ဖြောင့်စင်းရှည်လျားပြီး နက်မှောင်သန်စွမ်းတဲ့ ဆံပင်ရှည်ဟာ မိန်းကလေးတိုင်းအတွက် အလှတရားတစ်ခုပါပဲ။
 

ဖြောင့်စင်းရှည်လျားပြီး နက်မှောင်သန်စွမ်းတဲ့ ဆံပင်ရှည်ဟာ မိန်းကလေးတိုင်းအတွက် အလှတရားတစ်ခုပါပဲ။ ဒီလိုဆံကေသာမျိုးကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ လွယ်တော့မလွယ်သလို သိပ်ခက်ခဲလှတဲ့ ကိစ္စတစ်ခုတော့လည်း မဟုတ်ပါဘူး။ သဘာဝသစ်သီးတွေကို ပေါင်းစပ်ပြီး သောက်သုံးပေးရုံနဲ့ ထူးခြားတဲ့ အာနိသင်ကို ရယူနိုင်ပါတယ်။

၁။ သခွားသီး နံနံပင်ဖျော်ရည်

Coriander-avocado-cucumber-spinach-1.jpg 

သခွားသီးဟာ ဆံပင်ပုံမှန်ရှည်လာစေဖို့အတွက် အထောက်အကူပြုပြီး ဆံသားကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။ သခွားသီးမှာ ပါဝင်တဲ့အန်ဇိုင်းတွေဟာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်သလို ဆဲလ်တွေနဲ့ မွေးညင်းပေါက်တွေထဲမှာ ဟီမိုဂလိုဘင် (haemoglobin) လည်ပတ်နှုန်းကိုလည်း မြှင့်တင်ပေးပါတယ်။ နံနံပင်ကတော့ ဆံပင်ပေါက်နှုန်းပိုမိုအားကောင်းလာအောင် အားပြုပေးပြီး ဆံပင်ကျွတ်ခြင်း ကိုလည်း ကာကွယ်ပေးပါတယ်။

သခွားသီး နံနံပင်ဖျော်ရည်ပြုလုပ်ဖို့အတွက် အရွယ်တော် သခွားသီး (၂) လုံးနဲ့ နံနံပင်လက်တစ်ဆုပ်စာပဲလိုအပ်ပါတယ်။ ပြုလုပ်နည်း ကလည်း အလွန်ရိုးစင်းပါတယ်။ သခွားသီးရယ်၊ နံနံပင်ရယ်ကို သစ်သီးဖျော်စက်ထဲပစ်ထည့်ပြီး ရောသမမွှေလိုက်ရုံပါပဲ။ ပြီးရင် မိမိလိုအပ်သလောက်ရေနည်းနည်းရောပြီး သောက်သုံးပေးနိုင်ပါတယ်။

၂။ ပန်းသီးစတော်ဘယ်ရီဖျော်ရည်

Kale-Strawberry-Smoothie.jpg 

ပန်းသီး စတော်ဘယ်ရီဖျော်ရည်လို့ ခေါင်းစဉ်တပ်ထားပေမယ့် မုန်လာဥနီတစ်တောင့်လည်း ပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ မုန်လာဥနီတွေဟာ အာဟာရဓာတ်ပြည့်ဝတဲ့ဖျော်ရည်တစ်မျိုးဖြစ်ပြီး ဆံသားအရောင်ကိုတောက်ပြောင်စေတဲ့ beta-carotene ဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ၎င်းက ဦးရေပြားပေါ်ကမွေးညင်းပေါက်လေးတွေကိုလည်း ပိုမိုကြံ့ခိုင်စေလို့ ဆံပင်ကျွတ်ခြင်းကိုလည်း လျော့ကျစေပါတယ်။

စတော်ဘယ်ရီသီးထဲမှာပါဝင်တဲ့ ဗိုက်တာမင်စီကတော့ ခန္ဓာကိုယ်ထဲက ပရိုတိန်းဓာတ်တွေတိုးပွားလာစေဖို့ အကူအညီပေးပါတယ်။ တစ်လက်စတည်းမှာပဲ ဆံသားဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူပြုပေး ပါတယ်။ ဘာလို့လဲဆိုတော့ ဆံပင်ကိုလည်း ပရိုတိန်းဓာတ်နဲ့ပဲ ဖွဲ့စည်းထားလို့ပါ။ ပန်းသီးကတော့ ဖျော်ရည်ကိုချိုမြတဲ့အရသာထောက်ပံ့ပေးနိုင်ပြီး ပိုမိုကောင်းမွန်စွာ အစာကြေစေနိုင်ဖို့အတွက် ထောက်ပံ့ပေးပါတယ်။

