အသုံးပြုနည်းလေးတွေကိုလည်း ပြောပြမယ်လေ။

အယ်လ်မွန် (almond) ဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အခွံမာအစေ့အဆံတစ်မျိုးဖြစ်ပါတယ်။ ဆိမ့်သက်သက်အရသာလည်းရှိတာမို့ စားလို့လည်းကောင်းပါတယ်။ အယ်လ်မွန်ဆီ (almond oil)ဟာ ဆိုရင်လည်း အလှအပအတွက်ပါ အသုံးချလို့ ရနိုင်ပါသေးတယ်။

အဓိက အသုံးပြုကြတာကတော့ ဆံပင်အတွက်ပါ။ အယ်မွန်ဆီဟာ ဆံပင်သန်စေတယ်လို့ သုံးဖူးသူတိုင်းက ဆိုပါတယ်။ ဆံပင်သားကျိုးကြေတာတွေ၊ ဆံပင်ပျက်စီးတာတွေအတွက် အယ်လ်မွန်ဆီကို သုံးနိုင်ပါတယ်။ အသုံးပြုနည်းလေးတွေကိုလည်း ပြောပြမယ်လေ။

 

၁။ အယ်လ်မွန်ဆီကို အပူပေးပြီးရင် ဦးရေပြားကိုလိမ်းကာ ၁၀ မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးရင် နာရီဝက်လောက်ထားပြီးမှ ရေနွေးလေးနဲ့ဆေးလိုက်ရင် ဆံပင်ရှည်မြန်တယ်။

 

၂။ ဒိန်ချိန် - လက်ဖက်စားဇွန်း ၂ ဇွန်း၊ ပျားရည် - လက်ဖက်စားဇွန်း ၁ ဇွန်းနဲ့ အယ်လ်မွန်ဆီ - လက်ဖက်စားဇွန်း ၂ ဇွန်းတို့ကို ရောစပ်ပါ။ ရလာတဲ့အနှစ်ကို ဦးရေပြားနဲ့ဆံပင်တွေကိုလိမ်းပြီး မိနစ် ၄၀ လောက် ထားလိုက်။ ပြီးတော့မှ ရေနွေးလေးနဲ့ဆေးချလိုက်မယ်ဆိုရင်တော့ ဆံပင်တွေတောက်ပြောင်သန်စွမ်းလာပါလိမ့်မယ်။

 

၃။ သံပရာသီး/သံပရိုသီးက ဗောက်ပျောက်စေတယ်လို့ နာမည်ကြီးတယ်မို့လား။ အယ်လ်မွန်ဆီလေးနဲ့လည်း ရောပြီးသုံးကြည့်ပါဦး။ အယ်လ်မွန်ဆီ လက်ဖက်စားဇွန်း ၂ ဇွန်းနဲ့ သံပရာသီး ၂ လုံးစာ အရည်တို့ကို ရောစပ်ပြီး ဦးရေပြားနဲ့ဆံပင်ကို သုတ်လိမ်းထားပါ။ မိနစ် ၂၀ ထားပြီးမှ ခေါင်းလျှော်မယ်ဆို ဗောက်တွေလည်းမရှိတော့ဘူး။ ဦးရေပြားအဆီပြန်တာလည်း ပျောက်သွားလိမ့်မယ်။

Source : Be Beauty

Share

Loading Next Article...
က္က