ပျော့ညောင်းနူးညံ့ပြီး ပန်းနုရောင်သမ်းတဲ့နှုတ်ခမ်းလေးတွေကို မပိုင်ဆိုင်လိုသူ ဘယ်သူရှိမလဲကွယ်။
 

ပျော့ညောင်းနူးညံ့ပြီး ပန်းနုရောင်သမ်းတဲ့နှုတ်ခမ်းလေးတွေကို မပိုင်ဆိုင်လိုသူ ဘယ်သူရှိမလဲကွယ်။ ပန်းနုရောင်နှုတ်ခမ်းပါးလေး တွေက ရုပ်ရည်သွင်ပြင်ကို ထူးခြားလှပစေရုံတစ်ခုတည်းမဟုတ်ပါဘူး။ ပန်းနုရောင်နှုတ်ခမ်းလေးတွေက ကျန်းမာရေးကောင်းမွန် နေကြောင်းကို ဖော်ပြတဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ ညိုမဲခြောက်သွေ့တဲ့နှုတ်ခမ်းတွေဆိုတာ ကျန်းမာရေးကောင်းမွန် နေကြောင်းကို ဖော်ပြနေတာမဟုတ်တာတော့ သေချာပါတယ်။

အဲဒီလိုညိုမဲခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေကို ပြန်လည်နူးညံ့စိုပြေလာစေဖို့ သုံးလို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါသေးတယ်။

၁။ vaseline အလှဆီ

Dont-use-vaseline-on-new-tattoos.jpg

အရင်ဆုံး သန့်ရှင်းပျော့ပြောင်းတဲ့သွားပွတ်တံအမျှင်လေးတွေပါတဲ့ သွားပွတ်တံတစ်ချောင်းကို အရင်ရှာလိုက်ပါ။ ပြီးရင် Vaseline အလှဆီနည်းနည်းယူပြီး နှုတ်ခမ်းပေါ်မှာလိမ်းပေးပါ။ ပြီးရင် သွားပွတ်တံအမျှင်လေးတွေနဲ့ မိနစ်အနည်းငယ် ကြာအောင် ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ vaseline အလှဆီတွေပြောင်အောင် တစ်ရှူးနဲ့သုတ်ပေးလိုက်ပါ။ နှုတ်ခမ်းအစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းဖို့အတွက် lip balm (နှုတ်ခမ်းဆိုးဆေးဆီ) ဘူးလေးနဲ့ နည်းနည်းပွတ်ပေးလိုက်ပါ။ အိပ်ယာမဝင်ခင် ညတိုင်းလုပ်ပေးမယ်ဆိုရင် ထူးခြားတဲ့ရလဒ်တွေကို တွေ့မြင်လာရမှာပါ။

၂။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာ အလှအပရေးရာအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ အများကြီးပါဝင်ပါတယ်။ ဘာနဲ့မှရောမထားတဲ့ ရှားစောင်းလက်ပတ်အနှစ်ကိုယူပြီး အိပ်ယာမဝင်ခင် နှှုတ်ခမ်းပေါ်မှာ သုတ်လိမ်းထားလိုက်ပါ။ တစ်ညသိပ်ထားလိုက်ပြီး မနက်မှ တစ်ရှူးလေးနဲ့ပြန်သုတ်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် နှုတ်ခမ်းအပေါ်လွှာက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ပျော့ပြောင်းနူးညံ့တဲ့ ပန်းနုရောင်နှုတ်ခမ်းလေးတွေကို ပေါ်လွင်လာစေမှာပါ။

၃။ ပျားရည် scrub

vanillaoliveoilscrub.jpg 

ဈေးကွက်ထဲမှာ scrub တွေအများကြီးဝယ်လို့ရပါတယ်။ ဒါပေမယ့် အိမ်မှာပဲအလွယ်တကူလုပ်လို့ရနေမှတော့ ဘာလို့ ပိုက်ဆံဖြုန်းနေဦးမှာလဲ။ သကြားနည်းနည်း၊ ပျားရည်နည်းနည်း၊ သံလွင်ဆီနည်းနည်း ရှိရင် ကိုယ်တိုင်လုပ်လို့ရပြီလေ။ ပျားရည်နဲ့ သံလွင်ဆီကိုအရင်ရောပြီး သကြားကိုအမှုန့်ဖြစ်အောင်ထောင်းထည့်လိုက်ပါ။ ပြီးရင် သမအောင်ရောမွှေပြီး နှုတ်ခမ်းပေါ်မှာ လိမ်းပေးလိုက်ရုံပါပဲ။

၄။ အုန်းဆီ

အုန်းဆီက နှုတ်ခမ်းလေးတွေကို ပျော့ပြောင်းနူးညံ့စေပြီး ပန်းသွေးရောင်စိုစိုလေးသမ်းစေပါတယ်။ တကယ်လို့ခင်ဗျားမှာ ခြောက်သွေ့အက်ကွဲနေတဲ့ နှုတ်ခမ်းတွေရှိနေတယ်ဆိုရင် အိပ်ယာမဝင်ခင် အုန်းဆီလေးနည်းနည်းနဲ့ နှုတ်ခမ်းလေးတွေကို ပွတ်ထားပေးလိုက်ပါ။ မနက်လင်းမှ မျက်နှာသစ်ရင်းပြန်ဆေးကြောပေးလိုက်ပေါ့။

၅။ နနွင်းမှုန့်

နို့ခရင်မ်နည်းနည်းကို နနွင်းမှုန့်နဲ့ရောပြီး ရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ်မှာသုတ်လိမ်းပေးလိုက်ပါ။ ဒါဟာ ညိုမဲနေတဲ့နှုတ်ခမ်းတွေကို သဘာဝအတိုင်း ပြန်လည်နီမြန်းလာစေဖို့အတွက် ရှေးခေတ်ကတည်းက သုံးခဲ့တဲ့ တိုင်းရင်းဆေးတစ်မျိုးပါပဲ။ တစ်ညလောက်သိပ်ထားပြီး မနက်ကျမှပြန်ဆေးပေးရမှာပါ။ ဒီလိုမျိုး တစ်ပတ်မှာ (၂) ကြိမ်လောက်လုပ်ပေးလိုက်ရင် ရပါပြီ။ ပုံမှန်လုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းလေးက ပန်းနုရောင်တောက်ပလာမှာပါ။

၆။ သံပုရာရည်နဲ့ ပျားရည်

honeylemon.jpg 

ညိုမဲနေတဲ့နှုတ်ခမ်းတွေကို ဖယ်ရှားဖို့အတွက် သံပုရာရည်နဲ့ ပျားရည်ကိုရောပြီး ရလာတဲ့အနှစ်ကိုလည်း သုံးနိုင်ပါသေးတယ်။ သံပုရာရည်နဲ့ ပျားရည်အရောကို နှုတ်ခမ်းပေါ်မှာလိမ်းပြီး မိနစ် (၂၀) လောက် (ဒါမှမဟုတ်) တစ်ညသိပ်ထားပေးလိုက်ပါ။ ပြီးရင် မနက်မှပြန်ဆေးပေးလိုက်ပါ။

Source: theindianspot

Share

Loading Next Article...
က္က