လူကြားထဲမှာ နှာခေါင်းရှုံ့အကြည့်ခံရတာ စိတ်ဆင်းရဲစရာ....

လူတစ်ကိုယ်လုံး သန့်ရှင်းအောင်နေတယ်။ သပ်သပ်ရပ်ရပ် ဝတ်စားထားတယ်။ ခြေထောက်ကထွက်နေတဲ့ အနံ့ဆိုးကြောင့် ဂွမ်းသွားရတော့တာပဲ။ မိုးရာသီလို စိုစွတ်တဲ့နေ့တွေဆိုရင် ခြေထောက်အနံ့ဆိုးကြီးက ဘေးလူတွေ သတိထားမိလောက်အောင်ကိုထွက်နေတတ်တယ်လေ။ အပြင်ထွက်တိုင်း ခြေထောက်က အနံ့ထွက်နေတာ မဖြစ်ချင်ရင် အိမ်မှာတည်းက ဒါတွေလုပ်သွားလိုက်ပါ။

၁။ ပေါင်ဒါမှုန့်

ခြေထောက်တစ်ခုလုံး ထည့်ထားရမယ့် ဖိနပ်မျိုးဆိုရင်တော့ ပေါင်ဒါမှုန့်ဖြူးတဲ့နည်းကိုသုံးပါ။ ခြေထောက်ကို ပေါင်ဒါမှုန့်လေးဖြူးပြီးမှ ဖိနပ်စီးမယ်ဆို အနံ့မထွက်တော့ဘူး။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> အအေးမိတုပ်ကွေး မဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်မယ့်နည်းအချို့

၂။ ရေနွေး

ရေနွေးထဲကို ဆားနဲ့ အမွှေးဆီဆီထည့်ပြီး စိမ်ပေးတဲ့နည်းကလည်း တကယ်အသုံးဝင်ပါတယ်။ အနံ့ထွက်တာတွေ သိသိသာသာ လျော့သွားပြီး ခြေထောက်လေးသန့်စင် နူးညံ့လာပါလိမ့်မယ်။ ရေနွေးနဲ့ဆားကြောင့် အနံ့ထွက်စေမယ့် ဘက်တီးရီးယားတွေလည်း သေကုန်လိမ့်မယ်။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ခေါင်းကိုက်ခြင်းကို သက်သာစေမယ့် ဆေးမြီးတို (၇) မျိုး

၃။ ဗီနီဂါ

ဗီနီဂါကလည်း အနံ့ဆိုးတွေပျောက်အောင် ကူညီနိုင်သေးတယ်။ ဗီနီဂါ - လက်ဖက်စားဇွန်း ၃ ဇွန်းစာနဲ့ လက်ဖက်စိမ်းဆီ (tea tree oil) ၄ စက်ကို ရောပြီး ခြေဖဝါးတစ်ခုလုံးကို နှံ့သွားအောင်ပွတ်သပ်ပေးပါ။ ခြေချောင်းလေးတွေကြားကိုပါ ပွတ်ပေးပါ။ ၃ နာရီလောက် ထားလိုက်ပါဦး။ ပြီးတော့မှ ရေနဲ့ပြန်ဆေးလိုက်ရင်လည်း ရပါတယ်။

 

ခြေထောက် အနံ့ထွက်တာက စိုစွတ်နေရင်လည်း အနံ့ပိုထွက်တယ်။ ဖြစ်နိုင်သမျှ ခြောက်သွေ့အောင်ထားပါ။ ခြေချောင်းလေးတွေအတွက် လေဝင်လေထွက်ကောင်းစေမယ့် ဖိနပ်ကို ရွေးသင့်တယ်။ သန့်ရှင်းအောင် ဆေးကြောပြီးရင် ရေခြောက်အောင်သုတ်။ နောက်တော့မှ အစိုဓာတ်ဖြည့်ခရင်မ်လေး လူးပေးထားမယ်ဆိုရင် ခြေထောက်အနံ့ကြောင့် လူတွေ နှာခေါင်းရှုံ့ရတာမျိုး မကြုံနိုင်တော့ပါဘူး။

Source : Be Beauty

Share

Loading Next Article...
က္က