လက်သည်းရှည်ထားရတာလည်း မလွယ်ပါဘူး။ လက်သည်းလေးတွေက ပျော့ပျောင်းပြီး ကျိုးလွယ်ပဲ့လွယ်မယ်ဆိုရင် အလှပျက်ရုံသာမက တစ်ခါတလေ လက်သည်းပန်းကုံးထိတဲ့အထိ ကျိုးသွားရင် အသည်းခိုက်အောင်နာကျင်ပါတယ်။


ပျိုမေတို့ရဲ့အလှအပရေးရာထဲမှာ ဖြူဖွေးလှပတဲ့လက်ချောင်းလေးတွေနဲ့ပနံရလိုက်ဖက်ညီတဲ့ လက်သည်းရှည်လေးတွေလည်း ပါဝင်ပါတယ်။ လက်သည်းလေးတွေက မာကျောလှပနေမယ်ဆိုရင် manicure လို့ခေါ်တဲ့ လက်သည်းအလှဆင်တာလေးတွေလည်း လုပ်လို့ရပြီး လူကြားထဲမှာတင့်တယ်လှပနိုင်ပြီပေါ့။ ဒါပေမယ့် လက်သည်းရှည်ထားရတာလည်း မလွယ်ပါဘူး။ လက်သည်းလေးတွေက ပျော့ပျောင်းပြီး ကျိုးလွယ်ပဲ့လွယ်မယ်ဆိုရင် အလှပျက်ရုံသာမက တစ်ခါတလေ လက်သည်းပန်းကုံးထိတဲ့အထိ ကျိုးသွားရင် အသည်းခိုက်အောင်နာကျင်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် လက်သည်းလေးတွေကို ပိုမို ခိုင်ခန့်လှပစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သံလွင်ဆီ





သံလွင်ဆီမှာပါဝင်တဲ့ဓာတ်တွေဟာ လက်သည်းကိုအစိုဓာတ်ထိန်းသိမ်းပေးနိုင်လို့ လက်သည်းခွံတွေကို ပျော့ပျောင်းနူးညံ့ပြီး တောက်ပြောင်စေပါတယ်။ နောက်ပြီး လက်သည်းခွံပေါ်မှာဖြစ်တတ်တဲ့ အစင်းကြောင်းတွေကိုလည်း လျင်မြန်စွာပျောက်ကင်းအောင်ကုသပေးနိုင်ပါတယ်။ ဒါကြောင့်လှပပြီး ကျန်းမာသန်စွမ်းတဲ့လက်သည်းလေးတွေကို ပိုင်ဆိုင်ဖို့အတွက်ကတော့ သံလွင်ဆီက အကောင်းဆုံး ဆေးမြီးတိုတစ်မျိုးပါပဲ။

အရင်ဆုံး သံလွင်ဆီကိုအပူနွေးနွေးလေးပေးပြီး လက်ဖက်ရည်ဇွန်းနဲ့ (၃) ဇွန်းစာလောက်ယူလိုက်ပါ။ ပြီးရင်လက်သည်းလေးတွေပေါ်လိမ်းပြီး ညင်ညင်သာသာလေး နှိပ်နယ်ပေးလိုက်ပါ။ (၁၅) မိနစ်၊ မိနစ် (၂၀) လောက်ထားပြီးရင်တော့ ရေပြန်ဆေးလို့ရပါပြီ။ ဒီပုံစံအတိုင်း တစ်နေ့ (၂) ကြိမ်၊ (၃) ကြိမ်လောက် နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် အကောင်းဆုံးရလဒ်တွေကို ပိုင်ဆိုင်နိုင်ပါပြီနော်။

၂။ လက်ဖက်စိမ်း





လက်ဖက်စိမ်းဟာ လက်သည်းတွေအတွက်တော့ကောင်းပါတယ်။ Antioxidant ကြွယ်ဝစွာပါဝင်တဲ့အတွက် လက်ဖက်စိမ်းဟာ လက်သည်းတွေရဲ့ ကြွပ်ဆတ်ဆတ်နိုင်မှုကိုထိန်းချုပ်ပြီး ပိုမိုခိုင်မာအောင် ကူညီပေးနိုင်ပါတယ်။ နောက်ပြီး လက်ဖက်စိမ်းဟာ လက်သည်းပေါ်ကအဝါရောင်သမ်းနေတဲ့နေရာတွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့အတွက် လက်သည်းတွေကိုဝင်းလက်တောက်ပစေပါတယ်။

ပြုလုပ်နည်းကတော့ လက်ဖက်စိမ်းကိုရေနွေးရောပြီး ခွက်တစ်ခွက်ထဲမှာ အအေးခံထားလိုက်ပါ။ အေးသွားပြီဆိုတာနဲ့ လက်သည်းလေးတွေကိုနှစ်ပြီးစိမ်ထားပေးလိုက်ရုံပါပဲ။ (၁၀) မိနစ်၊ (၁၅) မိနစ်လောက်ကြာရင် ပြန်ထုတ်ပြီး လက်ကိုင်ပဝါတစ်ထည်နဲ့သုတ်ပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ (၂) ကြိမ်၊ (၃) ကြိမ်လောက်ပြုလုပ်ပေးသင့်ပါတယ်။

၃။ ပန်းသီးရှာလကာရည်





ပျော့ပြီး ကျိုးလွယ်တဲ့လက်သည်းတွေဟာ မှိုလည်းစွဲနေနိုင်ပါတယ်။ ဒါကြောင့် ပန်းသီးရှာလကာရည်ကိုသုံးပြီး မှိုတွေကိုဖယ်ရှားနိုင်ပါသေးတယ်။ ပန်းသီးရှာလကာရည်မှာ အက်ဆစ်ဓာတ်ပါတဲ့အတွက် မှိုတွေကို ဖယ်ရှားရာမှာ အကောင်းဆုံးရလဒ်ကိုရရှိစေပါတယ်။ နောက်ပြီး ပန်းသီးရှာလကာရည်မှာ ပိုတက်စီယမ်၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တို့လို လက်သည်းကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ပြုလုပ်ဖို့လိုအပ်တာကတော့... ဘာနဲ့မှမရောရသေးတဲ့ ပန်းသီးရှာလကာရည်သန့်သန့်တစ်ခွက်ကို ခွက်တစ်ခွက်ထဲမှာ ရေနဲ့ဆတူရောလိုက်ပါ။ ပြီးရင်လက်သည်းတွေကို (၁၀) မိနစ်ကနေ (၁၅) မိနစ်လောက် စိမ်ထားပြီး လက်ကိုင်ပုဝါနဲ့ပြန်သုတ်ပေးလိုက်ပါ။ ဒါကိုလည်း နေ့စဉ်ပုံမှန်လုပ်သွားပေးမယ်ဆိုရင် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ထူးခြားတဲ့ရလဒ်ကိုတွေ့မြင်ရမှာပါ။

Source: Youngisthan

Share

Loading Next Article...
က္က