ဈေးမကြီးတဲ့ပစ္စည်းလေးတွေဆိုုတော့ ဆောင်ထားလိုက်ပါ။

မိန်းကလေးတိုင်း အလှအပတော့ ကြိုက်ကြတယ်။ အလှအပဆိုတဲ့နေရာမှာ မိတ်ကပ်လည်း ပါသလို အသားအရေလှတာကိုပဲ ဦးစားပေးသူတွေရှိတယ်။ မိတ်ကပ်မကြိုက်တဲ့ မိန်းကလေးတွေအနေနဲ့ ဒါလေးတွေကိုတော့ အမြဲတမ်း ပိုင်ဆိုင်ထားပါလို့ အကြံပေးချင်တယ်နော်။

၁။ နှုတ်ခမ်းနီ

img_3081-jpg.jpg 

နှုတ်ခမ်းနီဆိုတဲ့အတိုင်း အနီရောင် နှုတ်ခမ်းနီလေးကို ရွေးချယ်ပါ။ အနီရောင်မှာမှ အနီစိုစို၊ ကြက်သွေး၊ ချယ်ရီ စသဖြင့် အမျိုးမျိုးရှိတယ်။ ကိုယ့်အသားအရောင်နဲ့လိုက်မယ့် အနီရောင်နှုတ်ခမ်းနီတစ်တောင့်တော့ မရှိမဖြစ်လိုတယ်။ ပွဲသွားပွဲလာအတွက် ဆိုးလို့ရသလို မျက်နှာဗြောင်ကြီးဖြစ်နေချိန်မှာ နှုတ်ခမ်းနီလေးဆိုးလိုက်ရင် မျက်နှာက လင်းသွားရော။

၂။ မိတ်ကပ်ဖျက်တစ်ရှုး

k7qw0jnlz4jspwf4fdwa.png 

ညဘက် အိမ်ပြန်ရောက်တာနဲ့ ဘာမှမလုပ်ချင် မကိုင်ချင်လောက်အောင် ပင်ပန်းနေပြီ။ မျက်နှာတောင် မသစ်နိုင်တော့ဘူးဆိုရင် မိတ်ကပ်ဖျက်တစ်ရှုးအစိုလေးတွေကိုပဲ အားကိုးရမယ်။ မိတ်ကပ်လိမ်းမှ အသုံးလိုတာမဟုတ်ပါဘူး။ မျက်နှာမှာ ကပ်နေတဲ့ အဆီ၊ အညစ်အကြေးတွေကို သန့်စင်ပေးဖို့လည်း ဖြစ်ပါတယ်။

၃။ မျက်တောင်ကော့ဆေး

01-Best-Drugstore-Mascara_287549603-popcorner-1024x683.jpg 

မိတ်ကပ်မကြိုက်ဘူးဆိုပေမဲ့ လှတော့လှချင်တယ်ဆို မျက်လုံးလေးတွေကို ပစ်မထားနဲ့။ သူတို့က ဆွဲဆောင်မှုပြင်းတယ်။ မျက်တောင်ကော့ဆေးလေး တစ်ဘူးလောက်ဆောင်ထားသင့်တယ်။

Share

Loading Next Article...
က္က