ရှားစောင်းလက်ပတ်ဟာ အလှအပရေးရာ၊ ကျန်းမာရေးဆိုင်ရာ၊ ဆံကေသာရေးရာ အားလုံးမှာအသုံးဝင်ပါတယ်။


ရှားစောင်းလက်ပတ်ကို အလှကုန်ပစ္စည်းတွေမှာအသုံးပြုကြလေ့ရှိပါတယ်။ သူ့ရဲ့ဘက်တီရီးယားနဲ့ဗိုင်းရပ်စ်ပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းကြောင့် အလှကုန်ပစ္စည်းထုတ်လုပ်သူတွေဟာ ရှားစောင်းလက်ပတ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ ရှားစောင်းလက်ပတ်ပင်ကို ကျွန်တော်တို့အိမ်က ဥယျာဉ်ထဲမှာ (ဒါမှမဟုတ်) ဝရန်တာမှာ အလွယ်တကူစိုက်ပျိုးနိုင်ပါတယ်။ ဒီတစ်ခါတော့ ရှားစောင်းလက်ပတ်ကို အသုံးပြုလို့ရတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အလှအပရေးရာမှာသုံးမယ်

 

-ခြောက်သွေ့နေတဲ့အရေပြားတွေကိုကုသဖို့အတွက်ဆိုရင် ရှားစောင်းလက်ပတ်အနှစ်ရယ်၊ နနွင်းမှုန့်နည်းနည်းရယ်၊ ပျားရည် လက်ဖက်ရည်ဖျော်ဇွန်းနဲ့တစ်ဇွန်းစာလောက်ရယ်၊ နွားနို့ လက်ဖက်ရည်ဖျော်ဇွန်းနဲ့တစ်ဇွန်းစာလောက်ရယ်၊ နှင်းဆီရေ (rose water, အလှကုန်ဆိုင်တွေမှာဝယ်လို့ရ) (၃) စက်လောက်ရယ်ကိုယူပြီး ရောသမမွှေလိုက်ပါ။ ပြီးရင် ခြောက်သွေ့နေတဲ့အရေပြားပေါ်မှာ လိမ်းပြီး မိနစ် (၂၀) လောက် ထားလိုက်ပါ။

-ဝက်ခြံအတွက်ဆိုရင် ရှားစောင်းလက်ပတ်အနှစ်နည်းနည်းရယ်၊ သစ်ကြားစေ့အမှုန့်ရယ်၊ ပျားရည်ရယ်ကိုယူပြီးရောမွှေလိုက်ပါ။ ပြီးရင် ဝက်ခြံပေါက်နေတဲ့အရေပြားပေါ်ကို လိမ်းပေးလိုက်ပါ။ ပျားရည်မှာပါတဲ့ anti-oxidant နဲ့ ရှားစောင်းလက်ပတ်မှာပါတဲ့ ဒဏ်ရာပျောက်ကင်းစေတဲ့ဂုဏ်သတ္တိပေါင်းလိုက်ရင် အရေပြားလေးသန့်စင်ချောမွတ်သွားပြီပေါ့။

-အလာ့ဂျစ်ဖြစ်လွယ်တဲ့အသားအရေအတွက်ဆိုရင် ရှားစောင်းလက်ပတ်အနှစ်နည်းနည်းရယ်၊ သခွားသီးအရည်နည်းနည်းရယ်၊ ဒိန်ချဉ်ရယ်၊ နှင်းဆီ အဆီရယ်ကိုယူပြီး ရောမွှေပေးလိုက်ပါ။ ပြီးရင်အရေပြားပေါ်မှာ လိမ်းပေးပြီး မိနစ် (၂၀) လောက်ကြာအောင် ထားပေးလိုက်ပါ။ ပြီးမှရေအေးအေးလေးနဲ့ ဆေးပေးလိုက်ပါ။

၂။ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက်သုံးမယ်

 

ရှားစောင်းလက်ပတ်ကို အလှအပရေးရာတစ်ခုတည်းမှာပဲသုံးလို့ရတာမဟုတ်ပါဘူး။ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ ဗိုက်တာမင်နဲ့သတ္ထုဓာတ်တွေက ကိုယ်အလေးချိန်ကျဆင်းရေးမှာလည်း အထောက်အကူပြုနိုင်ပါသေးတယ်။ ဘယ်လိုသုံးရမလဲဆိုတော့ ရှားစောင်းလက်ပတ်အနှစ်ကို ဖျော်ရည်လုပ်သောက်ပြီး ကိုယ်အလေးချိန်ကျဆင်းအောင် ပြုလုပ်လို့ရပါတယ်။ ရှားစောင်းလက်ပတ်အနှစ်က ခါးလွန်းတော့ ဒီတိုင်းသောက်ဖို့တော့မလွယ်ပါဘူး။ ဒါကြောင့် ရှားစောင်းလက်ပတ်အနှစ်ကိုယူပြီး တခြားသစ်သီးတွေနဲ့ရောသောက်နိုင်ပါတယ်။ ပျားရည်တို့၊ သံပုရာရည်တို့နဲ့ရောပြီး သောက်လို့လည်းရပါတယ်။

၃။ ဆံပင်ကျွတ်ခြင်းကိုတားဆီးဖို့အတွက်သုံးမယ်

 

ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ proteolytic အင်ဇိုင်းတွေဟာ ဦးရေပြားပေါ်မှာရှိတဲ့ အရေပြားဆဲလ်သေတွေကို ကုသပေးနိုင်ပါတယ်။ နောက်ပြီးရှားစောင်းလက်ပတ်ဟာ ဆံပင်ကိုပျော့ပြောင်းချောမွေ့စေဖို့ conditioner တစ်မျိုးအဖြစ် အသုံးပြုနိုင်ပါသေးတယ်။ ဆံပင်ကျွတ်ခြင်းကိုတားဆီးဖို့အတွက်ကတော့ ရှားစောင်းလက်ပတ်အနှစ်နဲ့အုန်းဆီကိုရောပြီး တစ်ပတ်တစ်ခါလောက်လိမ်းပေးရင်ရပါပြီ။ (၄) (၅) ပတ် လောက်ကြာရင် သိသာပြောင်းလဲမှုကိုတွေ့မြင်ရမှာပါ။

Source: Food.ndtv

Share

Loading Next Article...
က္က