ကျန်းမာရေးနဲ့မညီတဲ့အစားအသောက် အနေအထိုင်တွေကလည်း ဆံပင်ဖြူတာစောစေတယ်။

အသက်ကြီးလာတဲ့အခါ အရာရာက အိုမင်းလာကြတယ်။ နုပျိုစဉ်ကလို လှပမှုတွေလည်း တဖြည်းဖြည်း လျော့နည်းလာပါတယ်။ ဒီအထဲမှာ ဆံပင်တွေလည်း အပါအဝင်ပါ။ အသက်အရွယ်ကြောင့် ဆံပင်ပြောင်းလဲမှုတွေမှာတော့ အခုပြောပြမှာတွေကို မလွဲမသွေ လူတိုင်းကြုံရမှာဖြစ်ပါတယ်။

၁။ အဖြူ

it-goes-gray-1496979493.jpg 

အသက်ကြီးလာတဲ့အခါ ဆံပင်တွေက အနက်ရောင်ကနေ အဖြူရောင် (ငွေရောင်) အဖြစ် ပြောင်းလဲသွားပါတယ်။ တချို့ကတော့ စောစောစီးစီး ဆံပင်ဖြူကြတာ မျိုးရိုးကြောင့်ပါ။ စိတ်ဖိစီးမှု၊ ကျန်းမာရေးနဲ့မညီတဲ့အစားအသောက် အနေအထိုင်တွေကလည်း ဆံပင်ဖြူတာစောစေတယ်။

၂။ ဆံပင်ပါးလာတယ်

it-breaks-easier-1496979493.jpg 

ဆံပင်ရဲ့သိပ်သည်းဆလျော့နည်းလာတာကြောင့် ဆံပင်ပါးလာပါတယ်။ ဆံပင်ကြီးထွားမှုကလည်း နှေးသွားတယ်။ အသက် ၄၀ ဝန်းကျင်မှာ အမျိုးသမီးတွေရဲ့ဆံပင်တစ်ချောင်းချင်းစီက သေးငယ်သွားတာတွေ့ရတယ်။ ဒါကြောင့်မို့လို့ ဆံပင်ပါးသွားသလို ခံစားရတာ။

၃။ ကျိုးကြေလွယ်

its-texture-changes-1496979493.jpg 

ဆံပင်ဖြူလာတယ်ဆိုတာ ဆံပင်က အရောင်လုံးဝမရှိတော့သလို ပရိုတိန်းဓာတ်လည်း ဆံပင်တွေဆီ မရောက်တော့လို့ဖြစ်ပါတယ်။ ပရိုတိန်းမရောက်တော့တဲ့အခါ ဆံပင်တွေက ကျိုးကြေလွယ်လာပါတယ်။

၄။ ခြောက်သွေ့မှု

it-gets-thinner-1496979493.jpg 

ဆံသားခြောက်သွေ့မှုကိုလည်း မလွဲမသွေ ရင်ဆိုင်ရပါလိမ့်ဦးမယ်။ ဆံပင်ပါးသွားခြင်းရဲ့ နောက်ဆက်တွဲရလဒ်ပေါ့။ ငယ်ရွယ်တုန်းမှာ ဆံပင်ကို ကောက်လိုက်၊ ဖြောင့်လိုက်နဲ့ မျိုးစုံ အပူပေးခဲ့တာတွေကြောင့်လည်း ဆံပင်ကယိုယွင်းပျက်စီးလာရတာဖြစ်ပါတယ်။ ဆံပင်အရောင်ကလည်း မွဲခြောက်ခြောက် ဖြစ်လာပါတယ်။

Source : List

Share

Loading Next Article...
က္က