဘီကို ရောင်းနေသေးတယ်။

Source : Aunty Acid


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က