လူတစ်ယောက်ထဲကပဲ မိန်းကလေးမော်ဒယ်အဖြစ်ကော၊ ယောကျ်ားလေးမော်ဒယ်အဖြစ်ပါ ရပ်တည်နေတာပါ။
 

ခေါင်းစဉ်ကိုကြည့်ပြီး စိတ်ရှုပ်ထွေးမသွားပါနဲ့ဦး။ လူတစ်ယောက်ထဲကပဲ မိန်းကလေးမော်ဒယ်အဖြစ်ကော၊ ယောကျ်ားလေးမော်ဒယ် အဖြစ်ပါ ရပ်တည်နေတာပါ။ အခုလို လူတစ်ယောက်တည်းကပဲ ယောကျ်ားလေး ဖက်ရှင် brand တွေအတွက်ကော၊ မိန်းကလေးဖက်ရှင် brand တွေအတွက်ပါ သရုပ်ပြမော်ဒယ်လုပ်ပေးနိုင်တာဟာ အလွန်ရှားပါးပါတယ်။ ခင်ဗျားလည်း အဲဒီလိုလူမျိုးကို တစ်ခါမှ ကြားဖူး၊ မြင်ဖူးမယ်မထင်ပါဘူး။ ဒါဆိုရင်တော့ အံ့သြဖွယ်ကောင်းတဲ့ Rain Dove ဆိုတဲ့ မော်ဒယ်မလေးနဲ့ မိတ်ဆက်ပေး ပါရစေ။

ယောကျ်ားလေးလား မိန်းကလေးလား

rain-dove-kimdir.jpg 

အရပ် (၆) ပေ (၂) လက်မရှိပြီး လက်မောင်းကြွက်သားတွေလည်း ဖွံ့ဖြိုးတဲ့ Rain Dove ဟာ သာမန်မိန်းကလေးတွေနဲ့တော့ မတူညီပါဘူး။ သူမဟာ ယောကျ်ားလေးခန္ဓာကိုယ်တည်ဆောက်ပုံကိုကော၊ မိန်ကလေး ခန္ဓာကိုယ်တည်ဆောက်ပုံကိုပါ လက်မခံတဲ့ လိင်ခွဲခြားမှုဆန့်ကျင်ရေးဝါဒီတစ်ဦးဖြစ်ပါတယ်။ အခုအချိန်မှာ အသက် (၂၇) နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ်မလေး Dove ဟာ နိုင်ငံတကာဖက်ရှင်မဂ္ဂဇင်းတွေ၊ ဖက်ရှင်ရှိုးတွေမှာပါဝင်ခဲ့ပြီး ယောကျ်ားလေးလိုကော၊ မိန်းကလေးလိုပါ ဝတ်ဆင်ပြသခဲ့ပါတယ်။

Vermont မြို့က ရပ်ကွက်ငယ်လေးတစ်ခုမှာကြီးပြင်းခဲ့ရတဲ့ Dove ဟာ ငယ်စဉ်ကတော့ သူမဟာတခြားမိန်းကလေးတွေနဲ့ ကွဲပြားနေကြောင်း သတိမပြုမိခဲ့ပါဘူး။ နောက်ပိုင်းမှာ မီးသတ်သမားတစ်ဦးအဖြစ် ဝင်ရောက်အလုပ်လုပ်ကိုင်တော့မှ လူတွေက သူမကို ယောကျ်ားလေးနဲ့မှားတာကိုကြည့်ပြီး သူမရဲ့ကွဲပြားခြားနားတဲ့သွင်ပြင်ကို သတိပြုမိလာခဲ့ပါတယ်။

မော်ဒယ်ဘဝအစ

6-6.jpg 

နောက်ပိုင်းမှာတော့ genetic engineering (မျိုးရိုးဗီဇသိပ္ပံ) ပညာရပ်မှာဘွဲ့ရဖို့ ကြိုးစားနေရင်း Dove ဟာ မော်ဒယ်လောကထဲကို မတော်တဆရောက်ရှိသွားပါတော့တယ်။ သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားပြုလုပ်ထားတာ ရှုံးနိမ့်ခဲ့တဲ့ Dove ဟာ လောင်းကြေးအနေနဲ့ Calvvin Klein ယောကျ်ားလေးအတွင်းခံဘောင်းဘီကြော်ငြာတစ်ခုမှာ ဝင်ရောက်အရွေးခံပါတယ်။

နောက် (၃) လကြာတော့ သူမဟာ သူမရဲ့ပထမဦးဆုံးမော်ဒယ်အလုပ်ကို ရရှိခဲ့ပြီး နယူးရော့ခ်ဖက်ရှင်ဝိခ် မှာ ယောကျ်ားလေး ဖက်ရှင်နဲ့ကော၊ မိန်းကလေးဖက်ရှင်နဲ့ပါ ဝတ်ဆင်ပြီး တက်လျှောက်ခဲ့ပါတယ်။ လူ့အသိုင်းအဝိုင်းရဲ့ လိင်ခွဲခြားမှုတွေကို ဆန့်ကျင်တဲ့ခန္ဓာကိုယ်နဲ့အတူ Dove ဟာ ယောကျ်ားလေးလိုရော၊ မိန်းကလေးလိုပါ ပြောင်မြောက်စွာဝတ်စားဆင်ယင်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ သူမဟာ LGBT (မိန်းမလျာ၊ ယောကျ်ားလျာ၊ လိင်တူစိတ်ဝင်စားသူ၊ လိင်ပြောင်းသူ) တို့ရဲ့အရေးမှာ ပြောရေးဆိုခွင့်ရသူတစ်ဦး ဖြစ်လာပါတယ်။

ပညာပေးလှုံ့ဆော်မှုတွေ

1dbe000398f30c5bd0cf.jpg 

ဒါတင်မကသေးပါဘူး။ Dove ဟာ သူမရဲ့ Instagram အကောင့်မှာလည်း ဝတ်စုံတစ်စုံထဲကိုပဲ ယောကျ်ားလေး version ၊ မိန်းကလေး version (၂) မျိုးဝတ်ဆင်ပြီး ပုံတင်ခဲ့ခြင်းဖြင့် gender neutrality (လိင်ခွဲခြားမှုဆန့်ကျင်ရေး) အတွက် အသိပညာပေးလှုံ့ဆော်မှု တွေကို မြှင့်တင်ခဲ့ပါတယ်။

"ကျွန်မရဲ့ခွန်အားဟာ ကျွန်မဘာဝတ်ထားလဲဆိုတာပေါ် မူတည်မနေပါဘူး" လို့ Dove က ရေးသားခဲ့ပါတယ်။ "ကျွန်မဘာပဲဝတ်ဝတ် ကျွန်မကတော့ ကျွန်မပဲဖြစ်နေဦးမှာပါပဲ။ ဘာလို့လဲဆိုတော့ အဝတ်အစားဆိုတဲ့ ဘာမဟုတ်တဲ့အရာလေးနဲ့ အချည်နှောင်ခံလိုက်မယ် ဆိုရင် ကျွန်မကိုယ်ကျွန်မ စိတ်ပျက်မိမှာပါ" လို့လည်း သူမကဆိုထားပါတယ်။

Source: Independent

Share

Loading Next Article...
က္က