စမ်းလုပ်ကြည့်တာတော့ အဆင်ပြေတယ်။

ပူပြင်းတဲ့ နွေကာလလည်းကုန်ပြီ။ အေးမြတဲ့ မုတ်သုန်ရာသီလေးဟာ သဘောကျချင်စရာတော့ ကောင်းပါရဲ့။ အပြင်ထွက်လို့ မိုးမိပြီး အဝတ်တွေစို၊ လျှော်ထားတာတွေ တော်တော်နဲ့မခြောက်တာကလွဲရင်ပေါ့လေ။ လျှပ်စစ်မီးကလည်း မမှန်တော့ အဝတ်ခြောက်စက်ကို သုံးမရတဲ့အချိန် အတော်ဒုက္ခရောက်ရတာပဲ။

 

အဝတ်မြန်မြန်ခြောက်ချင်ရင်တော့ ဒီနည်းလေး စမ်းကြည့်ပါလား။ လျှော်ထားပြီးတဲ့ အဝတ်စိုတွေကို ရေပြောင်အောင် ညှစ်လိုက်ပါ။ ရေပြောင်အောင်ညှစ်ပြီးသွားရင်တော့ ခြောက်သွေ့နေတဲ့ တဘက်ပေါ်မှာ ရေညှစ်ထားတဲ့အဝတ်ကို တင်ပြီးရင် မုန့်တွေလိပ်သလိုမျိုး ရေစိုဝတ်ကို အထဲမှာထည့်ပြီး လိပ်လိုက်ရပါမယ်။

 

လိပ်ပြီးသွားတာနဲ့ တင်းကြပ်နေအောင် လိမ်ညှစ်လိုက်ရပါမယ်။ တင်းနိုင်သမျှတင်းအောင် လိမ်ညှစ်လိုက်ရမှဖြစ်ပါတယ်။ ဒီလိုဆိုရင် အဝတ်စိုမှာကပ်နေတဲ့ရေတွေ အကုန်လုံး ကုန်သွားလိမ့်မယ်။ တဘက်က ရေတွေကို စုပ်ယူလိုက်မှာဖြစ်လို့ အဝတ်ခြောက်ဖို့ ပိုမြန်သွားတယ်။

 

စိုထိုင်းထိုင်းလေးပဲ ဖြစ်နေတော့တဲ့အဝတ်ကို ဒီအတိုင်းပဲ ဖြန့်လှန်းထားလိုက်ရုံပေါ့။ ပုံမှန်ထက်စာရင်တော့ ခြောက်ဖို့အချိန်က ပိုမြန်သွားတယ်။ အဝတ်အများကြီးဆိုရင်တော့ လုပ်ရတာ လက်ဝင်လိမ့်မယ်။ ဒါပေမဲ့ အရေးတကြီး အမြန်ခြောက်ဖို့လိုအပ်တဲ့ အဝတ်ဆိုရင်တော့ ဒီနည်းကို စမ်းလုပ်ကြည့်ပါ။ တကယ်အဆင်ပြေတယ်။

Share

Loading Next Article...
က္က