"ရွှေဘိုမင်းကြိုက် ပေါင်တံရှည်" ဆိုတဲ့စကားအတိုင်း မိန်းမသားတို့ရဲ့အလှတရားထဲမှာ အမာရွတ်ကင်းစင်ပြီး သွယ်လျလှပတဲ့ခြေတံရှည်လေးတွေလည်း ပါ ပါတယ်။
 

"ရွှေဘိုမင်းကြိုက် ပေါင်တံရှည်" ဆိုတဲ့စကားအတိုင်း မိန်းမသားတို့ရဲ့အလှတရားထဲမှာ အမာရွတ်ကင်းစင်ပြီး သွယ်လျလှပတဲ့ခြေတံရှည်လေးတွေလည်း ပါ ပါတယ်။ ငယ်ငယ်က ဆိုင်ကယ်အိတ်ဇော လောင်တာတို့၊ ခွေးကိုက်ခံရတာတို့၊ ချော်လဲတာတို့ကြောင့်ဖြစ်တဲ့ အမာရွတ်တွေဟာ ကြီးလာတဲ့အထိပါလာရင် ဘောင်းတီတိုလှလှလေးတွေ၊ ဂါဝန်တိုလှလှလေးတွေ ဝတ်ချင်တဲ့အခါ အလှဖျက်နေတတ်ပါတယ်။

ဒီအတွက်တော့ ဘာမှမပူပါနဲ့။ ပျိုမေတို့ရဲ့လှပတဲ့ခြေတံရှည်လေးတွေကို ဝင့်ဝင့်ကြွားကြွားဖော်ပြပေးနိုင်ဖို့အတွက် အမာရွတ်ပျောက်အောင်လုပ်နည်းလေးတွေ ရှိပါတယ်။ အချိန်တစ်ခုပေးပြီး လုပ်ပေးလိုက်ရုံနဲ့ သိသာထင်ရှားတဲ့ပြောင်းလဲမှုကို မြင်တွေ့ရမှာပါ။

၁။ သံပုရာသီး

o-LEMONS-facebook.jpg 

သံပုရာသီးဆိုတာ သဘာဝအလျောက် citric အက်ဆစ်ကြွယ်ဝပြီး အရေပြားဆဲလ်သေတွေကို ကူညီဖယ်ရှားပေးနိုင်ပါတယ်။ နောက်ပြီး တင်းရင်းချောမွေ့နေတဲ့ အသားအရေလေး ပြန်လည်ရရှိလာအောင် ဆဲလ်သစ်တွေပြန်လည်ဖြစ်ပေါ်လာစေဖို့ကိုလည်း ထောက်ပံ့အားပေးပါတယ်။ ဒါကြောင့် သံပုရာသီးဆိုတာ အရေပြားပေါ်ကအမာရွတ်တွေကို ဖယ်ရှားဖို့အတွက် သဘာဝချွတ်ဆေးတစ်မျိုးပါပဲ။

ပြုလုပ်နည်းကတော့ သံပုရာရည် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းစာခန့်ကို ခွက်တစ်ခွက်ထဲထည့်ပြီး ဂွမ်းစလေးတစ်ဖတ်နဲ့ တို့လိုက်ပါ။ ပြီးရင် အဲဒီသံပုရာရည်နဲ့ ခြေသလုံး၊ ဒူးပေါ်က အမာရွတ်တွေကို လိမ်ပေးလိုက်ပါ။ အဲဒီအတိုင်း (၁၀) မိနစ်လောက်ထားပြီးမှ ရေနွေးနွေးလေးနဲ့ ပြန်ဆေးချပေးလိုက်ပါ။

၂။ ပျားရည်

o-HONEY-facebook.jpg 

ပျားရည်ဆိုတာ သဘာဝ moisturizer (အစိုဓာတ်ထိန်းညှိဆေး) တစ်မျိုးဖြစ်ပြီး အမာရွတ်တွေကိုကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။ အရေပြားပေါ်ကအမာရွတ်တွေကို ပျားရည်နဲ့ကုသပေးဖို့က အာနိသင်အလွန်ထိရောက်ပါတယ်။

