မိန်းကလေးတိုင်းအလှအပကို ထိန်းသိမ်းလိုကြပါတယ်။ ဒါပေမယ့် ဓာတုပစ္စည်းတွေအများကြီးပါဝင်တဲ့ အလှကုန်ပစ္စည်းတွေက လူကိုရေရှည်မှာအန္တရာယ်ဖြစ်စေနိုင်တော့ ပုံမှန်အသုံးမပြုသင့်ပါဘူး။


မိန်းကလေးတိုင်းအလှအပကို ထိန်းသိမ်းလိုကြပါတယ်။ ဒါပေမယ့် ဓာတုပစ္စည်းတွေအများကြီးပါဝင်တဲ့ အလှကုန်ပစ္စည်းတွေက လူကိုရေရှည်မှာအန္တရာယ်ဖြစ်စေနိုင်တော့ ပုံမှန်အသုံးမပြုသင့်ပါဘူး။ အဲဒီအစား အလှအပထိန်းသိမ်းရာမှာ အသုံးဝင်မယ့် ဆီလေးတွေရှိပါသေးတယ်။ ဒီဆီလေးတွေကိုသုံးပြီး အလှအပဘယ်လိုထိန်းသိမ်းမလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

၁။ နှမ်းဆီ

14738810-27433960-80-0-1497551676-1497551735-650-1-1497551735-650-2584e8cede-1497707793.jpg 

နှမ်းဆီမှာ ပိုလီဗိုက်တာမင်အက်ဆစ်နဲ့ အခြားအာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ ဒါကြောင့်နှမ်းဆီနဲ့ပလုတ်ကျင်းပေးမယ် ဆိုရင် သွားလေးတွေပိုမိုဖြူဝင်းလာပြီး သွားဖုံး၊ အာခံတွင်းနဲ့လျှာကျန်းမာရေး ကိုလည်း အထောက်အကူပြုပေးနိုင်မှာပါ။

ဘယ်လိုလုပ်ရမလဲဆိုတော့ အရင်ဆုံးနှမ်းဆီအနည်းငယ်ကို ပါးစပ်ထဲထည့်ငုံပြီး (၁၀) မိနစ်၊ (၁၅) မိနစ်လောက်ကြာအောင်ထားပေးပါ။ ပြီးရင်ဆီကို ပြန်ထွေးထုတ်လိုက်ပါ။ ပြီးတာနဲ့ မုန့်ဖုတ်ဆိုဒါနဲ့ရေနွေးနည်းနည်းနဲ့ကိုရောပြီး ပြန်သန့်ရှင်းပေးလိုက်ပါ။ ဒီနည်းလမ်းအတိုင်း ပုံမှန်လုပ်ပေးမယ်ဆိုရင် သွားတွေကို ပိုမိုဖြူဖွေးစေမှာပါ။

၂။ ခေါင်ရမ်းပန်းဆီ

14738860-27636910-81-0-1497551848-0-1497621032-0-1497655420-1497655427-650-1-1497655427-650-2584e8cede-1497707793.jpg 

ခေါင်ရမ်းပန်းဆီက ဆံပင်ပါးတဲ့လူတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။ နောက်ပြီး ခေါင်ရမ်းပန်းဆီထဲမှာပါတဲ့ ဗိုက်တာမင်စီက ဆံပင်ထဲမှာရှိတဲ့ ကိုုလာဂျမ်ဓာတ်ကိုတိုးမြင့်စေပြီး အမိုင်နိုအက်ဆစ်ကလည်း ဆံပင်အရင်းထိ သန်မာစေပါတယ်။ နောက်ပြီးခေါင်ရမ်းပန်းဆီက ဆံပင်တွေကိုပိုမိုတောက်ပြောင်လှပစေပါတယ်။ ဒါကြောင့်ဆံပင်အုံလည်း ပိုထူလာပြီး ဆံပင်ပါးတဲ့လူတွေအတွက် သိသာထင်ရှားတဲ့ ပြောင်းလဲမှုကိုတွေ့မြင်ရမှာပါ။

ပြုလုပ်နည်းကတော့ ခေါင်းလျှော်ရည် (၁၀၀) မီလီလီတာထဲကို ခေါင်ရမ်းပန်းဆီ (၃) စက်လောက်ထည့်လိုက်ပါ။ ပြီးရင်ခေါင်းလျှော်ရည်ကို ခေါင်းပေါ်တင်ပြီးလျှော်လို့ရပါပြီ။ ချက်ချင်းရေဆေးမချဘဲ (၂) မိနစ်၊ (၃) မိနစ်လောက်ထားပေးလိုက်ပါဦး။ ပြီးရင်ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။ ပြီးရင်တော့ ပျော့ဆေး၊ ပေါင်းဆေးထည့်ပေးလို့လည်း ရပါတယ်။ ဆံပင်ပုံမှန်ရှိသူတွေဆိုရင်တော့ ဆံပင်ညှပ်ဆရာနဲ့အရင်တိုင်ပင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ခေါင်ရမ်းပန်းဆီထဲမှာ အရောင်ပြောင်းလဲစေတဲ့ဓာတ်တွေ ပါဝင်လို့ပါပဲ။

၃။ ကြက်ဆူဆီ

14738910-27434360-82-1-0-1497552065-1497552068-650-1-1497552068-650-2584e8cede-1497707793.jpg 

ကြက်ဆူဆီနဲ့ပတ်သက်ပြီး ဆိုးဝါးတာတစ်ခုကတော့ သူ့ရဲ့အနံ့ပါပဲ။ ကျန်တာတွေကတော့ ကောင်းပါတယ်။ ကြက်ဆူဆီမှာပါဝင်တဲ့ပစ္စည်းတွေဟာ ဆဲလ်ကွဲပွားမှုနှုန်းကိုမြင့်တင်ပေးပါတယ်။ သူ့မှာပါတဲ့ စတီးရားရစ်နဲ့ လီနိုလီးယစ်အက်ဆစ် တွေဟာ အစိုဓာတ်ထိန်းသိမ်းပေးပြီး အမွှေးငယ်လေးတွေကို ကျဲပါးခြင်း၊ ခြောက်သွေ့ခြင်းတို့မှကာကွယ်ပေးပါတယ်။

ပြုလုပ်နည်းကတော့ မျက်တောင်ကော့ဆေးဘူး ဟောင်းတစ်လုံးကိုရေနွေးနဲ့သေချာဆေးကြောပြီး ကြက်ဆူဆီနည်းနည်း ထည့်လိုက်ပါ။ ပြီးရင်ခပ်နွေးနွေးနေရာတစ်နေရာမှာ ခဏထားလိုက်ပါ။ ပြီးရင် မျက်တောင်ကော့ဆေးဘူးထဲက ကြက်ဆူဆီကို အိပ်ယာမဝင်ခင် မျက်ခုံးနဲ့ မျက်တောင်မှာလိမ်းပေးလို့ရပါပြီ။ ထူးခြားပြောင်းလဲမှုကို (၂) ပတ်အတွင်းမြင်တွေ့ရမှာပါ။

Source: Brightside.me

Share

Loading Next Article...
က္က