သမီးငယ်လေးရဲ့နာမည်ကိုတောင် ရှားလော့တ် အဲလစ်ဇဘတ် ဒိုင်ယာနာလို့ အမည်ပေးထားတာ။
 

အင်္ဂလန်နိုင်ငံရဲ့ တော်ဝင်ချွေးမ ကိတ်မစ်ဒယ်လ်တန်ဟာ ဘုရင်မကြီးအဲလစ်ဇဘက်ရဲ့မြေးဖြစ်သူ၊ ဒိုင်ယာနာရဲ့သားကြီး မင်းသားဝီလျံရဲ့ကြင်ယာတော်ဖြစ်ပါတယ်။ ကိတ်ရဲ့အလှဟာ တော်ဝင်ဆန်ဆန်နဲ့ ကျက်သရေရှိတဲ့အသွင်ဖြစ်ပြီး ဖက်ရှင်ပိုင်းမှာလည်း ယဉ်ယဉ်လေးနဲ့လှအောင်ဝတ်တတ်သူပါ။ နောက်တစ်ချက်ထူးခြားတာကတော့ ကိတ်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ယောက္ခမ၊ ဒိုင်ယာနာရဲ့စတိုင်လ်ကိုလည်း အတုယူဝတ်ဆင်တတ်တာ တွေ့ရတယ်။ ကိတ်ရဲ့ဝတ်ပုံစားပုံ၊ ပြင်ဆင်ပုံတွေဟာ ဒိုင်ယာနာနဲ့ တစ်ထေရာတည်းနီးပါးကို တူနေတာ မကြာခဏ တွေ့ရပါတယ်။



 

ကိတ်ရဲ့အကြိုက်ဆုံးအရောင်က အနီရောင်ဖြစ်ပုံရပါတယ်။ အနီရောင်ကို မကြာခဏ ဝတ်ဆင်လေ့ရှိတာကိုတွေ့ရပါတယ်။ သူမက ဒိုင်ယာနာရဲ့အနီရောင်ဖက်ရှင်ကိုလည်း အတုယူဝတ်ဆင်တာ တွေ့ရတယ်။ ဒိုင်ယာနာကလည်း အနီရောင်ကြိုက်သူကိုး။

 

ရတနာတွေဆိုရင်လည်း ဒိုင်ယာနာနဲ့ကိတ်က အကြိုက်ချင်းတူကြပြန်တယ်။ ကိတ်ကိုကြည့်လိုက်ရင် ပုလဲနားဆွဲနဲ့ နီလာစပ်ထားတဲ့လက်ဝတ်ရတနာလေးတွေကို အမြဲဝတ်လေ့ရှိတာတွေ့ရပါတယ်။

 

နောက်တစ်ခုကတော့ ကိတ်ရဲ့ဘယ်လက်သန်းကြွယ်မှာ ဝတ်ဆင်ထားတဲ့ စေ့စပ်လက်စွပ်ပါ။ ဒီလက်စွပ်က ဒိုင်ယာနာရဲ့လက်စွပ်ဖြစ်ပြီး ဝီလျံက ကိတ်ကို မိခင်ရဲ့လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါသတဲ့။

Photos : GQ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က