ပြုလုပ်နည်းကတော့ ပျားရည် လက်ဖက်ရည်ဇွန်းနဲ့ (၂)ဇွန်းစာကို မုန့်ဖုတ်ဆိုဒါ (၂) ဇွန်းစာနဲ့ရောပါ။ ရလာတဲ့အနှစ်ကို အမာရွတ်တွေပေါ်ကိုလိမ်းပေးပြီး (၃) မိနစ်လောက်ကြာအောင် နှိပ်နယ်ပေးပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။ ဒီနေရာမှာ မုန့်ဖုတ်ဆိုဒါမရှိရင် သံပုရာရည်ကိုအစားထိုးသုံးစွဲနိုင်ပါတယ်။ အကျိုးသက်ရောက်မှုကတော့ တူတူပါပဲ။ တစ်ခုရှိတာက ပုံမှန်လေးမပျက်မကွက် လိမ်းပေးဖို့တော့ လိုပါတယ်။ ဒါမှသာ အရေပြားမြန်မြန်လဲပြီး အမာရွတ်တွေပျောက်သွားနိုင်မှာပါ။

၃။ ရှားစောင်းလက်ပတ်

aloe-vera.jpg 

ရှားစောင်းလက်ပတ်မှာတော့ အရေပြားရောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ဂုဏ်သတ္တိတွေပါဝင်နေပြီး အဲဒီဂုဏ်သတ္တိတွေက အရေပြားယားယံမှုတွေကိုလျှော့ချပေးပါတယ်။ နောက်ပြီး အရေပြားဆဲလ်သေတွေနဲ့ အနာဟောင်းတွေကိုဖယ်ရှားပေးပါတယ်။ ရှားစောင်းလက်ပတ်တွေကို အနာပေါ်မှာလိမ်းပေးမယ်ဆိုရင်လည်း ရောင်ရမ်းခြင်းကိုလျှော့ချပေးပြီး ဒဏ်ရာရဆဲလ်တွေကို ကုသပေးဖို့နဲ့ ဆဲလ်အသစ်တွေပြန်လည်ထုတ်လုပ်ဖို့ကို ကူညီလုပ်ဆောင်ပေးပါတယ်။

ရှားစောင်းလက်ပတ်ကို ကိုယ်တိုင်စိုက်ပျိုးနိုင်သလို စတိုးဆိုင်တွေမှာလည်း အလွယ်တကူဝယ်ယူနိုင်ပါတယ်။ ခြေထောက်လေးနူးညံ့ပျော့ပြောင်းနေစေဖို့အတွက် ပုံမှန်လေးသာလိမ်းပေးပါ။

၄။ Essential Oil

essential-oil-drops.jpg 

Essential Oil တွေကတော့ အမာရွတ်တွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ သံလွင်ဆီနဲ့ အုန်းဆီပါပဲ။ သံလွင်ဆီထဲမှာမှ Extra virgin Olive Oil ဟာဆိုရင် သာမန် သံလွင်ဆီတွေထက် အက်ဆစ်ပါဝင်မှုပိုမိုများပြားပြီး ဗိုက်တာမင်အီးနဲ့ကေလည်း ပိုမိုပါဝင်ပါတယ်။ ဒါကြောင့် ဆဲလ်အသစ်တွေပြန်လည်ဖြစ်ပေါ်စေဖို့နဲ့ သဘာဝ moisturizer တစ်ခုအဖြစ် တာဝန်ထမ်းဆောင် ပေးပါတယ်။ သံလွင်ဆီနဲ့အုန်းဆီထဲမှာမှ လာဗင်ဒါဆီလေးနည်းနည်းပါ ထည့်ပေးရင် အရေပြားပေါ်ကအမာရွတ်ကုသခြင်းကို ပိုမိုမြန်ဆန်စေပါတယ်။

Source: Theindianspot

Share

Loading Next Article...
က္က