အေးမြစိုစွတ်တဲ့ ရာသီဥတုတွေအတွက် အလိုက်ဖက်ဆုံးဖက်ရှင်လည်းဖြစ်တယ်။

အဝတ်အစားဆိုတာ နေရာ၊ အချိန်အခါကို လိုက်ပြီး ဝတ်တယ်မယ်ဆိုရင်တော့ ဆရာမကြီးပဲ။ ဈေးဘယ်လောက်ကြီးတာဝတ်ဝတ် အချိန်အခါနဲ့မလိုက်ဘူးဆိုရင် ဂွမ်းပြီနော်။ မိုးရာသီမှာ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်ချင်တဲ့ sis တို့အတွက် Duwun ရဲ့ မိုးရာသီဖက်ရှင်အကြံဉာဏ်လေးတွေက အသုံးတည့်မယ်လို့ ထင်ပါတယ်။



၁။ အပေါ်ထပ်

o_1afa55j401fub5udbjjgv91gg2p.jpg 

ရာသီဥတုက အေးတယ်မို့လား။ အပေါ်ကနေထပ်ဝတ်ရမယ့် ဖက်ရှင်ပစ္စည်းလေးတွေကို ဆောင်ထားပါနော်။ ဥပမာ- အနွေးထည်လက်ရှည်၊ ပုဝါတို့ပေါ့။

၂။ ခေါင်းစွပ် (Hoodie)

girl-wearing-hoodie.jpg 

Hoodie လေးတွေက လူငယ်ဆန်ဆန်အသွင်လေး ဖြစ်သွားစေတယ်။ မိုးရာသီအတွက်လည်း အလိုက်ဖက်ဆုံးပဲ။ သူ့ကိုတော့ တောက်ပတဲ့အရောင်လေး ရွေးသင့်ပါတယ်။

၃။ ဂျင်း

StartupCamp2-700x400.jpg 

ဂျင်းထည်တွေဝတ်ပြီး မိုးရေထဲမှာ ယုံကြည်မှုရှိရှိ စတိုင်လ်မိမိ လျှောက်လှမ်းနိုင်မယ်နော်။ ဂျင်းပြာက အကောင်းဆုံးရွေးချယ်မှုပါ။ ဘာကြောင့်လဲဆိုတော့ ဂျင်းပြာက ရေစိုလေ ပိုလှလေလေပဲ။ ဂျင်းဂျက်ကတ်၊ ဂျင်းဘောင်းဘီရှည်တို့ကို ရွေးချယ်သင့်တယ်။ ဂျင်းနဲ့လိုက်တာကတော့ ကျောပိုးအိတ်လေးတွေပါပဲ။ ဖြည့်စွက်ရမယ့် ဖက်ရှင်တစ်ခုပေါ့လေ။

၄။ သိုးမွေးထည်

Fashionable-knitted-clothes-for-womens-fall-winter-2016-2017.jpg 

သိုးမွေးထည်တွေကတော့ ဝတ်ရတာ ပေါ့ပါးသလောက် လူကိုလည်း အနွေးဓာတ်ရစေတယ်။ အေးမြစိုစွတ်တဲ့ ရာသီဥတုတွေအတွက် အလိုက်ဖက်ဆုံးဖက်ရှင်လည်းဖြစ်တယ်။ သိုးမွေးထည်ဝတ်တဲ့အခါ ပွပွကြီးတွေသာဝတ်လိုက်။ အောက်မှာတော့ အသားကပ် ဘောင်းဘီအကျပ်နဲ့တွဲရမှာဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ဒီဇိုင်းလေး ဖြစ်သွားမှာ။

၅။ ဂျက်ကတ်

11282865665_0f243e2573_o.jpg 

ဂျက်ကတ်တွေက ဒီဇိုင်းစုံထွက်ပေါ်နေတယ်။ Bomber ဂျက်ကတ်တွေကတော့ ခုနောက်ပိုင်း အတော်ကိုရေပန်းစားတဲ့ဒီဇိုင်းပါ။ သားရေဂျက်ကတ်တွေလည်း ဝတ်ကြတယ်။ မိုးရာသီနဲ့လိုက်တဲ့ဖက်ရှင်ဆိုတော့ ဂျက်ကတ်တွေကို အမျိုးမျိုပြောင်းဝတ်ကြည့်နိုင်ပါတယ်။

Source : Scout


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က