ပြုလုပ်ဖို့အတွက် ပန်းသီးတစ်လုံး၊ မုန်လာဥနီတစ်လုံး၊ စတော်ဘယ်ရီ (၄) လုံးလောက်ပဲ လိုအပ်ပါတယ်။ ထုံးစံအတိုင်း ပါဝင်ပစ္စည်းတွေကို သစ်သီးဖျော်စက်ထဲထည့်၊ ရေနည်းနည်းထည့်ပြီး ရောမွှေလိုက်မယ် ဆိုရင် အရသာရှိတဲ့ ပန်းသီးစတော်ဘယ်ရီ ဖျော်ရည်တစ်ခွက်ကို ရရှိပါပြီ။

၃။ ပန်းသီး မုန်လာဥနီ တရုပ်နံနံဖျော်ရည်

carrot-apple-and-celery-juice-800wm-1-CP.jpg

မုန်လာဥနီတွေဟာ ဗိုက်တာမင်အေ၊ ဗိုက်တာမင်ဘီ၊ ဗိုက်တာမင်စီ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ပန်းသီးတွေကတော့ ဗိုက်တာမင်၊ သတ္ထုဓာတ်ကြွယ်ဝပြီး pectin နဲ့ antioxidant တွေလည်း ကြွယ်ဝတဲ့ ရင်းမြစ်တစ်မျိုးဖြစ်ပါတယ်။ တရုပ်နံနံပင်မှာတော့ Phthalide ဆိုတဲ့ကွန်ပေါင်းတစ်မျိုးပါရှိပြီး သွေးကြောတွေကိုချောမွေ့အောင်ကူညီပေးခြင်းဖြင့် သွေးတိုးကျစေနိုင်ပါတယ်။

အဲဒီ (၃) မျိုးကို ပေါင်းစပ်ထားတဲ့ဖျော်ရည်ကတော့ ဆံသားမွေးညင်းပေါက်လေးတွေကို ကြံ့ခိုင်စေရုံသာမက ဦးရေပြားကျန်းမာရေး ကိုလည်းထိန်းသိမ်းပေးပါတယ်။ နောက်ပြီး အရေပြားကိုလည်း သန့်ရှင်း ကျန်းမာစေပါတယ်။

ဒီဖျော်ရည်ပြုလုပ်ဖို့အတွက် လိုအပ်တာကတော့ မုန်လာဥနီ (၃) လုံး၊ သခွားသီး တစ်ခြမ်း၊ ပန်းသီးတစ်လုံးနဲ့ တရုပ်နံနံပင် (၂) ပင်တို့ပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအားလုံးကို ရေနည်းနည်းရောပြီး သစ်သီးဖျော်စက်ထဲမှာ ရောသမမွှေလိုက်ရင်တော့ ဆံသားကျန်းမာရေးကို အထောက်အကူပြုတဲ့ ဖျော်ရည်လေးတစ်ခွက်ကိုရရှိပါပြီ။ ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အကောင်းဆုံးပါပဲ။

၄။ ကီဝီ မာလကာသီးဖျော်ရည်

kiwi-and-melon-juice-494537.jpg 

ကီဝီသီးဖျော်ရည်ဟာ ဗိုက်တာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ဗိုက်တာမင်အီးကတော့ ဆံသားဖွံ့ဖြိုးရေးကို အထောက်အကူပြုပါတယ်။ ဗိုက်တာမင်အီးကို ပုံမှန်မှီဝဲပေးခြင်းကလည်း ဆံပင်ပိုမိုလျင်မြန်စွာ ရှည်လာစေဖို့အတွက် ကောင်းကောင်းကြီးကူညီပေးနိုင်ပါတယ်။

မာလကာသီးကတော့ antioxidant တွေ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်ဆစ်တို့လို အာဟာရဓာတ်တွေ သိပ်သည်းစွာ ပါဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒီတော့ ဆံပင်သန်စွမ်းရေးကိုလည်း အထောက်အကူပြုတာပေါ့။

ဖျော်ရည်ပြုလုပ်ဖို့အတွက် မာလကာသီး (၂) လုံးနဲ့ ကီဝီသီး (၂) လုံးပဲလိုအပ်ပါတယ်။ ထုံးစံအတိုင်း သစ်သီးဖျော်စက်ထဲမှာ ရေနည်းနည်းနဲ့ရောမွှေလိုက်ရင် ကီဝီ မာလကာသီးဖျော်ရည်ကို ရရှိပါပြီ။

Source: theindianspot

Share

Loading Next Article...
က္က