တစ်သားမွေး၊ တစ်သွေးလှဆိုတဲ့ စကားတောင်ရှိပါသေးတယ်။ ကလေးမွေးပြီးပေမယ့် အပျိုရှုံးတဲ့ခန္ဓာကိုယ်ဖြစ်အောင် ပြန် train ပေးလို့ရပါသေးတယ်။ (မှတ်ချက်။  ။ လုစ်ကို ကြည့်ပါ :P)


ကလေးလေးတွေကို ကိုယ်ဝန်ဆောင်နေရချိန်မှာ ကလေးအရမ်းထွားရင်မွေးရခက်လို့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကိုယ်အလေးချိန်ကို အရမ်းဂရုစိုက်ရပါတယ်။ နောက်ပြီး ကလေးမွေးပြီးသွားရင် မိခင်တွေအနေနဲ့ ကလေးမမွေးခင်က ခန္ဓာကိုယ်မျိုး ဖြစ်နိုင်ရင်ပြန်လိုချင်ကြတာပါပဲ။

တစ်သားမွေး၊ တစ်သွေးလှဆိုတဲ့ စကားတောင်ရှိပါသေးတယ်။ ကလေးမွေးပြီးပေမယ့် အပျိုရှုံးတဲ့ခန္ဓာကိုယ်ဖြစ်အောင် ပြန် train ပေးလို့ရပါသေးတယ်။ (မှတ်ချက်။  ။ လုစ်ကို ကြည့်ပါ :P) ဒါပေမယ့် ကလေးလေးငယ်တုံးမှာ ဘယ်အမေမှ ကလေးကိုပစ်ပြီး Gym သွားဆော့နိုင်မှာမဟုတ်ပါဘူး။ ဒါဆိုရင်တော့ မပူပါနဲ့။ အိမ်မှာပဲ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေ၊ နည်းလမ်းလေးတွေ ရှိပါသေးတယ်။။

၁။ ကလေးကို မိခင်နို့တိုက်ကျွေးပါ

mom-breastfeeding-baby.jpg

ကလေးကို မိခင်နို့တိုက်ကျွေးခြင်းသည်သာအကောင်းဆုံးဆိုတဲ့ စကားကိုလည်း ကြားဖူးကြမှာပါ။ တကယ်လည်းအဲဒီအတိုင်းပါပဲ။ နို့တိုက်ခြင်းဟာ မိခင်ကိုကော ကလေးကိုပါ ဘာအန္တရာယ်မှမဖြစ်စေဘဲ မိခင်ရဲ့ခန္ဓာကိုယ်မှာကယ်လိုရီတွေလောင်ကျွမ်းစေဖို့အတွက် အကောင်းဆုံးဝိတ်ချနည်းတစ်မျိုးပါပဲ။ နို့တိုက်ခြင်းက မိခင်တွေကို တစ်နေ့ကို ကယ်လိုရီ (၃၀၀) ကနေ (၅၀၀) ကြား လောင်ကျွမ်းစေတယ်လို့ အဆိုရှိပါတယ်။ ဒါပေမယ့် ကလေးကိုနို့တိုက်နိုင်အောင် မိခင်လည်း အာဟာရပြည့်ဝအောင် စားဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကယ်လိုရီကိုသေချာတွက်ချက်ပြီး စားသုံးသင့်ပါတယ်။

၂။ ရေများများသောက်ပါ

ရေများများသောက်ခြင်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ရုံသာမက ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။ ဒါကြောင့် ကဖင်းပါတဲ့ကော်ဖီတွေ၊ အားဖြည့်အချိုရည်တွေအစား ရေတို့၊ ရေဓာတ်ကြွယ်ဝတဲ့အသီးအနှံတို့ကို စားသုံးပေးသင့်ပါတယ်။ တစ်နေ့ကိုအနည်းဆုံး ရေ (၆) ခွက်ကနေ (၁၀) ခွက်အတွင်းသောက်သုံးပေးသင့်ပါတယ်။

၃။ အစာကိုနည်းနည်းနဲ့ အကြိမ်ရေများများစားပါ

တစ်နေ့ ထမင်း (၃) ကြိမ်စားပါဆိုတဲ့ နေ့စဉ်ပုံမှန်အချိန်ဇယားကို ခဏမေ့လိုက်ပါ။ အဲဒီအစား (၂) နာရီခြားတစ်ခါ၊ (၃) နာရီခြားတစ်ခါ တစ်ခါစားရင် နည်းနည်း နည်းနည်းစားပေးတဲ့အကျင့် လုပ်ယူသင့်ပါတယ်။ နောက်ပြီး မိမိစားမယ့်အစားအစာတွေကို ဗိုက်တာမင်နဲ့သတ္ထုဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်နေပါစေ။

၄။ အချိုလျှော့စားပါ

no-sugar-diet-plan.jpg 

ဒီတစ်ခုုကတော့ နည်းနည်းခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အချိုစားတာများရင် မျက်စိကြောင်နိုင်ပြီး ကလေးမွေးထားလို့ ဟော်မုန်းတွေပြောင်းလဲနေချိန်မှာ အိပ်ရေးပျက်ခြင်းက လူကိုဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် အချိုများတဲ့ကိတ်မုန့်တွေ၊ ကွတ်ကီးတွေ၊ ရေခဲမုန့်တွေကို ခဏမေ့လိုက်ပါ။ အစပိုင်းမှာတော့ ခက်ခဲနိုင်ပေမယ့် ထိုက်သင့်တဲ့အကျိုးတွေကို ပြန်လည်ခံစားလာရမှာပါ။ ခင်ဗျားရဲ့ခန္ဓာကိုယ်ကလည်း ခင်ဗျားကို ကျေးဇူးတင်မှာပါ။

၅။ လှုပ်ရှားမှုများများလုပ်ပါ

ကလေးမွေးပြီးပြီးချင်းတော့ မနက်စောစောထ၊ အပြေးဖိနပ်ကိုစီး၊ ကလေးကိုကျောပိုးပြီး ထပြေးလို့မရပါဘူး။ ဒါကြောင့်အိမ်ထဲမှာ သန့်ရှင်းရေးလုပ်တာတို့၊ ကလေးလေးကိုသိပ်ပေးရင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပေးတာတို့ လုပ်ပေးပါ။ ခန္ဓာကိုယ်များများလှုပ်ရှားခြင်းက ကယ်လိုရီတွေကိုလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျဆင်းစေတာကိုတော့ သိပြီးသားဖြစ်မှာပါ။

အိမ်ထောင်သည်ဖြစ်ပြီ... ကလေးအမေဖြစ်ပြီဆိုတိုင်း အလှအပမထိန်းသိမ်းဘဲ မနေသင့်ပါဘူး။ တစ်သားမွေး၊ တစ်သွေးလှ ဆိုတဲ့အတိုင်း သွေးသားလေးတွေစိုပြေလှပပြီး "တို့ချစ်တဲ့ကမ္ဘာ... တို့ချစ်တဲ့ ကလေးအမေ" ဖြစ်ရလေအောင် ကိုယ်အလေးချိန် ထိန်းသိမ်းကြပါစို့။

Source: Lifeasmama

Share

Loading Next Article...
က္က