ပွယောင်းယောင်းတွေနဲ့ ဘိုသီဘတ်သီဖြစ်အောင် မနေနဲ့။

ခေးတို့၊ မွီးတို့ရေ ပုမှနုတာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ ပုပုလုံးလုံးလေးဖြစ်နေရင်လည်း ဖက်ရှင်မကျ ၊ မလှမပကြီး ဖြစ်နေမှာနော်။ ကိုယ့်ကို သွယ်သွယ်လေး ဖြစ်သွားအောင် ဖက်ရှင်ကျကျ ဝတ်လိုက်မယ်ဆို ပုလို့ပုမှန်းတောင် မသိရဘူး။ တကယ့်အမိုက်စားလေး ဖြစ်နေတော့မှာ။



၁။ အပေါ်အောက်တစ်ရောင်တည်း

how-to-dress-taller-4.jpg 

အကျႌရော ဘောင်းဘီ/စကတ်ကိုပါ တစ်ရောင်တည်းရွေးဝတ်ကြည့်ပါ။ ခေါင်းအစ ခြေအဆုံး တစ်ရောင်တည်းဆိုရင် ကိုယ့်ရဲ့အရပ်က ရှိရင်းစွဲထက် ပိုရှည်တယ်လို့ ထင်ရစေတယ်။

၂။ ခါးအမြင့်

how-to-dress-taller-7.jpg 

စကတ်တွေ၊ ဘောင်းဘီတွေဝတ်ရင် ချက်နားတစ်ဝိုက်နဲ့ ချက်ပြုတ် ဝတ်ကြတယ်။ အရပ်လေးပိုရှည်တဲ့ပုံစံ ဖြစ်ချင်ရင်တော့ ခါးမြင့်မြင့်နဲ့ စကတ်တွေ၊ ဘောင်းဘီတွေကို ဝတ်ကြည့်ပါ။ သတိထားရမှာကတော့ ဗိုက်ခေါက်အရမ်းထူသူတွေက ခါးနိမ့်လွန်း၊ မြင့်လွန်းတာတွေနဲ့ သိပ်အဆင်မပြေဘူး။

၃။ လက်မောင်းတွေ

how-to-dress-taller-5.jpg 

လက်မောင်းသားလေးတွေ ထုတ်ပြလိုက်ပါ။ ခုခေတ်စားနေတဲ့ ပုခုံးလျော (shoulder off) ဒီဇိုင်းလေးတွေ စမ်းဝတ်ကြည့်ပါလား။ အကျႌလက်ရှည်တွေက အရပ်ကို ပိုပုသလို ဖြစ်သွားစေတယ်။

၄။ လည်ထောင်

how-to-dress-taller-14.jpg 

လည်ထောင်အကျႌလေးတွေက ဝတ်လိုက်ရင် လူကိုပုံစံပြောင်းသွားစေတယ်။ စမတ်ကျကျလေး ဖြစ်သွားတာ။ ယောက်ျားလေးတွေကလည်း လည်ထောင်အကျႌလေးနဲ့ ကောင်မလေးတွေကိုဆို သတိထားမိတယ်တဲ့။

၅။ အသားရောင်ဒေါက်

how-to-dress-taller-1.jpg 

အရပ်ရှည်ချင်ရင် ဒေါက်ဖိနပ်စီးတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဒေါက်အရောင်က ထင်းလွန်းနေတဲ့အခါ လူတွေအာရုံစိုက်စရာ ဖြစ်သွားတယ်။ ကိုယ့်အရပ်က ပုလို့ အတင်းကာရော ရှည်ချင်နေတယ်လို့ ပြောနေသလိုပဲ။ ဒါကြောင့်မို့လို့ ဒေါက်မြင့်စီးမယ်ဆိုရှု် ကိုယ့်အသားရောင်နဲ့ ညီနေမယ့် ဖိနပ်ရောင်ကို ရွေးပါလို့ အကြံပေးလိုက်ပါတယ်နော်။

Source : Bazaar


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က