အရေးအကြောင်းတွန့်တာတွေလည်း ပျောက်သွားမယ့်အပြင် အသားအရေလည်း စိုပြေတင်းရင်းလာတာကို တွေ့ရမှာပါ။

ရုတ်တရက် ကိုယ်အလေးချိန် တက်လာခြင်း၊ လျော့သွားခြင်းကြောင့် အရေပြားမှာ အကြောပြတ်ရာတွေ ဖြစ်လေ့ရှိပါတယ်။ အရေပြားက အချိန်တိုအတွင်း ဆန့်ထွက်လာတာကြောင့် အကြောပြတ်ပြီး အမာရွတ်တွေ ပေါ်လာရပါတယ်။ ကာယလေ့ကျင့်ခန်းနဲ့ အားကစားလုပ်တာတွေကြောင့်လည်း အကြောပြတ်တတ်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အကြောပြတ်ရာတွေကြောင့် လူကို ကြည့်ရဆိုးစေတာတော့အမှန်ပါ။

 

အကြောပြတ်ရာတွေကို ပျောက်ဖို့အတွက် ခရင်မ်တွေ၊ လိမ်းဆေးတွေကို သုံးလို့လည်းရသလို လေဆာနည်းနဲ့ ဖျောက်လို့လည်း ရတာပေါ့။ ဒါတွေမလုပ်ခင်မှာ သဘာဝနည်းလေးနဲ့ပဲ ပျောက်အောင် အရင်လုပ်ကြည့်ပါလား။ ဘာမှမခက်ဘူး။ ရှားဇောင်းလက်ပပ်နဲ့ အုန်းဆီစစ်စစ်ပဲ လိုပါတယ်။

 

ရှားဇောင်းလက်ပပ်အနှစ် (အရည်ညှစ်ရန်မလိုပါ) ၁၁၃ ဂရမ်၊ အုန်းဆီခဲ ၁၁၃ ဂရမ်၊ essential oil (လာဗင်ဒါ သို့မဟုတ် ဗနီလာ) ၃/၄ စက် တို့ပဲ လိုအပ်ပါတယ်။ ခွက်တစ်လုံးထဲမှာ ရှားဇောင်းအနှစ်နဲ့ အုန်းဆီကိုရောပြီးမွှေပါ။ နှစ်မျိုးလုံးသမသွားတဲ့အခါ အနံ့နဲ့အရောင်က ပြောင်းသွားတယ်။ ပြောင်းသွားတဲ့အထိ ၅ မိနစ်ဖြစ်စေ ၇ မိနစ်ဖြစ်စေ မွှေပေးရပါမယ်။ ပြီးတော့မှ essential oil လေးကို ထည့်လိုက်ပါ။

 

ဘူးကိုအဖုံးလုံအောင်ပိတ်သိမ်းထားပြီးရင် ရေချိုးပြီးတိုင်း လိမ်းပေးမယ်ဆို အကြောပြတ်ရာတွေ ပျောက်သွားနိုင်ပါတယ်။ ဒါတင်မကသေးဘူး အရေးအကြောင်းတွန့်တာတွေလည်း ပျောက်သွားမယ့်အပြင် အသားအရေလည်း စိုပြေတင်းရင်းလာတာကို တွေ့ရမှာပါ။

Source : Final You

Share

Loading Next Article...
က္က