ကိုယ်တိုင်ပြုလုပ်တဲ့ရှားစောင်းလက်ပတ်အနှစ်ကတော့ ဆိုင်မှာရောင်းတာထက် ဈေးလည်းပိုသက်သာပြီး ပိုလည်းစိတ်ချရတာပေါ့။


ရှားစောင်းလက်ပတ်အနှစ်ဟာ သဘာဝအလျောက်ရရှိနိုင်တဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို နေလောင်ဒဏ်ကုသရာမှာ၊ အရေပြားအစိုဓာတ်ထိန်းသိမ်းရာမှာ၊ ယားယံခြင်းကိုသက်သာ စေဖို့ ကုသရာမှာအသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပက်အနှစ်ကို ဆိုင်မှာဝယ်လို့ရသလို ကိုယ်တိုင်လည်းပြုလုပ်လို့ရပါတယ်။ ကိုယ်တိုင်ပြုလုပ်တဲ့ရှားစောင်းလက်ပတ်အနှစ်ကတော့ ဆိုင်မှာရောင်းတာထက် ဈေးလည်းပိုသက်သာပြီး ပိုလည်းစိတ်ချရတာပေါ့။ နောက်ပြီးရှားစောင်းလက်ပတ်အနှစ်ကို တခြားပါဝင်ပစ္စည်းတွေနဲ့လည်းရောပြီး တာရှည်ပိုခံအောင်ဖန်တီးလို့ရပါတယ်။

ပြုလုပ်နည်း

ရှားစောင်းလက်ပတ်အနှစ်မထုတ်ခင် အရင်ဆုံးလက်ကိုစင်ကြယ်အောင်ဆေးကြောပါ။ ရှားစောင်းလက်ပတ်အနှစ်ကို သန့်စင်နေစေဖို့အတွက် သန့်ရှင်းတဲ့လက်တွေ၊ သန့်ရှင်းတဲ့ပစ္စည်းကိရိယာတွေကို အသုံးပြုဖို့တော့လိုပါတယ်။ ရှားစောင်းလက်ပတ်ပင်ရဲ့ အပြင်ဘက်က အရွက်တွေက ပိုမိုရင့်မှည့်လို့ အပြင်ဘက်ခြမ်းက ကိုယ်လိုသလောက်ရှားစောင်းလက်ပတ်အရွက်တွေကို ဓားထက်ထက်တစ်လက်နဲ့ ဖြုတ်ထုတ်လိုက်ပါ။ အရွက်ထဲမှာ လတ်ဆတ်သန့်ရှင်းတဲ့အဆီအနှစ်တွေအများကြီး ပါရှိနိုင်ပါတယ်။ (၂) ရွက်လောက်ဆို အနှစ် ခွက်ဝက်စာလောက်ရနိုင်ပါတယ်။ ပြီးရင်အရွက်တွေကို ခွက်တစ်ခွက်ထဲမှာ ထောင်ထည့်ထားလိုက်ပြီး အစေးတွေကိုခဏစစ်ထုတ်လိုက်ပါ။ အစေးတွေကအရေပြားကိုယားယံစေလို့ စစ်ထုတ်လိုက်တာအကောင်းဆုံးပါပဲ။

ပြီးရင် အာလူးလှီးဓားတစ်လက်နဲ့ ရှားစောင်းလက်ပတ်ရွက်ရဲ့ဇောင်းလေးတွေကို ဂရုတစိုက်လှီးထုတ်လိုက်ပါ။ အတွင်းပိုင်းကအဖြူရောင်အပိုင်းထိရောက်ဖို့တော့ ဂရုစိုက်လိုက်ပါ။ ဒါမှလည်း အထဲက အနှစ်ကို ရရှိမှာဖြစ်ပါတယ်။ အရွက်တစ်ရွက်ချင်းစီရဲ့ဇောင်းတစ်ဖက်စီကိုလှီးထုတ်ပြီး ကနူးလှေပုံစံချိုင့်ခွက်ပုံလေးတွေပေါ်အောင်လုပ်လိုက်ပါ။ ပြီးရင်တော့ ဓားထက်ထက်တစ်လက်ကိုယူပြီး အထဲကအနှစ်ကို ကော်ထုတ်လိုက်ပါ။ ပြီးရင်ခွက်တစ်ခွက် (သို့) ဘူးတစ်ဘူးထဲကို ထည့်လိုက်ပါ။ ရေရှည်သိမ်းထားဖို့စိတ်ကူးတယ်ဆိုရင်တော့ ဗိုက်တာမင် စီအမှုန့် (၅၀၀) မီလီဂရမ်လောက်ကိုရောထည့်ပေးလိုက်ပါ။ ပြီးရင် သမသွားစေဖို့အတွက် အသီးဖျော်စက်ထဲထည့်ပြီး မွှေပေးလိုက်ပါဦး။ ရလာတဲ့အနှစ်ကို ဘူးထဲပြန်ထည့်ပြီး ရေခဲသေတ္တာထဲထည့်သိမ်းထားလို့ရပါပြီ။ ပြီးရင်တော့ ရှားစောင်းလက်ပတ်အနှစ်ကို နေလောင်ဒဏ်လိုမျိုး အပေါ်ယံဒဏ်ရာမျိုးကို ကုသရာမှာသုံးနိုင်သလို အရေပြားအစိုဓာတ်ထိန်းသိမ်းဆေး (moisturizer) တစ်မျိုးအဖြစ်လည်း အသုံးပြုလို့ရပါတယ်။

သင်စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာ (ရှားစောင်းလက်ပတ်ကို စွယ်စုံအသုံးချနည်း)

 

Source: Wikihow

Share

Loading Next Article...
က္က