ကြက်ဥဆိုတာ ရှေးယခင်ခေတ်ကတည်းက အရေပြားပြဿနာတွေကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးဆေးမြီးတိုတစ်ခုပါပဲ။
 

ကြက်ဥဆိုတာ ရှေးယခင်ခေတ်ကတည်းက အရေပြားပြဿနာတွေကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးဆေးမြီးတိုတစ်ခုပါပဲ။ ကြက်ဥတစ်လုံးမှာ collagen နဲ့ ဗိုက်တာမင်အေ ကြွယ်ဝပြီး (၂) မျိုးစလုံးက အမာရွတ်တွေ၊ ဝက်ခြံတွေ၊ အရေးအကြောင်းတွေ ပျောက်ကင်းဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ကြက်ဥတွေဟာ အရေပြားလေးတင်းရင်းလာစေဖို့၊ ချွေးပေါက်တွေကျဉ်းစေဖို့နဲ့ အဆီပြန်ခြင်းကြောင့်ဖြစ်တဲ့ အဆီဖုတွေကို လျော့နည်းစေဖို့ အကောင်းဆုံးဆေးမြီးတိုတစ်မျိုးဖြစ်ပါတယ်။

အောက်မှာဖော်ပြထားတာကတော့ ကြက်ဥကိုသုံးပြီး မျက်နှာအရေပြားပြဿနာဖြေရှင်းနည်းလေးတွေ ဖြစ်ပါတယ်။

၁။ အရေပြားခြောက်သွေ့မှုတွေအတွက်

Dehydrated.jpg 

အရေပြားခြောက်သွေ့တတ်သူတွေအတွက်တော့ အုတ်ဂျုံမှုန့်နည်းနည်းရယ်၊ ကြက်ဥရယ် ရောသမမွှေထားတဲ့ face mask လေးက အကောင်းဆုံးပါပဲ။ အရင်ဆုံး ကြက်ဥတစ်လုံးကိုယူပြီး ခွဲလိုက်ပါ။ ပြီးတာနဲ့ ကြက်ဥအနှစ်ကိုဖယ်ထုတ်ပြီး ကြက်ဥအကာချည်းပဲ ယူလိုက်ပါ။ ကြက်ဥအကာထည့်ထားတဲ့ပန်းကန်ထဲကို အုတ်ဂျုံမှုန့်နည်းနည်းထည့်လိုက်ပါ။ ပါဝင်ပစ္စည်းတွေကို သမအောင်ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းပေါ်မှာလိမ်းလိုက်ပါ။ ပြီးရင် mask ကိုအခြောက်ခံပြီး ရေအေးနဲ့ပြန်ဆေးချပေးလိုက်ပါ။ ဒါဆိုရင်တော့ နူးညံ့စိုပြေတဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

၂။ အဆီပြန်တဲ့အသားအရေတွေအတွက်

Home-Remedies-To-Get-Rid-Of-Oily-Skin.jpg 

ကြက်ဥအကာတွေဟာ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက်တော့ ကယ်တင်ရှင်ပါပဲ။ ဘာလို့လဲဆိုတော့ ကြက်ဥအကာဟာ မျက်နှာပေါ်က အဆီတွေကိုစစ်ထုတ်သွားနိုင်ပြီး ချွေးပေါက်တွေကိုလည်း ကျဉ်းစေလို့ပါပဲ။

ပြုလုပ်နည်းကတော့ အရင်ဆုံးကြက်ဥတစ်လုံးခွဲပြီး အကာနဲ့ အနှစ်ခွဲထုတ်လိုက်ပါ။ ပြီးရင် ကြက်ဥအကာချည်းပဲကို ဝါဂွမ်းစလေးနဲ့ တို့ပြီး မျက်နှာပြင်တစ်ခုလုံး နှံ့အောင်လိမ်းပေးလိုက်ပါ။ ပြီးရင် (၁၅) မိနစ်လောက် ဒီအတိုင်းထားလိုက်ပါ။ ခြောက်သွေ့သွားပြီ ဆိုတာနဲ့ ကြက်ဥအကာကို ရေနွေးစွတ်ထားတဲ့ မျက်နှာသုတ်ပုဝါသေးသေးလေးနဲ့သုတ်ပြီး ဖယ်ရှားပေးလိုက်ပါ။ အာနိသင် ပိုမိုကောင်းမွန်စေဖို့ ကြက်ဥအကာထဲကို သံပုရာသီးတစ်ခြမ်းလောက် ညှစ်ထည့်ရင်လည်း ရတယ်နော်။

၃။ အမွှေးအမျှင်တွေဖယ်ရှားရန်အတွက်

maxresdefault.jpg 

ထုံးစံအတိုင်း ကြက်ဥအကာအနည်းငယ်ကို ယူထားလိုက်ပါ။ ပြီးရင် ပြောင်းဖူးမှုန့် လက်ဖက်ရည်ဇွန်း (၁)ဇွန်းစာခန့်နဲ့ ရောလိုက်ပါ။ ရလာတဲ့အနှစ်ကို ဘရပ်ရှ်လေးနဲ့တို့ပြီး မလိုချင်တဲ့ အမွှေးအမျှင်တွေရှိနေတဲ့ နေရာတွေကို သုတ်လိမ်းပေးလိုက်ပါ။ (တချို့မိန်းကလေး တွေမှာ နှုတ်ခမ်းမွှေးရေးရေးလေးပေါက်တတ်ပြီး သူတို့က အဲဒီနှုတ်ခမ်းမွှေးရေးရေးလေးတွေကို မုန်းတီးတတ်ကြပါတယ်။) ပြီးရင် အဲဒီလိုအနှစ် လိမ်းထားတဲ့အပေါ်မှာ တစ်ရှူးလေးတစ်ရွက်နဲ့အုပ်လိုက်ပြီး အဲဒီတစ်ရှူးအပေါ်ကမှ အနှစ်နည်းနည်းထပ်တင်လိုက်ပါ။ ခြောက်သွားပြီဆိုတော့မှ ညင်သာစွာခွာပြီး ရေအေးလေးနဲ့ပြန်ဆေးချပေးလိုက်ပါ။

Source: theindianspot

Share

Loading Next Article...
က္က